Wednesday, June 25, 2014

မြို့ပြမြို့ထင်​နှစ်​ပါးခွင် ❦ ​မောင်​လှမျိုး ❦


မြို့ပြမြို့ထင် နှစ်ပါးခွင်

တစ်ခန်းရပ် ပြဇာတ်ဆိုရင်လည်း ..

ပြည်ဖုံးကားသာ ချလိုက်ချင်​ပါတော့တယ် ။

ဘ၀ ဆိုတာကလည်း သူ့အကန့်နဲ့ ..သူ

ခွေးသွားစိပ်တွေနဲ့လည်ပတ်နေသလိုမျိုး
နှာစေး .. ချောင်းဆိုးဖို့တောင်
အချိန်မရ​တော့ ခက်တယ် ။

ချစ်သူ ဆိုတာကလည်း
သူ့အ​ကြောင်းနဲ့ .. သူ

အိပ်မက်တွေ ထဲမျက်ဖြူလန်နေသလိုမျိုး
( စီးပွားရေးတိုးရှာနေရလို့ )

ချိန်းတွေ့ ခိုးနမ်းဖို့တောင်
အချိန်​မ​ပေးနိုင်တော့ ခက်တယ် ။

လောက ဆိုတာကလည်း
သူ့လှည့်ကွက်နဲ့ .. သူ
မာယာ အ​ပေါင်းနဲ့ ခ​ညောင်းနေသလိုမျိုး

(တန်ဖိုးများလွန်းတဲ့ ဇိမ်ခံကားကြီးတွေနဲ့ ) လက်ယပ်ခေါ်ကမ်းလှမ်းဖို့ရာ
အသပြာမရှိတော့ ရှက်တယ် .. ။

မောင်​လှမျိုး