အနှိုင်းမဲ့ချစ်သူ (Nyi Win Htut)
မြှားနတ်မောင်group facebook မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
ချစ်သူ...
သင့်အားပန်းတစ်ပွင့်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည်....
ကျွန်ုပ်အဖို့နမ်းရှိုက်
အလှဆင်ရန်မဟုတ်ပါ....။
ချစ်သူ..
သင့်အားပန်းချီတစ်ချပ်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည်
ကျွန်ုပ်အဖို့အလှကြည့်ပြီး လူတကာအားပြသရန်မဟုတ်ပါ...။
ချစ်သူ....
သင့်အားမှော်ဆရာတစ်ယောက်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည်
ကျွန်ုပ်အဖို့သင့်ထံအပြုစားခံရန် ၀င်ရောက်လာခြင်းမဟုတ်ပါ...။
ချစ်သူ....
သင့်အားသီချင်းတစ်ပုဒ်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည် ကျွန်ုပ်အဖို့
အပျင်းပြေအသုံးချရန်မဟုတ်ပါ...။
ချစ်သူ....
သင့်အားကျွန်ုပ်တန်ဖိုးထားသော ချစ်ခြင်းနှင့်သာနှိုင်းလိုသည်
သင့်အားကျွန်ုပ်ချစ်ခြင်းသည်
ကျွန်ုပ်အဖို့ရိုးသားစွာ
ချစ်နေသောကြောင့်
ဖြစ်ပေါ်လာခြင်းဟုဝန်ခံရုံမှတစ်ပါး
အခြားမရှိပါ.....