လွမ်းတဲ့လမ်း
လွမ်းတဲ့လမ်းမှာ ပန်းလည်းမပွင့်
ရင်နင့်စရာ..။
လွမ်းတဲ့လမ်းမှာ ရွက်သစ်မဝေ
ရွက်ခြောက်တွေဝဲ ကြေကွဲစရာ ..။
လွမ်းတဲ့လမ်းမှာ စမ်းလည်းမစီး
ဝမ်းနည်းကြီးမား သီးခြားကမ္ဘာ..။
လွမ်းတဲ့လမ်းမှာ ချစ်သူမတွေ့
မပျော်မွေ့ဘူး.. ။
ရင်မှာစူးလျက် ရူးချင်စရာ .. ။
လွမ်းတဲ့ လမ်းမှာ..... ။ ။
မောင်လှမျိုး