***စောင့်နေလိုက်***
ချစ်သူ.... နင့်ကိုချစ်မိတဲ့ငါ့အဖြစ်က
တော်ဝင်ပန်းကို လှမ်းချူမိသူလိုပါ...
ထိုက်တန်၏မထိုက်တန်၏ငါမတွေးမိခဲ့...
တွေ့စ မြင်စ ကြင်နာစမှာတော့
မိုးမမြင်လေမမြင်နဲ့ပေါ့..တကယ်ပိုင်ဆိုင်မယ့်အရေးတွေးကြည့်မှ
ငါဟာ...မပြည့်စုံသေးပါလားဆိုတာ
သိခဲ့ရတယ်...
နင့်ကိုချစ်တဲ့ငါ့အချစ်က
ကြီးကျယ်ခမ်းနားပေမယ့်
ငါ့ဘဝက လောကအလယ်
မလန်းနိုင်သေးပါဘူးချစ်သူ...
ဒီလိုနဲ့ပဲ မျက်နှာမွဲငါ့အချစ်လည်း နင်စွန့်ပစ်သွားမှာပဲလို့ တွေးကြောက်နေလျက်ပါ...
ဒါပေမယ့်ချစ်သူ နင့်ဘက်ကနစ်နာနိုင်ပေမယ့်
သစ္စာကိုလက်ကိုင်ပြီး စောင့်နေလိုက်ပါ...
တစ်နေ့ ညာလက်ရုံးနဲ့အမေ့ကိုတွဲခေါ် ဘယ်လက်ရုံးနဲ့ ချစ်သူကိုပွေ့ဖက်
လိုတာတွေဆက်သနိုင်တဲ့ လူစားအဖြစ်နဲ့လာခဲ့မှာမို့ နင်စောင့်နေလိုက်ပါချစ်သူ
နင်စောင့်နေလိုက်...
w.z.o