ပုံပြောကောင်သူသို့
ညက အိပ်လို့မပျော်တာရယ်
ချစ်သူကိုလွမ်းစိတ်
ကြီးစိုးနေတာရယ်ကြောင့်
ချစ်သူပစ်သွားပြီးကတည်းက
အခန်းကျဉ်းလေးရဲ့နံရံကိုမှီရင်း
အားငယ်နေတဲ့ဂီတာအိုကို
ထွေးပွေ့မိလိုက်တယ်
အားကိုးတကြီးခိုဝင်လာတဲ့
ဂီတာလေးကငါ့ကိုပြောတယ်
ကြိုးညှိလိုက်လေတဲ့
ဒီလိုနဲ့ဂီတာလေးကိုကြိုးညှိရင်း
ဘလက်ဂင်အသွားနဲ့
သီးချင်းတစ်ပုဒ်ကို
ငြီးထွားစေလိုက်တယ်
သြော်....ချစ်သူရယ်
ဟောင်းနွမ်းနေတဲ့
ဂီတာအိုလေးကတောင်
အထီးကျန်နေတဲ့ ငါ့ဘဝကို
နှစ်သိမ့်ဖော်ရသေးတရ်
လေပြေအေးအေးလေးတွေလဲ
ပူလောင်နေတဲ့ရင်ခွင်ကို
ထွေးပွေ့ဖော်ရသေးတယ်
ကြယ်စင်တွေကလဲ
အဖေါ်မဲ့နေတဲ့ငါ့ရင်ဖွင့်စကားတွေကို
နားထောင်ပေးဖော်ရသေးတရ်
ချစ်တယ်လို့ပုံပြောသွားတဲ့
မင်းကတော့
ရင်ခွင်သစ်မှာ
သိပ်ပျော်နေရှာမှာပေါ့နော်
ဘာပဲဖြစ်ဖြစ်
မင်းအဆင်ပြေရင်ပြီးတာပဲလေ
ငါကျေနပ်ပါတယ်
ငါ တကယ်ကျေနပ်ပါတယ်။
❦ Alkhaeluu ❦
ကဗျာပင်လယ်.apk