Thursday, June 26, 2014

စိတ်​ရဲ့အ​ဖော်


စိတ်​ရဲ့အ​ဖော်

အသံပျောက်နေပါလားနွေ…

.နွေဟာသူမဟုတ်သလိုပဲ
ရွက်ကြွေ​တွေခြွေချတာကလွဲလို့
သူမတတ်တော့ဘူးထင်​တယ်… မင်းမှာချိုသာစရာတွေရှိတယ်လေ​နွေ
အ​ဖော်ပျောက်ငှက်သံနဲ့ ဆွေးကောင်းတဲ့လေရူးတွေ
လွမ်းကောင်းတဲ့မြူမှုန်တွေ
တပ်မက်သူအတွက်
မျှော်လင့်စရာတွေပါနွေ.....

ချစ်သူက​ပြောဖူးတယ်နွေ
လေ​ပြေငါ့ကိုပွတ်တိုက်တာတောင်
ကြိုက်ဖူးတဲ့မင်းရဲ့လေရူးတွေဆို..

သူငိုမလားမသိ
(ဟူးးးးးး) သူ..မသိစေနဲ့နော်နွေ… သူငိုမှာငါကြောက်တယ်… သူကချစ်ဖို့ကောင်းတယ်နွေ
ငါ သတ်ပုံမှားသမျှခွင့်လွှတ်တယ်
ငါ သူ့အတွက်
ကြက်ခြေမရခဲ့ဖူးဘူးနွေ
သူငါ့ဘေးမှာအမြဲရှိမယ်တဲ့
မင်း..ငါ့အတွက်ပျော်ပေးနော်နွေ (သား…ဆေးသောက်​ရ​အောင်…)
.×..×…××ရှူးးးးး…
တိုးတိုးနေ​နွေ…မေ​မေ့ကို မင်းနဲ့စကားပြောတာမသိစေချင်​ဘူး

ခဏ​စောင့်နော်နွေ….
သူ့အ​ကြောင်းဆက်ပြောပြမယ်
ခု… ငါဆေးသောက်လိုက်ဦးမယ်နော်..




ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်