Tuesday, June 24, 2014

မေမေ့တေးသံ

မေမေတေးသံ

ဟိုယခင်ငယ်စဉ်က
အူဝဲအူဝဲ ငိုသံမစဲတော့
ရင်ခွင်တံခါးကိုဖွင့်
တေးသံလွင့်ကာ ပီတိဖြာ၍
မေတ္တာလက်ကိုသုန်း
ကြင်နာစွာတင်ပါးကိုရိုက်
အိပ်ပါတော့လား မေမေသားဟု
ဆိုကာပြုံးရင်း မမှိတ်တဲ့မျက်စိအစုံနှင့် သားကိုကြည့် အားပြည့်နေခဲ့တဲ့ အမေ---သားအရွယ်ရောက်လာတော့ ကျောင်းထားနိုင်ရေး နေ့စဉ်တွေးကာ တောင်ယာစိုက်ခင်း အမြဲဆင်း၍ သီးနှံထွက်တိုးဖို့ရေး ချွေးစက်ပေးရင်း ဝါးခမောက်စုပ်နဲ့ အလုပ်ရှုပ်နေတဲ့ အမေ--ရသမျှငွေနဲ့ သားကိုကျောင်းထား
အဝတ်စားဆင် လှစေချင်
တတ်စေချင်ခဲ့တဲ့ အမေ---
အမေမှာတော့ တောင်ယာခင်းမှာ
ချွေးတွေထုတ် အင်္ကျီစုတ်နှင့်
တေးဆိုနေခဲ့တယ်
အမေ--ဆိုသောတေး
ကျောင်းတော်တက်သွား ငါ့ရဲ့သားသည် အဆင်ပြေဖို့ရေး ငါအသက်ပေးလို့ငွေရှာမည် ချွေးစက်မြေခ ကြွေကြသော်လည်း--- သားလေးအရေး တွေးလို့ ငါပျော်မိပါသည် တဲ့-- ဇရာထောင်းပေမဲ့ အသံကောင်း၍ မေတ္တာမဟောင်းမပြောင်းလေသောအမေရေ--အမေမေတ္တာတရားဟာ လွန်စွာကြီးမား၍ ပြန်လည်ပေးဆပ်သော်လည်းမကြေနိုင်
တုနိုင်းမဲ့ မေတ္တာဖြစ်သောကြောင့်