ခုံလုပွဲ
ခြိမ့်ခြိမ့်သဲသဲ… ဆင်နွှဲလိုက်ကြတာ… တကွင်းလုံးအုံးအုံးထ…
ဒီပွဲက၂၀၁၄ အတွက် အကောင်းဆုံးဟာသလေ……. ဘုရားစာရွတ်သူကရွတ်… ပြောင်းဖူးကျွေးသူကကျွေး….
ဘုရားဈေးကအရုပ်ပါမရှောင်…
လက်ဖွဲ့အဖြစ် ဆောင်လို့
ရထားတဲ့နေရာလေး…
မြဲနိုင်သမျှ မြဲစေရေးအတွက်… ကျစ်ကျစ်ပါအောင်ဆုပ်…
ပြုတ်မကျအောင်အားထုတ်လို့ပေါ့…… မျက်လုံးတော် ပေကလပ်နဲ့… ရိုးသားချင်ယောင်ဆောင်
နေရာလေး တစ်ခုအတွက်…
အနီ..အနက်မကသက်တံ့ရောင် ဥာဏ်တွေသုံးလို့…..
အံ့အားသင့်စရာအကွက်လှလှတွေနဲ့… ပရိသတ်ကို မျက်လှည့်ပြ…. အလှည့်အပြောင်းတွေမှာ… ကွင်နိုင်ကြပါတယ်….
အကျိုးအမြတ် အတွက်ဆို…
သိက္ခာကို အလေးမထား…. ဟိုအနံ့ရတဲ့အကောင်လို…
အမြီးလေးနှံ့ပြီး… ထိုးထိုးဟောင်နေလိုက်တာများလေ…. သရုပ်ဆောင်ချက်တွေကပိုင်နိုင်… အမူအရာတွေကပြောင်မြောက်… ရုပ်ရှင်ဇာတ်ကားသာဆို… အော်စကာရလောက်ပါရဲ့……
ကျွန်ုပ်တို့၏ခုံလုပွဲ….
ဘယ်သူမြဲမယ်မသိသေးပေမယ့်…. ပွဲအလယ်ရောက်မှ
ခုံကျိုးကျရင်ဖြင့်
အကုန် အကျိုးနည်းကြရော့မယ်…….
၂၀၁၄ အတွက်စောင့်ကြည့်ရမယ့်
အော်စကာစာရင်းမှာပါ…..
ပတ်စာခွာဖြာလိပ်မှ..
အောင်နိုင်သူကို သိရမှာပေါ့……
ပွဲပြီးရင်..မီးသေဖို့အရေး..
ကဲ...
ဘာတွေတွေးနေကြပြီလဲ....