အနီးကပ်နွေ
နာမှာစိုးလို့ အငြိုးမထား ရိုးသားစွာရိုက် အသည်းခိုက်စေ ..။
မုန်းမှာစိုးလို့ အရှုံးမမြင် ပြုံးရွှင်ရင်ပျိုး မျှော်ကိုးထိုက်စေ ..။
ဝေးမှာစိုးလို့ အတွေးမရဲ ရင်ထဲစိုးထိတ် အအိပ်ခက်နေ။
လွမ်းမှာစိုးလို့ စက္ကန့်မလပ်
ထပ်ကျပ်မခွာ သူ့ခြေရာနင်း၊
မြတ်နိုးခြင်းအား သူစိတ်မနာ၊
သူ..မြင်သာဖို့ အကြင်နာ..နွေ၊
ခင်တွယ်စေချင် သည်ဖြစ်အင်တွေ
သခင့်ရင်ထဲမြဲပါစေ .. ။ ။
မောင်လှမျိုး
ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်