Wednesday, June 25, 2014

အတွင်းစံ ❦ ​မောင်​လှမျိုး ❦


အတွင်းစံ

ရောင်​စုံအိပ်မက်တွေလောက် မလှပပါဘူး မင်း.......... အပြုံးလေးတွေ
နီးနီးလေးမှာ မြင်​ရပြီးတဲ့.. နောက် ..

တခြားရယ်သံတွေ မကြားချင်တော့ဘူး။

လေမဝင်တော့လောက်အောင်
လှောင်​ပိတ်​နေပါစေ ...

မင်းအနားမှာရှိရင် အသက်​ရှုဝတယ်။

အိပ်မက်သေးသေးလေးထဲ
ကပွဲမလိုဘူး။ ဒီနေရာမှာ ..
ငါငိုခဲ့ဖူးတယ်ဆိုရင်တောင်၊
မင်းရှိနေမှတော့ ညကလှပလွန်းပြီ။

ရောင်​စုံအိပ်မက်တွေ ..ဖယ်ပေး
ဒီည .. ငါ... ဒီမှာပဲ ...
တစ်ရေးလောက် အိပ်ချင်​တယ် ။

မောင်​လှမျိုး