Friday, June 27, 2014

လမင်းလေးရဲ့ အပြစ်သား - Ulay Kyi ( ကိုလင်း ) 

လမင်းလေးရဲ့ အပြစ်သား -
Ulay Kyi ( ကိုလင်း ) 
=================

ပုဇွန်လေး နေလှန်လိုက်သလို
သူ့စိတ်လေး ကွေးသွားတယ်
" ကောက်တယ် ကောက်တယ် " တဲ့

စူနေတယ့် နူတ်ခမ်းလေးက
ရန်ကုန် - စင်ကာပူတံတားထိုးမလားမသိ !

ချစ်သူက
မောင့်ရဲ့ pink angry bird မလေး …

ဟုတ်တယ် ! ! !
ဒီမောင်က မလိမ္မာဘူး
ဒီမောင့်ကို ဒဏ်ခတ်

သံယောဇဉ်တွေနဲ့ သေချာတုပ်
နူတ်ခမ်းကို တစ်ရာ
ပါးပြင်ကို တစ်ရာ
အနမ်းလေးတွေနဲ့ ကြိမ်ဒဏ်ချ . .

ချစ်တယ်လို့
အကြိမ်တစ်သောင်းရွတ်ခိုင်း …

ဆူပါ / ရိုက်ပါ
လက်သီးဆုပ်ဖြူဖြူလေးနဲ့
ရင်ဝကို ဖွဖွထုပါ
မျက်စောင်းစူးစူးလေးတွေနဲ့
ခဏ…ခဏ ထိုးပါ

မကျေချမ်းသေးရင်
အနားမှာခေါ်ထား
( လက်ထပ်စာချုပ်မှာ လက်မှတ်ထိုး )
တစ်သက်တာထာဝရဆုံးမပေးပါနော်
အရမ်းဆိုးတဲ့
ဒီမောင်က……လိမ္မာချင်လို့ . . .

Ulay Kyi ( ကိုလင်း )