Tuesday, June 24, 2014

လန့် နိုး ခြင်း . . (၂) (terry) 

လန့် နိုး ခြင်း . . (၂) (terry)

အော်မြည်သံများယိမ်းထိုး
ဦးခေါင်းအထက်၌
လျှပ်ပန်းများပန်ဆင်လျှက်
ကမ္ဘာကြီးသည် ကဗျာလွတ်ကနေသည်
အမည်မသိ သံစဉ်တစ်ခု၏
နောက်ဆုံးခရီးသို့
လိုက်ပို့ကြသူများကျကျန်ခဲ့သော
ခြေလှမ်းများကြား
ဆူးပင်တစ်ချို့ ကမူးရှူးထိုးကုန်းထလာကြ၏

အမည်မတပ်ကြပါနှင့်……
ဒါပေမယ့်
ကျူပ်ကိုကျူပ်တော့ နာကျင်ခြင်းလို့  ခေါ်မယ်။

(ခ)

ပူလောင်နေဆဲပဲ….
နမ်းရှိုက်ချင်ဆဲပဲ…..
ကိုယ်ပိုင်လောကသာရှိရင်
အဲ့ဒီကောင်းကင်မှာ
နွေဥတုချည်း (ပွင့်) မယ်

နှစ်ချိုက်သည်ဖြစ်စေ….
မနှစ်ချိုက်သည်ဖြစ်စေ….
အဆိပ်အပြည့်နဲ့အိပ်မက်ကို
ဖန်ခွက်ကအရင်မက်လိမ့်မယ်

နောက်အပိုဒ်ဆက်ရန်...