မလွမ်းဘူးဆိုပေမဲ့
အလွမ်းတွေစူးနစ်လို့
အလှမ်းဝေးတဲ့
ခရီးမိုင်တွေထက်
အတင်းတိုးဝင်လာတဲ့
တစိမ်းဆန်ဆန်ညတွေ
အလွမ်းပြေဖို့နွမ်းနေတဲ့စိတ်နဲ့
စောင့်စားနေခဲ့ပေမဲ့
အိမ်မက်တွေနဲ့
အိပ်မပျော်တတ်သူတစ်ယောက်လို
မေ့ဖို့ဆိုတဲ့အတွေးက
တမ်းတခြင်းတွေထက်
အလွယ်တကူပျော်ဝင်လို့
ဒီအလွမ်းတွေ
ကြောင့်ကြ.နွမ်းလျ
ငါ...ရင်းနှီးခဲ့ရတာက
အသက်ငင်နေတဲ့
မျှော်လင့်ခြင်းနဲ့
မင်းပေးတဲ့အလွမ်း
တွေချည်းပဲလေ ။
❦ ♕ အညတရမောင် ❦
အလွမ်းတွေစူးနစ်လို့
အလှမ်းဝေးတဲ့
ခရီးမိုင်တွေထက်
အတင်းတိုးဝင်လာတဲ့
တစိမ်းဆန်ဆန်ညတွေ
အလွမ်းပြေဖို့နွမ်းနေတဲ့စိတ်နဲ့
စောင့်စားနေခဲ့ပေမဲ့
အိမ်မက်တွေနဲ့
အိပ်မပျော်တတ်သူတစ်ယောက်လို
မေ့ဖို့ဆိုတဲ့အတွေးက
တမ်းတခြင်းတွေထက်
အလွယ်တကူပျော်ဝင်လို့
ဒီအလွမ်းတွေ
ကြောင့်ကြ.နွမ်းလျ
ငါ...ရင်းနှီးခဲ့ရတာက
အသက်ငင်နေတဲ့
မျှော်လင့်ခြင်းနဲ့
မင်းပေးတဲ့အလွမ်း
တွေချည်းပဲလေ ။
❦ ♕ အညတရမောင် ❦