Sunday, May 4, 2014

ချစ်သူဖတ်​ရန် ( yone lay )

ချစ်သူဖတ်​ရန် ( yone lay )

တောကျွမ်းပါတယ်ဆိုတဲ့
မုဆိုးတွေတောင်
တခါတ​လေ....
သားကောင်အောက်မှာ ကျဆုံးတတ်တယ်

ရေပြင်​နဲ့ရင်းနှီးပြီးသား
တံငါတွေတောင်
တခါတ​လေ....
လှိုင်းတပိုးအောက်မှာ ကျဆုံးတတ်တယ်

တိုက်ခိုက်စွမ်းရည်​မြင့်မားတဲ့ စစ်သည်တော်တွေတောင်
တခါတ​လေ.....
ရန်သူအောက်မှာ
ကျဆုံးတတ်တယ်

ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
တခါတ​လေ......
ထိုးသားအောက်မှာ ကျဆုံးတတ်တယ်

မြွေတွေနဲ့ယဉ်ပါးပြီးသား
အလမ္ပာယ်ဆရာတွေတောင်
တခါတ​လေ....
မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်

အချစ်ရေးမှာ
ကျွမ်းကျင်​ပါတယ်ဆိုတဲ့ချစ်သူလည်း
ချွတ်ချော်တိမ်းပါးပြီး တခြားသူတွေရဲ့ စကားတွေနဲ့မကျဆုံးပါနဲ့