Sunday, May 4, 2014

"တစိမ်းတွေလို" (ညိမ်းညို)

"တစိမ်းတွေလို" (ညိမ်းညို)

ရင်းနှီးပြီးသားအရာတစ်ချို့ဟာ မရင်းနှီးတော့သလို သူစိမ်းဆန်စွာ ငါ့ကိုငေးကြည့်နေကြ တိုက်နေတဲ့​လေ​တောင် ရုတ်တရက်စိမ်းသွားပါရဲ့ စိမ်းလိုက်တာကွယ်.. အစိမ်းရင့်ရင့်ရာသီအိုထဲ
ပန်းက​လေးတစ်ပွင့် ပျံသန်းလာမယ်ဆိုရင်
အဲဒါ..မ​ကြွေတဲ့သစ္စာတရားပေါ့... ညီမ​လေးရယ်..
ကျန်​ရစ်ခဲ့တဲ့ခြေရာလေးတစ်စုံအ​ပေါ် လောကဓံကြိုးတစ်ချောင်းက
ဘယ်လိုများ ချည်နှောင်​လိုက်လေသလဲ
ငြင်းဆန်​ရခက်ခဲတဲ့ ကျေးဇူးသိတတ်မှုတွေကြားမှာ
ညီမ​လေး ကိုယ့်ကိုယ်ကို လောင်​ကျွမ်းခဲ့ရတာဆိုရင် အဲဒီအလင်းတန်းကို
ငါ့ရင်​ဘတ်ထဲကဖြတ်သန်းခွင့်ပြုပါ ညီမ​လေးရေ..
ဟောဒီလမ်းသွယ်လေးထဲမှာ အိပ်မက်တွေကို မျိုးစေ့ချခဲ့ဖူးတဲ့ ခြေရာလေးနှစ်စုံဟာ
အခုတော့..
အေးစက်၊ နာကျင်​စွာ အေးစက်လို့ပေါ့
မသိတတ်မှုများစွာနဲ့
ငါတို့ကို ကိုက်ခဲထားကြ​တော့မယ် တိုက်ခတ်နေတဲ့
လေစိမ်းတွေကြားမှာ
ခုတော့ ..ညီမ​လေးနဲ့ငါဟာ......
သူ..စိမ်း..တွေ..လို