ကျားကွက်
ကောင်မလေး တချို့က
ဦးလေးကြီးတွေကို ပြုံးပြတယ်။
ဦးလေးကြီးများက အဲ့ဒီအပြုံးတွေကို အရက်ခွက်ထဲ ရောထည့်မွှေနှောက်
မူးအောင်သောက်တယ်။
ဘာမှ.. အလကားမရဘူးဆိုတာသိထားလျက်နဲ့
စစ်တုရင်ကစားကြတယ်။
ကျွန်တော်... အရက်မသောက်ဘဲ အံဖတ်ဆို့တယ်..။ ။
မောင်လှမျိုး