သုညရဲ့တွင်းထွက်ပစ္စည်း
မင်းမရှိရင် ငါ့အတွက်...ဘာမှမရှိတော့ဘူး။
အမောဖောက်ခဲ့တဲ့
အောင့်သက်သက် နေ့ရက်တွေမှာ ..
မင်းသာ.. ငါ့ရဲ့ အသက်ရှုရာ။
ကြမ်းတမ်းခဲ့တဲ့ ခက်ထန်စရာ
ရာသီဆိုးထဲမှာ မင်းသာ ..
ငါ့ရဲ့ လဲလျောင်းရာ ။
လှိုင်းထန်ခဲ့တဲ့ ထိတ်လန့်စရာ
မုန်တိုင်းများကြားမှာ ..
မင်းသာ .. ငါ့ရဲ့ ကယ်တင်ရာ ။
မွန်းကြပ်ခဲ့တဲ့ ရင်နင့်စရာ
နေ့ညများစွာမှာ .. မင်းသာ
ငါ့ရဲ့... ရင်ဖွင့်ရာ ။
မင်းမရှိရင် .. အသက်ရှုမဝဘူး
မင်းမရှိရင် ..လဲလျောင်းရာနေရာမရှိဘူး
မင်းမရှိရင် .. ကယ်တင်မယ့်သူ မရှိဘူး
မင်းမရှိရင် ..စကားပြောဖော်မရှိဘူး
မင်းမရှိရင် ငါ့မှာ...ဘာမှ မရှိတော့ဘူး ။
မောင်လှမျိုး