Tuesday, June 24, 2014

အတိတ်တမ်းချင်း (အညတရမောင်)

အတိတ်တမ်းချင်း (အညတရမောင်)

မေ့နေတာလား
မေ့လိုက်မှာလားဆိုတာ...
ဘာမှမကွဲပြားဘူး

ရင်အရှိုက်ကိုထိမှန်စေတဲ့
မျှော်လင့်ခြင်းကနှလုံးသားကို
တမ်းတခြင်းနဲ့
တွေးမထားတဲ့ အလေ့ကျအလွမ်းတွေ
လေအ၀င့်မှာကြွေလွင့််တော့
အချိန်ခါမပာုတ်ပဲအညာမခိုင်တဲ့
ရော်ဝါရွက်လို လေနှင်ရာဝေးလွင့်လို့
ကံမကုန်ရင်...ပြန်ဆုံမယ်ဆိုတဲ့
ဝေဒနာတွေနောက်မှာအမာရွတ်
တစ်ခုကတစ်ယောက်ကို
တစ်ယောက်တွေ့ဆုံဖို့ဒီအလွမ်းတွေ
အသက်ဝင်လျှံကျစေရဲ့။

ပိာုအဝေးမှာ.....
တစိမ်းဆန်တဲ့ ညနေတွေ
လွမ်းသူကိုရင်နဲ့ဖတ်ဖို့
သင်္ကေတက နှလုံးသားနဲ့ရင်းပြီး
လွမ်းမောစရာအတိနဲ့ ငါမသိနိင်တဲ့အရာတွေ

နောက်ဆုံးတော့.....
တိတ်ဆိတ်ငြိမ်သက်လို့ ကွာဝေးမူတွေကြား
မနက်ဖြန်များက တရွေ့ရွေ့တိုက်စားသွားခဲ့ပြီ။

စောင့်စားရင်းနောက်ကျခြင်းက
ရင်တစ်ခုလုံးကိုတမ်းတစိတ်နဲ့
လေနှင်ရာကြွေလွင့် အလွမ်းသင့်ကမ်းပါးနံဘေး
ရင်ဘတ်ပောာင်းလောင်းနဲ့
ငါရင်နစ်အောင်လွမ်းလို့ကျန်ခဲ့ဖူးခဲ့ပြီပေါ့ ။

အညတရမောင်