ကြိုးမိန့်
အသည်းမာတယ်ထင်လို့ ရင်ခွင်ကငို
အမုန်းနဲ့ထိုးဆွလိုက်မိတာ နာကျင်စရာ သူ့မျက်နှာလေး ပြုံးနေပြန်သေးတယ်
မုန်းလို့မရဘူးဆိုမှတော့ ဘ၀ရဲ့ ကြိုးဝိုင်းအတွင်းမှာ
မင်းတစ်ယောက်တည်းသာ
ငါ့ကို....... အလဲထိုးလိုက်ပါ
မရုန်းတော့ဘူး အမုန်းပျော့ပျော့လေးရဲ့ရိုက်ချက်နဲ့တင် ကမ္ဘာပျက်မတတ် ခံစားရတဲ့သူပါ
ချစ်တယ် .. လို့ပြောပြီးပြီပဲ
မင်းလုပ်သမျှ ကျေနပ်တယ်
ကြိုးတစ်ချောင်း ငြိတွယ်နေမိမှတော့
မင်း .. ဆွဲရာကဖို့
ဘ၀ကိုအမိန့်ပေးလိုက်ပြီ
မောင်လှမျိုး