ရင်ကွဲတော့မှာမို့ 
ရင်ခွဲလိုက်တာလွန်ပါသလား
ရင်နင့်နေလွန်းလို့
ရင်ဖွင့်မိတာမှားပါသလား
ကိုယ်ဘာပြောပြော
အပြစ်ပေးဖို့တာစူနေတဲ့ အမုန်းကြီးတဲ့
နုတ်ခမ်းစိမ်းစိမ်းလေးရေ.....
လိမ်ညာမျိုသိပ်ပြီးအနားမှာ ဟန်ဆောင်ကောင်းကောင်းနဲ့  ပူးကပ်ပြစ်မှားနေမယ့်အစား
ရင်ထဲကချစ်စကားကို
ဓားဖျားပေါ်တင်ပြီး
မင်းမြင်အောင်ပြလိုက်မိတာ
ကိုယ်ရိုင်းစိုင်းသွားသလား စကားပြောခွင့်မရတဲ့လူတစ်ယောက်မှာ ပြောစရာစကားတွေအများကြီးရှိမှန်း မင်းသိပါတယ်
တကယ်ဆိုရင်...မင်းဘေးနားက တွတ်တီးတွတ်တာတွေလောက်
ကိုယ်...ဟန်ဆောင် မကောင်းဘူး....
မောင်လှမျိုး
ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်