Thursday, June 26, 2014

အယူခံလွှာ ❦ ​မောင်​လှမျိုး ❦


အယူခံလွှာ

လမ်းခွဲစကား ဝမ်းနည်းခါးသက်
ဓားထက်ထက် .. ခွဲမကြားရက်လည်း
ကြားခဲ့ပြီ ။

လမ်းခွဲသတင်း ဝမ်းနည်းခြင်းဖြစ်

မြားနှင့်ပစ်ခွင်း ရင်​တွင်းပြိုကွဲ
မကြားရဲလည်း ကြားခဲ့ပြီ ။

ခွဲရက်သူက ကွဲအက်ပျက်သုဉ်း
မုန်းဖို့ကြေညာ မ​နေသာဘူး
အချစ်ဦးရယ် ။

ရူးရူးမိုက်မိုက် စူးစိုက်သည့်..ဓား၊

ခွင်းသည့်မြားကို သနားငဲ့ညှာ ၊
စာနာကိုယ်သိ ငိုသည့်မျက်ဝန်း ၊

အံကိုတင်းကာ ချက်ချင်းအမြန်နှုတ်ပေးပါ .. ။ ။

မောင်​လှမျိုး