Tuesday, May 20, 2014

ကြင်​​ဖော်​ N.L.W

ကြင်ဖေါ်

ဆုံခွင့်ကြုံကံကြုံသည့်ခိုက်
ရွှေဖူးစာကြင်ရာတော်ဖို့ရေး
ငိုတခါ ရယ်တလှည့်နဲ့
နင့်လက်ဝါးပြင်ပေါ်
ငါ့မျက်ရည်ပေါက်
ဒေါက်ခနဲ့ကျမှ
နင်ကျေနပ်မှာလား
ချစ်သူရယ်

**နင်ရင်ထဲမှာ
တွေဝေဒွိဟဖြစ်နေရှာတဲ့
စိတ်အစဉ်ကို
မျိုသိပ်မထားပါနဲ့လား
ချစ်သူ'

**တစ်ချိန်က
ငါပြောခဲ့ဖူးတဲ့
စကားတခွန်းကို
နင့်ရင်ထဲက
ထုတ်ပယ်လိုက်ပြီလား
နင့်အတွက်ဆို
သေတပန် သက်တဆုံး
ငါဖေးမသွားမှာပါဆိုတဲ့
စကားက
ငါ့'ရင်ထဲကအကြွင်းမဲ့
ထွက်ပေါ်လာတဲ့စကားပါ
ချစ်သူ

**ပင်မြင့်ပန်းမို့
အလှမ်းခက်မှန်းသိနေပေမဲ့
ကံဇာတ်ဆရာရဲ့
လှည့်ကွက်တွေ
ဘယ်လိုပဲဆင်ဆင်
နင်ကိုငါတိုင်တည်ခဲ့
သစ္စာမဏ္ဍိုင်က
ဘဝတစ်​သက်
ကြင်ဖေါ်အတွက်ပါ
ချစ်သူရယ်

ငွေလဝန်း