Tuesday, June 24, 2014

လန့် နိုး ခြင်း . . .(၃) (terry) 

လန့် နိုး ခြင်း . . .(၃)(terry) 

(၃)

လူသူမရှိသော
ကျောက်စရစ်ကုန်း တစ်ခု၌
ကြာဖြူပန်းတို့
အပြိုင်အဆိုင် ပွင့်ဖူးကုန်၏
ညနေခင်းကို
နတ်ဆိုးတို့ 
ချူပ်နှောင်
ခေါ်ဆောင်သွားပြီ
သန်းခေါင်ယံသည်
အမှောင်တို့၏ကကွက်ကို
နှစ်ချိုက်စွာ ငေးမှိုင်နေသည်
မိုးသောက်ယံကတော့
စစ်သူရဲတစ်ဦး၏
အထီးကျန်ခြင်းမျိုးဖြင့်
စောင့်ကြိုနေပေလိမ့်မည်။

မဖြစ်နိုင်ခြင်းကို မယုံကြည်သော
ကျွန်ုပ်သည်
ထိုအခိုက်မှ…….
ကိုယ်ကိုတိုင်
မဖြစ်နိုင်ခြင်းဖြစ်နေမှန်းသိတော့သည်။

(ဂ)

ဆန္ဒရှိ၍လည်းရှင်သန်ခဲ့ပြီ
လိုအပ်၍လည်း သီးပွင့်ခဲ့ပြီ
ယခုတဖန်
နှုတ်ဆက်ချိန်ရောက်လာ၍
ပုံပြင်တစ်ပုဒ်လိုလည်း
ကြွေကျရစ် ခဲ့ပါပြီ………..။

(ဇာတ်ပေါင်း)

တီးလုံးသံများ ရပ်ဆိုင်းသွားသည်
လူအချို့လည်းသေဆုံးနေရာမှ
အသက်ဝင်လာကြသည်
ရုတ်တရက်မီးများ ပြန်လင်းလာသည်
အသံဗလံများ ပြန်လည်စည်ကားလာသည်

(ဇာတ်သိမ်း)

ကျွန်ုပ် သည် …………………
က ဗျာ တစ် ပုဒ် ဖြစ် သည် ။

terry (တနင်္လာ) ညနေ 3း00