ငြိမ်းချမ်းရေး ကြေငြာစာတမ်း
ရန်ဖြစ်ပြီးမှ ပြန်ချစ်ကြတာ
သဘာဝပါကွယ်။
စစ်ဖြစ်နေတဲ့ကာလ
အချစ်မျက်ရည်တွေ အခါခါကျတော့...
ရင်ထဲက တသသနာလွန်းတယ်။
မခွဲနိုင်မှန်းသိလျက်နဲ့ စကားနိုင်လု၊
သဝန်တိုမှုတွေ တဖြည်းဖြည်းစု
စိုးရိမ်ပူပန်မှုတွေက....
မြင့်သထက်မြင့် ရန်ဖြစ်တဲ့အဆင့်ကို
မာန်ဝံ့ပြီးတက်ခဲ့ကြတာ ဘယ်သူမှားသလဲ ကွယ် ။
အချစ်ရယ်.. ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်....
နင်လည်း .. နာ၊ ငါလည်း ..နာ
နင်လည်းလွမ်း .. ငါလည်းလွမ်း
နင်လည်း .. ငို၊ ငါလည်း..ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။
ချစ်သူ အချင်းချင်း တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ ။
မုန်းမေ့လို့ မရကြမယ့်အတူတူ
( စစ်မဖြစ်ကြေး ) ဟော့ဒီ
အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး) နင့်ကို ..
ပေးလိုက်ပါရစေ။
နေ့လည်း.. လွမ်း ၊
ညလည်း ..လွမ်း
မျက် ရည်တစမ်းစမ်းနဲ့ရန်ဖြစ်ပြီးမှ ၊
ပြန်နမ်းမိတဲ့ .. အနမ်း
ငါ့ရင်ထဲ ပိုလွမ်းသွားရပြန်ပြီကွယ် ။
မောင်လှမျိုး