Thursday, June 26, 2014

အများသုံးဖိနပ်တစ်​ရံ


အများသုံးဖိနပ်တစ်​ရ

အချစ်က ကျောင်းမ​ပြေးခိုင်းဘူး
အချစ်က မငိုခိုင်းဘူး
အချစ်က မရက်စက်ခိုင်းဘူး
အချစ်က (မိဘကို) လိမ်​မ​ပြောခိုင်းဘူး
အချစ်က အရက်​မ​သောက်ခိုင်းဘူး တကယ်တော့ အချစ်ဆိုတာ
(အပြစ်မဲ့) ဖိနပ်တစ်​ရံပါ ။

လူတွေ ..... စီးချင်​သလိုစီးပြီး
သွားချင်​ရာသွားခဲ့
လုပ်ချင်​ရာတွေလုပ်ခဲ့ကြလို့
" အချစ် " က (ခဏခဏ)
နာမည်ပျက်သွားတာ ။
ဖိနပ်ကသယ်ဆောင်​သူမဟုတ်ဘူး ခြေ​ထောက်တွေကသာ
ဦးဆောင်​သွားကြတာ ။

တကယ်ဆို အဲဒီဖိနပ်လေးကို
တရိုတ​သေသိမ်းထားပြီး
လမ်းကောင်းကောင်း တွေ့မှ လမ်းကောင်းကောင်း လျောက်တတ်မှ တစ်ယောက် တစ်​ရံစီ
ထုတ်စီးလိုက်​ရရင်
ဖိနပ်အသစ်လေးနဲ့
ဘယ်လောက်လှလိုက်မလဲ ။

အဲဒါဆို.... အချစ်လည်း
နာမည်မပျက်တော့ဘူး ။



ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်