ပြဿနာများနဲ့အချစ်
ရှင်းခွင့်မကြုံဆုံခွင့်မပေး
ဝေးသာဝေး၍
ရင်မှာတစ်မျိုး
တိုး၍သာလျှင်
ကိုယ်သာခံစားခဲ့ရ.......
ဘယ်ချိန်ကရောက်
တံခါးခေါက်၍
နှလုံးသားကို
ပိုင်စိုးပါ၏
သူသိသာအောင်
ကြိုးစားသော်လည်း
နှလုံးသားကို
စိမ်းရောင်ခြယ်ရင်း
သူနေတတ်တာ
ကိုယ်သာသိခွင့်ရခဲ့သည်
သူရင်ထဲမှာ
ကိုယ်ရှိနေတာ
သိသာတာမို့
ဘယ်လိုပင်ဝေး
ဒီအသိလေးနဲ့
အစဉ်ကျေနပ်နေခဲ့ရသူပါ...