၁။ထူးတယ် ရူးတယ် မူးမယ်တဲ့လို့
မြူးဖွယ်အရက် မှတ်လိုရယ်
ကြိတ်ကာမှိတ်ကာ မျိုကာသွင်းတော့
လူနဲ့လူချင်းစချင်တယ်
ဒီပုလင်းမလောက်ရင် ဟိုပုလင်းသောက်လို့
တစ်ယောက် တစ်ပေါက်ဆူအုံးမယ်
ရှက်ကြောက်တရားမရှိငြားအရက်သမားဝါဒရယ်။
အဲဒါကြောင့်ရှောင်ကြပါတော့ ထာဝရကောင်းအောင်ကွယ်။
၂။ဘီလူးစိတ်ဝင်ကာ ထင်သလိုမိုက်လို့
တွေ့သမျှလိုက်လို့ ရမ်းတတ်တယ်
အဝတ်ဗလာ ကိုယ်မှာပျောက်လျှက်
ရွာရိုးကိုးပေါက်
လျှောက်လိုဆဲလိမ့်မယ်
မကြည့်ချင်သူ တုတ်နဲ့နှက်တော့အုတ်ဆက်ကွဲလို့ သေတတ်တယ်။
အရက်သမား "ငတိ"များ ရန်ပွားတတ်ပါတယ်။
၃။ လမ်းဘေးအိပ်ကာ
လူညွှန့်တုံးလျှက်
အသက်ပါဆုံး ပျက်စီးမယ်
ဒါကြောင့်မောင်မယ် တစ်စက်လောက်ကယ်မှ
အရက်မသောက်ဖို့ တောင်းပန်တယ်။
အရက်မသောက်ရင် လူအပေါင်းက
သူတော်ကောင်းလိုဆိုကြမယ်။
အသိတရား စိတ်မှာထားလို ရှောင်ရှားသင့်ပါတယ်။
၎။အရက်သေစာ သောက်သူများမှာ
လောကတလွှား၌ မတင့်တယ်။
သေတဲ့နောက်မှာ အပါယ်ကျလို့
ငါးရာဘဝ ရူးလိမ့်မယ်။
ဘုရားဟောကာ ကျမ်းဂန်အရနှင့်
လမ်းမှန်ပြလို့ဆုံးမတယ်။
ကဗျာပင်လယ်မှသူငယ်ချင်း @tp အတွက်