Friday, June 27, 2014

အကြောင်းပြချက်မပေးပေမယ့်ငါနားလည်ခဲ့ပါတယ်…….(terry) 

အကြောင်းပြချက်မပေးပေမယ့်ငါနားလည်ခဲ့ပါတယ်…….(terry) 

ပုဂ္ဂလိကညနေခင်းတစ်ခု….
စိတ်ကူးတွေထိုင်သောက်ရင်းနဲ့ 
ရာသီဥတုအဟောင်းတွေရဲ့ အကြောင်း
ပြောနေချိန်ပေါ့ ……။

ထင်မှတ်မထားပဲရွာတဲ့မိုးလို
ပြိုဆင်းလာတဲ့စကားသံတွေ
ရုတ်တရက်ပဲသည်းထန်သွားတယ်…။

“ဦးဏှောက်ကိုရတာ
မဆန်းပါဘူး….
ငါကိုယ်တိုင်ရွေးချယ်ခဲ့တာ
နှလုံးသားမှမဟုတ်တာ”တဲ့….
သောက်လက်စကော်ဖီမှာ
ငါ့အအတွေးတွေသီးကုန်တယ်…။

မတူညီတဲ့ကြားထဲကပဲ
နှစ်ဦးသဘောတူ
ငြိမ်သက်သွားတယ်…….
မုန်တိုင်းတစ်ခုရဲ့ 
ပထမဆုံးတိတ်ဆိပ်ခြင်းလိုပေါ့..

သူမရဲ့ အပြုံးတွေကတော့
ပန်းချီကားတစ်ချပ်ရဲ့ 
လှို့ ဝှက်ချက်လိုပဲ
တဖြည်းဖြည်းဆည်းဆာဆန်လာတယ်။

မာန်နတ်ရဲ့ နှုတ်ဖျားကိုရဖို့ 
ဘယ်လိုများ
ပြင်ဆင်လိုက်လဲလို့ 
ငါမမေးဖြစ်တော့ပါဘူး…
ကိုယ်ချင်းစာတတ်ခြင်း
ခံစားချက်…
သူမအဘိဓာန်ထဲမှာမရှိခဲ့လို့ ပဲ…။

ကန္တာရထဲကအပင်ကို
ရေလိုတယ်ထင်တာကိုက
ငါစမှားတာပါ……
သူငါ့ကိုလင်းစေချင်တဲ့အလင်း
အခြားတစ်ယောက်ကို
မြင်လိုခြင်းအတွက်ပဲဖြစ်တယ်။

…….
ငါအပြစ်မပြောခဲ့ပါဘူး
ပိုးဖလံတစ်ကောင်လိုပဲ
ငါမြတ်နိုးတဲ့မီးအတွက်
ကျေကျေနပ်နပ်နဲ့ကို
သေတတ်ချင်ခဲ့တာပါ……။

သူမ သိခဲ့တာက
အလုပ်တစ်ခုဟာ
အတွေးကနေစတယ်တဲ့
ဒါပေမယ့်…….
နင့်အပေါ်မှာထားတဲ့
ချစ်ခြင်းတရား
မတွေးတတ်ခင်မှာပဲ
ဖြစ်ပျက်သွားတာပါ……။

သူငယ်ချင်းတဲ့လား…..
နေကျဲကျဲတစ်ကွက်နဲ့တော့
ငါ့ကော်ဖီခွက်ပြန်ပူလာဖို့ 
ဆုမတောင်းတတ်ချင်တော့ဘူး….
ရာသီတွေလွဲနေတဲ့
ကောင်းကင်မှာ
ပုံမှန်မဟုတ်ခြင်းကိုက
နေသားကျနေပါပြီ…..။

လိုအပ်လို့ ပဲဖြစ်ဖြစ်…..
မလိုအပ်လို့ ပဲဖြစ်ဖြစ်….
ဖျတ်ခနဲလက်သွားတဲ့
လျှပ်စီးလို…
တစ်ခါတစ်ရံသတိရခြင်း
မျိုးလောက်ရှိရင်ပဲ…
ငါ..ကျေ..နပ်..လိုက်..ပါ..ပြီ…..။

terry(21.4.2011)