Friday, June 27, 2014

လွမ်းဆွေးခြင်း ရင်ဝေးငှက်...

လွမ်းဆွေးခြင်း

ချစ်ခဲ့ကြတဲ့ အရင်လိုအချိန်
ပျော်ခဲ့ကြတဲ့ နေ့ရက်
အနမ်းတွေချွေခဲ့ကြတဲ့ ညနေ
ဒီအချိန်တွေမကုန်ဆုံးချင်သေးဘူး
ညနေခင်းရဲ့ လေပြေလေးတွေ
ညင်သာစွာ တိုးဝှေ့လာတိုင်း
ငါ့ရင်ခွင်ဟာ နင်ရဲ့နွေးထွေးမှုကို
သတိရ တမ်းတလွမ်းမိလာတယ်
နှောင်းခဲ့တဲ့ အတိတ်
ဟောင်းခဲ့တဲ့ နေ့ရက်တွေကြား
ဘဝဟာ ခါးသီးလွန်းတယ်
ပါးထက်မျက်ရည် ရင်ထက်ဒဏ်ရာ
နာကျဉ်စရာ အဖြစ်တွေနဲ့
မောင့်ကိုစွန့်ခွါ ပျော်ရာကို
ထွက်သွားတော့မှာလား
လျှောက်ဖူးတဲ့လမ်း
နမ်းဖူးတဲ့ အနမ်းတွေ
တစ်ချိန်ကဆိုတဲ့ အတိတ်မှာ
ချန်ထားရက်ပေမယ့်
မမေ့နိုင်သူ ဒီမောင်မှာတော့
လွမ်းရအုံးမယ် အချစ်ရယ်

ရင်ဝေးငှက်