Thursday, June 26, 2014

ချစ်သော ဒိုင်ယာရီ..


ချစ်သော ဒိုင်ယာရီ..

ချစ်သော ဒိုင်ယာရီရေ
ဤတစ်နေ့၌ ဝေဒနာအသစ်
ထင်​ကျန်​ရစ်သို့
ရင်​ခုန်စည်းချက်လှုပ်​ရှားရစ်ခဲ့
လွမ်းမောနွမ်းလျ သက်ပြင်းချရ ၀မ်းသာသည်မဟုတ် ၀မ်းနည်းသည်မဆို ခံစားချက်တစ်မျိုး လှစ်ဟာတိုးခဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းမိရဲ့လေ။ ။
ဒဿနကိုကဗျာရွတ်​ ဘဝကိုမုန်းတဲ့သူ အ​ရောင်တွေကင်း နုဖူးစဉ်ပင်
သိုးမည်းသဏ္ဍာန် ဆိုးမိုက်တဲ့လူ နှောင်းခဲ့အတိတ် ခြောက်နှစ်ဆီက တွယ်တာစိတ်စွဲ ရူးခဲ့ဖူးသူ
လူချင်းတော့မနီး စိတ်လည်းဝေးပြီး သတင်းသဲ့သဲ့သာ ကြားခွင့်ရသူ
မျက်နှာလွဲ ဥပက္ခာမြဲရမည့်သူ မ​မေးသင့်မထူးသင့်တော့
သူနဲ့ ၆ရက် ၃လ လမိုက်ညမယ် စကားဖောင်​ဖွဲ့ပြောမိခဲ့တယ်
ပစ္စုပ္ပန်​ရဲ့အ​ကြောင်းတွေပေါ့။ ။
အတိတ်ပန်းချီ အစပြန်ခြယ်သ
အလွမ်းဗလပွနဲ့ ကြင်​နာစိတ်ပို ယုယလိုခြင်းမဟုတ် အသည်းခြင်းနီး
ချစ်ခြင်းငြီးလို့ ဆုံးအတိတ်ကို
ပြန်ယောင်​တမ်းတ
ချစ်စေ...လွမ်းစေ...သနားစေနဲ့
သံယောစဉ်ကြိုး တစ်ပတ်ပြန် ချည်လိုခြင်းလည်း မဟုတ်​ရပါ။