Wednesday, June 25, 2014

မှော်​မင်းသမီး (၁) ❦ ​မောင်​လှမျိုး ❦


မှော်မင်းသမီး (၁)

ကခုန်ဖို့ ဂီတ ..မလိုဘူး

ရယ်မောသံစဉ်ကြား
ဆံပင်​ဖားလျားချထားရုံနဲ့
ပုံပြင်​ထဲက နတ်သမီးလို
ညကို ... ချိုမြိန်စေခဲ့ပြီ။

မိွန္ပ်ပ် ဘဝ.....
မီးအလင်းရောင်

ငါ့ကို မမြင်​ချင်ယောင်ဆောင်​ထားပါ။

ကြားနေသံ ဂီတ ငါ..မကချင်​ဘူး..
သူ့ရဲ့ အာရုံ..အညွန့်အဖူးထဲမှာ
ငါ့စိတ်ဝိညာဉ် မြုပ်နှံလိုက်ပြီ။

သူနဲ့စုံတွဲကဖို့ ခဏ​လောက်
မီးတွေမှိတ်လိုက်ပါ။

မောင်​လှမျိုး