အချစ်ပင်လယ်
ချစ်သူရယ်
မမြင်ရသည့် နေ့ရက်တွေမှာ
လွမ်းမောစွာနဲ့ ငါမျှော်နေမိတယ်
အချစ်စစ်ဆိုတာ ပူပင်မှုတွေနဲ့
ပြည့်နက်နေတာပဲလား......
တခါတလေ....
ချစ်သူအကြည့် ငါအဖြေညှိတော့
ပဟေဠိဆန်တဲ့ ချစ်သူမျက်ဝန်းတစုံမှာ
မုန်းရိပ်တွေထင်နေတာ ငါမြင်ယောင်နေတယ်
သို့ပေမဲ့လည်း......
အမုန်းတရားရဲ့နောက်ကွယ်မှာ
အချစ်ဆိုတာရှိတယ်
ပမာပုံခိုင်းနှိုင်းပြရရင် အချစ်ဆိုတာ
လွန်းတင်ကြိုးလို ပါပဲကွယ်
တင်းလွန်းရင် ပြတ်မယ်
လျော့လွန်းရင်လည်း
လိုရာမရောက်သလို
မလျော့မတင်းပဲနှင့်
အချစ်ဆိုတဲ့ ပင်လယ်မှာ
ကူးခတ်ကြငါတို့တွေခါးသီးမှုကိုဖယ်
ချိုမြိန်မှု'သစ္စာ'မေတ္တာ
နှောင်အဖွဲ့တွေနဲ့ကူးခတ်ကြရင်
ဆယ်ကမ္ဘာတိုင်လည်းချစ်လျက်ပဲပေါ့
ချစ်သူရယ်။
ငွေလဝန်း