Thursday, June 26, 2014

အမုန်းအောက်ရောင်ခြည်


အမုန်းအောက်ရောင်ခြည်

ချစ်သူ ... ပြုံးပြလိုက်​ရုံနဲ့
ကိုယ့်ရင်​ခွင် တစ်ခုလုံးငြိမ်းအေးသွားရတယ် ။
( ဘယ်လောက်အထိ လဲ . .ဆိုရင် )
ချစ်သူအပြုံးကြောင့်ကမ္ဘာတစ်ခွင်​လုံး
ပန်းပွင့်လေးတွေ ဖုံးလွှမ်းသွားသလိုပါပဲ ။

ချစ်သူ့မျက်နှာ တင်းမာနေတဲ့ အခါ .. ကိုယ့်စိတ်တစ်ခုလုံး လေးလံ ထိုင်းမှိုင်း မျက်လုံးလှိုင်း တွေရိုက်ခတ်စေတယ် ။
( ဘယ်လောက်အထိလဲ .. ဆိုရင် )
ချစ်သူမပြုံး ထိုအမုန်းကြောင့်
လောက တစ်ခွင်​လုံး အလင်းရောင်တွေ ဆိတ်သုဉ်း သွားရပါလိမ့်မယ် ။ ။

မောင်​လှမျိုး