သံယောဇဉ်သင်္ကေတ
လမ်းအခွဲမှာ ၀မ်းနည်းစွာနမ်း၊ နှုတ်ဆက်လှမ်းခက် လွမ်းရေးခက်သည် ..။
လွမ်းရေးခက်လည်း ရင်ခွင်အက်နာ
အကြင်နာကင်း မာန်တလင်းကြောင့် နှုတ်ဆက်သီချင်း ဆိုခဲ့ပြီ ။
နှုတ်ဆက်လက်ပြ သက်တမျှ
မြတ်နိုးအငွေ့ မခြောက်သွေ့သေးသည်
အတွေးကြောင့် အပြေးဖတ်လျက်ငိုမိသည် ။
မောင်လှမျိုး