Tuesday, June 24, 2014

မျှော်တွေးမိသည် အနာဂတ် ဒီ မို က ရေ စီ (အညတရမောင်)

မျှော်တွေးမိသည်
အနာဂတ် ဒီ မို က ရေ စီ (အညတရမောင်)


စစ်မီးလျှံနဲ့ခဏခဏ၀င်ပူးနေတဲ့
ပဋိပက္ခနဲ့ပယောဂအကျိုးအမြတ်က
တစ်မတ်သားပါတဲ့ဒိုင်ရပ်တဲ့ကစားပွဲလိုမျိုး
( စစ်ရေးအမြင် ) အမြင်ရှိရမယ်တဲ့
နွမ်းပါးဆင်းရဲချို့တဲ့မူ
ခပ်လှမ်းလှမ်းမှာမြင်မစမ်းနဲ့
လွတ်လပ်မူရဲ့နောက်မှာ
မြေသိမ်းယာသိမ်း
အကန့်အသတ်အပိတ်အပင်
အတားအဆီးနဲ့ထမင်းတနှပ်လျောစားဖို့ဆိုတာ
ငွေနှစ်ထောင်နဲ့ရလောက်ပါရဲ့
သန်းခြောက်ဆယ်က
ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးခတ်နေဆဲမှာ
အဆီအနစ်အရင်းအမြစ်တွေ
စားပြီးပုံစံခွက်ထဲကစနစ်ကို
့အယုံသွင်းအကျဉ်းချခံခံနေရလို့
ဒီအချိန်မှာဒီမိုကရေစီဆိုတာ
ရင်နာစကောင်းနေပါသေးတယ်။

အညတရမောင်