စိတ်ပျက်လက်ပျက်(တာရာမင်းဝေ)
ကျွန်တော်ကပြောတော့ .. .. .. ချစ်သူကရယ်တယ်။
ကိုယ်သာ
သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ် ..။
စောင့်ဆိုင်းတိတ်ဆိတ်
မကိုက်ချင်ရင်အိပ်နေမှာပေါ့လို့။
စကားအဆုံးမှာ
ကျွန်တော်ကတော့
ရှုးတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။