Friday, May 16, 2014

တရားရှာ MPTမှာတွေ့ (အယ်​ခဲလူ)

တရားရှာ MPTမှာတွေ့

#အ၀ိုင်းကလေး လည်သလား...လည်ရင်လည်တယ်မှတ်...
#မှန်ပါ့ဘုရား...
အရင်လည်တဲ့အ၀ိုင်းနှင့် အခုလည်နေတဲ့အ၀ိုင်းတူသလား...
#မတူပါဘုရား....
အေး ဒါကို ခွဲခြားသိရမယ် တို့ပရိသတ်တို့ရဲ့... အရင်လည်ခဲ့တာနှင့် အခုလည်နေတာ မတူဘူးနော်.... အရင်လည်ခဲ့တဲ့အ၀ိုင်းက ဖြစ်ပြီးလို့ ပျက်သွားပြီ၊ အခုဟာက နောက်အ၀ိုင်းတစ်ခု အသစ်ဖြစ်နေတာ .... သူကောမပျက်ဘူးလား၊ ပျက်မှာလား...
#ပျက်မှာပါဘုရား ...
ဒီလိုဖြစ်တာ ဘာသဘောဆောင်....
#ဖြစ်ပျက်သဘောပါဘုရား...
ဒီလို အ၀ိုင်းလေး လည်တဲ့အကြောင်း တွေမရှိဘူးလား၊ရှိလား...
#ရှိပါတယ်ဘုရား...
ဘာကြောင့် ဘာဖြစ်...
#အကြောင်းကြောင့်
အကျိုးဖြစ်ပါတယ်ဘုရား...
#ယေဓမ္မာဟေတုပ္ပဘ၀ါယေဓမ္မာ ထိုထိုအကျိုးတရားတို့သည်
#ဟေတုပ္ပဘ၀ါ
အကြောင်းကင်းပြီးမဖြစ်ပါဘူး၊
အကြောင်းကြောင့်သာ ထိုအကျိုးတရားတို့ ဖြစ်တော်မူပါသတဲ့တဲ့... အခုဒီလို အ၀ိုင်းလည်နေတာလည်း လည်စေတဲ့အကြောင်း
တွေရှိလို့ ဒီလိုအ၀ိုင်းလည်နေတဲ့ အကျိုးဖြစ်တာမလား...
#မှန်ပါ့ဘုရား...
#MPT က ဘုရားဟော
နှင့်ကောကိုက်ရဲ့လား..
ကိုက်ညီပါတယ်ဘုရား...
ဒီလို ကိုက်ညီတဲ့ #MPT ကိုအမျှပေးဝေ ကြရအောင်....
#တစ်မိနစ် ၂ကျပ်၊၂ကျပ်၊၂ကျပ် ယူတော်မူကြပါကုန်
်သော်....ကုန်ပြီ၊ကုန်ပြီ

အယ်​ခဲလူ