Tuesday, June 24, 2014

ငါ့ကိုယ်ပိုင်အလင်းနဲ့လင်းချင်တဲ့နင့်ရဲ့နံနက်ခင်း (terry) 

ငါ့ကိုယ်ပိုင်အလင်းနဲ့လင်းချင်တဲ့နင့်ရဲ့နံနက်ခင်း (terry) 

နံနက်ခင်း…
မြင်လိုက်ရတဲ့အလင်းမှာ
ချို့တဲ့မှု့တစ်ခုခုတော့
ပါဝင်နေတယ်..
ငါ့ကိုယ်ပိုင်နေမင်းက
နင်ရှိမှလင်းချင်တာတဲ့။

ငါ့စိတ်ကိုမီးပိတ်ပြီး
အမှောင်ချထားချင်ပေမယ့်
နင့်ပုံရိပ်တွေမြင်ယောင်တိုင်း
နှလုံးသားကထထလင်းနေတာ
နေ့ခင်းဘက်တွေတောင်
အိပ်ရေးပျက်တတ်နေပြီ။

ငါနင့်ကိုဘာကြောင့်..
ချစ်လဲလို့မမေးနဲ့
တစ်ခါတစ်ရံ
မြင်ရမယ့်အကောင်ထက်
ပြမယ့်အရိပ်က
ပိုကဗျာဆန်တယ်။

ငါပိုင်ဆိုင်ထားတဲ့အချစ်မှာ
အလွမ်း၇၀ရာခိုင်နှုန်းနဲ့
ပျော်ရွင်ခြင်း၃၀ရာခိုင်နှုန်း ပါမယ်။

ဘာပဲဖြစ်ဖြစ် ငါ့ချစ်ခြင်းကို
လွမ်းမောမှု့နတ်သမီး..
စောင့်တယ်…………။

terry(28.9.2010)