ချစ်နေဆဲပါမောင်
မောင်ရယ်လို့....မ'နှုတ်ဖျားက
တသသခေါ်နေပေမဲ့
မောင်မကြားနိုင်ပါလားနော်
မ'ကိုမြတ်နိုးတယ်
တွယ်တာ'ယုယ'
မြတ်နိုး'ကြင်နာတယ်ဆိုတဲ့
မောင့်နှုတ်ဖျားက
တဖွဖွပြောခဲ့ပြီး
အခုတော့....
ဘီလူးခေါင်းဆောင်းထားတဲ့
မောင့်ရဲ့ချစ်ခြင်းက
ချစ်တတ်ဟန်ဆောင်
မ'နှလုံးသားကို
အနာတရဒဏ်ရာတွေနဲ့
ပြည်နက်စေခဲ့တဲ့မောင့်ကို
မုန်းချင်ပေမဲ့
မုန်းလို့မရခဲ့ပါလားမောင်ရယ်
ခုတော့လေ....
မောင်'စွန့်ပစ်ထားတဲ့
အမှိုက်တစ်မျှင်အဖြစ်နဲ့
ထားခဲ့တယ်ပေါ့
မောင့်ဘဝက
တခြားသူရဲ့ရင်ခွင်မှာ
ပျော်စံရာအသိုက်အမြုံ
တစ်ခုဖြစ်နေတော့
မ'တယောက်
အထီးကျန်ဆန်မှုအောက်မှာ
နာကျင်အောင်ခံစား
မျက်ရည်ကျမှမောင်က
ကျေနပ်သူဆိုတော့လည်း
မ'ဘဝကပေးဆပ်ခြင်း
သက်သက်ဖြင့်
မွေးဖွားလာလေသလား
အကြင်နာတရားကင်းမဲ့တဲ့
မောင့်'နှလုံးသားဒေါင့်တနေရာမှာ
မ'စိုက်ထူခဲ့တဲ့အနမ်းပွင့်တစ်ခုဟာ
အခုတော့
အလွမ်းတစ်ပွင့်ဖြစ်ခဲ့ပေါ့'မောင်ရယ်
အကြောင်းမလှလို့
မ'နှင့်မောင် မပေါင်းရပေမဲ့
နောင်ဘဝများရှိခဲ့ရင်
မောင့်ရဲ့နှလုံးသားဥယျာဉ်အောက်မှာ
မေတ္တာဂဟေဆက်၍
ဆုချွေခဲ့ပါရစေ....
မောင်ရယ်'
သိပ်ချစ်ရသောမောင်'တစ်ယောက်သိပါစေ....
လောင်ကျွမ်းခံနှလုံးသားပိုင်ရှင်မမ