Tuesday, May 6, 2014

ခြေလှမ်းများ ( နိုင်းနိုင်းစ​နေ)

ခြေလှမ်းများ ( နိုင်းနိုင်းစ​နေ)

ဒီခြေလှမ်းပဲ
အမှန်တရားဆီ ရွေ့လျားနေတယ်
ဒီခြေလှမ်းပဲ
ချောက်နက်ဆီ တွန်းပို့နေတယ်။

ဒီခြေလှမ်းပဲ
ဆင်းရဲတွင်းက ရုန်းထွက်နေတယ်
ဒီခြေလှမ်းပဲ
နွံနစ်အောင် ဆွဲခေါ်နေတယ်။

ဒီခြေလှမ်းပဲ...
အ​ရှေ့နေထွက်​ရာဖက်
ချီတက်နေကြတယ်
ဒီခြေလှမ်းပဲ အ​နောက်နေ၀င်​ရာဖက် ဦးတည်ချင်ကြတယ်။

ဒီခြေလှမ်းပဲ....
ကုဋေတစ်သန်း အဖိုးတန်တယ် ဒီခြေလှမ်းပဲ....
တစ်ကွက်အ​ရွေ့မှားရင်
အစားခံရတယ်

ရှေ့နဲ့နောက် လွန်ဆွဲနေတဲ့ ဒီခြေလှမ်းတွေမှာ.....
ချွေးတွေရှိတယ်၊ သွေးတွေရှိတယ် ရည်​ရွယ်​ချက်​​တွေရှိတယ်၊
ပန်းတိုင်​ရှ်ိတယ်၊ မြတ်နိုးခြင်းရှိတယ်၊ စွန့်လွတ် သီးခံခြင်းတွေရှိတယ်​၊ လောဘရှိတယ်၊ အတ္တရှိတယ် ဒေါသရှိတယ်၊ ရန်ငြိုးရှိတယ် ဆာလောင်​မှုတွေရှိတယ်။

ဆူးညှောင့် အတားအဆီးတွေကြောင့် အကြိမ်ကြိမ် ခလုတ်တိုက် လဲပြိုခဲ့လည်း ဒီခြေလှမ်းတွေမှာ အားမာန်​ရှိတယ် ပန်းတိုင်​ကို
မ​ရောက်မချင်း ရှေ့ဆက်လို့ လှမ်းကြမယ်။