Friday, June 27, 2014

ဇာတ်ညွှန်းပျောက်သွားတဲ့ကပွဲ (terry) 

ဇာတ်ညွှန်းပျောက်သွားတဲ့ကပွဲ (terry) 

ဆောင်းလိုလဲ ခမ်းခဲ့တယ်..
နွေလိုလဲ လွမ်းခဲ့တယ်…
ရာသီတစ်ခုထဲမှာပဲ
နှစ်ခါဖူးခဲ့တဲ့ကောင်….
လမ်းတွေက
လွမ်းလောက်အောင်…“ပူ”တယ်။

တစ်ယောက်ထဲကျန်ချင်တဲ့
အောင်မြင်မှု့နဲ့ ………..
တစ်ယောက်တည်းကျန်ခဲ့တဲ့
အထီးကျန်ခြင်းကို
စာအိပ်ထဲထည့်ပြီး ဇစ်ပိတ်လိုက်တယ်။

ကဲ…အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။
တွေ့ဖူးတဲ့သူတွေကိုလည်းမပြောပါနဲ့..
မတွေ့ဖူးတဲ့သူတွေကိုလည်းမပြောပါနဲ့..
ငါစီးမယ့်ဒီဇင်ဘာရထားက
ည 93း5 မှာ ထွက် မယ်။

terry(21.8.2011)10:00am