Thursday, June 26, 2014

မြှားခွင်းပုံပြင်​ ✏ မျိုးဆက်​ ❦ ​အောင်​သာ ♬

မရည်ရွယ်ပါဘူး
လေးကြိုးတင်ရင်းက
လွတ်ထွက်သွားတာပါ။ ။

အစမှမကောင်းတာ
ဘယ်အနှောင်းသေချာမလဲ
ရင်ချင်းအပ်ခါ
ပုံသွင်းထုဆစ်တာမဟုတ်တဲ့
အဲဒီဇာတ်လမ်း
အခု......
မင်းကတစ်​လမ်းသွားလို့
ငါကတစ်​လမ်းလာ
အို--------
သိလိုက်စမ်းပါ ငါရင်မှာ
မှာတမ်းတွေနဲ့--။

တကယ်တော့
မင်းထင်သလို
ငါ့နှလုံးသားက
အရိုးမရင့်သေးပါဘူး
ယခု------
နေမြင့်လာသည်နှင့်အမျှ
သိလာခဲ့ရပြီပေါ့ ။

အမှတ်တမဲ့ဆိုပေမဲ့
သံချပ်တွေကာထားတဲ့
အဲဒီရင်ခွင်
ငါ....ခိုလုံခွင့်မရတော့ဘူး။ ။
ကဲ...
အဲဒီအကြောင်းကို
ရင်နစ်အောင်ခံစား
စာသားအဖြစ်ထုဆစ်
ယခုကဗျာဖြစ်ပြီ
စာနာပေးလှည့်ပါဦးဗျာ။ ။

♬ မျိုးဆက်။အောင်သာ ♬



ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်..