Sunday, May 25, 2014

မျှော်လင့် အိမ်မက် (အညတရ​မောင်​)

မျှော်လင့် အိမ်မက်

အမြတ်တနိုး ရင်မှာပျိုးလဲ
စွဲလန်းနှစ်သက် ပင့်သက်ရှိုက်ငေး ပုံရိပ်လေးတစ်ခု
့အနေခက်​...အတွေးခက်​...
ဆွေးရက်တွေနဲ့ကျေမွ
တမ်းတခဲ့သမျှလွမ်းရပေါ့.....
ဆုံမှတ်​မရှိတဲ့ လမ်းပေါ်မှာ
အခန်းဆက်အလွမ်းနဲ့
အနားသတ်မသိ...
မင်းမရှိတဲ့အခါ
ငါစာမျက်နှာပေါ်မှာ
ကွေးကောက်စွာ
ရေးခြစ်လို့တမ်းတတော့
ဒီညတွေ....
ယိုယွင်းနေတဲ့မျှော်လင့်ချက်နဲ့
ငါကိုသေဆုံးစေတယ်
ဲဒီလိုနဲ့ပဲ ချစ်သူ............
ငါမနက်ဖြန်ပေါင်းများစွာ
နှောင်ကြိုးမဲ့အိမ်မက်နဲ့
ပျော်ဝင်စီးဆင်းလွဲချော်ခြင်းထက် မစို့မပိုအလွမ်းနဲ့
အရောင်လွင့်မသွားတဲ့
ရှင်သန်မူအဝေးမှာ
ဲ့မျောလွင့်​ဆွေးခဲ့ရတယ်။

အညတရ​မောင်