ဧရာမြေ
ခရေတမာပိတောက်ပါ
နောက်ခံ မြစ်ဧရာ!!
ငါတိုရွာဘေးစီးဆင်းပြေး
ရေကြည်ချောင်းကလေး
ချောင်းကလေးကတံပေါ်
သီချင်းတကြော်ကြော်
အဖော်တွေနဲမိတ်အပေါင်း
ပျော်ဖို့အလွန်ကောင်း!!
နွားကျောင်းသားတို့ပလွေချို
ဆည်ဆာနေညိုညို!!
ကျေးရွာပျိုမေ ဖော်တသင်း
ရေချိုးရေခပ်ဆင်း!!
လယ်ယာကွင်းနဲရှုခင်းသာ
မြရောင်စိမ်းလဲ့ဖြာ
ဧရာမြေ သည်အလှ
ငြိမ်းချမ်းပေစွသာပေစွ!!
❦ လင်းလက် ♪♪♪
ဒေါင်းလော့ဆွဲရန် ကဗျာပင်လယ်.apk