နွေထဲကအမေညဉ်းထွားသံ-
ပူပြင်းတဲ့နွေနေ့ခင်းမှာ
အားတင်းလို့အမေခံ ချွေးနှင့်ရင်းလိုရှာကြံ
ရ ဟန်ပေတဲ့ငွေထု အမေစုလို့အကြံပြု သားကိုရှင်ပြုလို့ လူထုရဲ့အလယ်
ဝင်ကြွားရှင်တကာမ ဖြစ်ရစေစမ်း-တဲ့ နွေထဲကအမေ ဟစ်ကြွေးလို့နေ
မမောပေဘူး အမေချစ်တဲ့သား
သာသနာအတွက် ကောင်းကျိုးထွက်ရင် အမေအတွက်........
အပျော်ရက်တွေချဉ်းဘဲ သားရယ်တဲ့
နွေထဲက အမေ ညဉ်းထွားသံလေး
စိုင်းဟေမာန် (တောပျော် )