လမ်းခွဲခြင်း ၀မ်းနည်းခြင်း
(တက္ကသိုလ်မြတ်မင်း)
တွေးလေတိုင်း မျက်ရည်ဝိုင်း ရင်လှိုင်းထက်က ကြင်သူရေ
သူမကြင်နာ ချန်ထားရက်လို့
ရင်မှာလေခံစား..
ပေါက်ကွဲရင်းဗလောင်ဆူတဲ့ နှလုံးသားတခွင်မှာ အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။
တသက်တာ မထိခိုက်ဖူးတဲ့
ဖြူစင်သော မေတ္တာတွေနဲ့
လွတ်လပ်စွာ နေထိုင်ရင်း
ပန်းတစ်ပွင့်ကို နမ်းရှိုက်မိခဲ့တယ်.. အခုတော့....
မျှော်လေတိုင်းဝေး...
တွေးလေတိုင်းဆွေး...
ဒဏ်ရာတွေရင်မှာခစားရင်း ရင်လှိုင်းခတ်သံတွေ
ဒီဇင်ဘာညဆောင်းတစ်ညမှာ ရာသီမဟုတ်တဲ့မျက်ရည်မိုးစက်တွေ ငိုချခဲ့ပြီလေ....။
ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို နမ်းရှိုက်မိတဲ့ အမှားတစ်ခုက
ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့
အဆိပ်ရှိပါလျက်သိသိရက်နဲ့
မပြင်ရတဲ့အနမ်းတစ်ပွင့်က
ခုံမင်တပ်မက်ရင်းခရီးဆက်
မျက်ရည်စက်နဲ့ပူလောင်ရင်း နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။
အဖြေသိတဲ့ပုစ္ဆာက
မျဉ်းပြိုင်နှစ်ခုကြား
စည်းမျဉ်းတွေကာရံရင်း
အမှတ်တစ်...သင်္ခန်းစာတစ်.... ပြီးဆုံးသွားခြင်းအဓိပ္ပာယ်လား...။
စည်းဝိုင်းတွေကာရံထား
မတူညီတဲ့ လမ်းနှစ်ခုကြား
ရွေးချယ်ခြင်းရလာဒ်က
လမ်းခွဲခြင်းတဲ့လား...။
လမ်းခွဲခြင်း ဝမ်းနည်းခြင်း နံရံတွေခြားလို့ကာရံ
တံတိုင်းတွေ စည်းချက်ချ.....
မညီမျှတဲ့ ဘဝပေတံက
မျဉ်းပြိုင်နှစ်ခုကြားသင်္ခန်းစာ အသစ်တစ်ခုအတွက်
လမ်းခွဲခြင်း ရလာဒ်တဲ့လား...။