အတွင်းစံ
ရောင်စုံအိပ်မက်တွေလောက် မလှပပါဘူး မင်း.......... အပြုံးလေးတွေ
နီးနီးလေးမှာ မြင်ရပြီးတဲ့.. နောက် ..
တခြားရယ်သံတွေ မကြားချင်တော့ဘူး။
လေမဝင်တော့လောက်အောင်
လှောင်ပိတ်နေပါစေ ...
မင်းအနားမှာရှိရင် အသက်ရှုဝတယ်။
အိပ်မက်သေးသေးလေးထဲ
ကပွဲမလိုဘူး။ ဒီနေရာမှာ ..
ငါငိုခဲ့ဖူးတယ်ဆိုရင်တောင်၊
မင်းရှိနေမှတော့ ညကလှပလွန်းပြီ။
ရောင်စုံအိပ်မက်တွေ ..ဖယ်ပေး
ဒီည .. ငါ... ဒီမှာပဲ ...
တစ်ရေးလောက် အိပ်ချင်တယ် ။
မောင်လှမျိုး