ဆုတောင်း (Terry)
ကြမ်းတမ်းစူးရှတဲ့
ငါ့ရင်ခုန်သံအတွက်
နင့်နှုတ်ခမ်းက
ဆည်းလည်းပွင့်အန်လိုက်တိုင်း
ကိုယ့်ကိုယ်ကို ပြန်ပြီး
အပြုစားခံရတဲ့ မှော်ဆရာလို
ငါ၏ စကားလုံးတွေ
နှုတ်ပိတ်ခံရခြင်းမှ
ကင်းဝေးရပါလို၏။
နင့်မျက်ဝန်းက
စူးကနဲလွင့်ပျံလာတဲ့
အကြည့်တစ်ချက်ဟာ
တိုက်တေနီယမ် ကျည်ဖူးအဖြစ်သို့
ပြောင်းလဲမသွားမီ
အစိတ်စိတ်အမွှာအမွှာ
ထိုးဖေါက်ဖျက်စီးခြင်းခံရမဲ့
ငါ့နှလုံးသား Target ကို
အချိန်မီ ရုပ်သိမ်းခွင့်
ရရပါလို၏။
ပြင်းပြတဲ့ နှလုံးခုန်သံတွေနဲ့အတူ
ကိုယ့်ကိုယ်ကို မေ့လျှော့နေတဲ့
ဝင်သက်ထွက်သက်တွေ ကြားမှာ
မာန်နတ်ရဲ့နောက်ဆုံး ကျည်ဆံကြောင့်
ငါ့ကမ္ဘာငယ်လေး
ရုတ်တရက် ရပ်တန့်သွားတယ်
” ငါတို့နှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ”
ငါ……………….
နှလုံးသားတစ်စုံနဲ့
လူဖြစ်နေသမျှ
ဘ၀ဆက်တိုင်း
ဒီစကားမျိုး
နောက်ထပ် ထပ်ပြီး
မကြားပါရစေနဲ့လို့
ဆုတောင်းရင်း……….။
(Terry)
ကြမ်းတမ်းစူးရှတဲ့
ငါ့ရင်ခုန်သံအတွက်
နင့်နှုတ်ခမ်းက
ဆည်းလည်းပွင့်အန်လိုက်တိုင်း
ကိုယ့်ကိုယ်ကို ပြန်ပြီး
အပြုစားခံရတဲ့ မှော်ဆရာလို
ငါ၏ စကားလုံးတွေ
နှုတ်ပိတ်ခံရခြင်းမှ
ကင်းဝေးရပါလို၏။
နင့်မျက်ဝန်းက
စူးကနဲလွင့်ပျံလာတဲ့
အကြည့်တစ်ချက်ဟာ
တိုက်တေနီယမ် ကျည်ဖူးအဖြစ်သို့
ပြောင်းလဲမသွားမီ
အစိတ်စိတ်အမွှာအမွှာ
ထိုးဖေါက်ဖျက်စီးခြင်းခံရမဲ့
ငါ့နှလုံးသား Target ကို
အချိန်မီ ရုပ်သိမ်းခွင့်
ရရပါလို၏။
ပြင်းပြတဲ့ နှလုံးခုန်သံတွေနဲ့အတူ
ကိုယ့်ကိုယ်ကို မေ့လျှော့နေတဲ့
ဝင်သက်ထွက်သက်တွေ ကြားမှာ
မာန်နတ်ရဲ့နောက်ဆုံး ကျည်ဆံကြောင့်
ငါ့ကမ္ဘာငယ်လေး
ရုတ်တရက် ရပ်တန့်သွားတယ်
” ငါတို့နှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ”
ငါ……………….
နှလုံးသားတစ်စုံနဲ့
လူဖြစ်နေသမျှ
ဘ၀ဆက်တိုင်း
ဒီစကားမျိုး
နောက်ထပ် ထပ်ပြီး
မကြားပါရစေနဲ့လို့
ဆုတောင်းရင်း……….။
(Terry)