Friday, June 27, 2014

လူတိုင်းတွင် တာဝန်ရှိပါသည်

လူတိုင်းတွင် တာဝန်ရှိပါသည်
====================

ကျောင်းရှေ့က မုန့်ဆိုင်မှာ
မီးခြစ်ချိတ်ထားတယ်
အနာဂါတ်ကို မီးခိုးမှိုင်းတိုက်မလို့တဲ့

ဆရာဝန်တစ်ယောက်ကပြောတယ်
ဆရာဝန်တွေကို အာဏာတခုပေးပါ
ဆေးလိပ်အမြစ်ပြတ်တားချင်လို့ပါတဲ့ . . .

မာသာထရေဇာက ပြောတယ်
ကျွန်မကလေးတွေအတွက်
ဒိုင်ယာနာသောက်တဲ့ ဟင်းချိုတစ်ခွက်တန်ဖိုးဆိုလောက်ပါပြီတဲ့
ကျွန်တော်တို့လည်း
ခရိုနီတွေ dinner တစ်ပွဲစာလောက်နဲ့
ကျောင်းကောင်းကောင်းတစ်လုံးဆောက်ချင်တယ်

ပညာရေးဟာ
မေးခွန်းတွေအလယ်မှာ သောင်ထွန်းနေတဲ့ကျွန်းဖြစ်နေပြီ
ဓာတ်ငွေ့တစ်လပြည်ပရောင်းရငွေက
international school 7 ကျောင်းဆောက်လို့ရပါသတဲ့
UNICEFကပြောသွားတယ် …
ကလေးတွေ ကျောင်းတက်
ရေ ဒူးခေါင်းမြုပ်နေတုန်းပါပဲ
သွပ်က မိုးယိုတုန်းပါပဲ … … …

မြန်မာပြည် ပညာတက်မူ့
တစ်နိုင်ငံလုံး အတိုင်းအတာ ( ၄ တန်း ) တဲ့
( သွေးကြောတွေသာ ဖြတ်တောက်လိုက်ချင်တယ် )

ကျွန်တော် ဥာဏ်မမှီဘူး
ဘယ်ခုနှစ်ကတည်းက ကျူရှင်ပေါ်လာတာလဲ ?
နာသုံးနာ ကိုခုတုံးလုပ်
တချို့က သူဌေးဖြစ်ကြံနေတယ်
( ဒါကလည်း အကြံဆိုးနဲ့လမ်းပြခဲ့တဲ့ ခေါင်းဆောင်ညံ့ကြောင့် )

ခင်ဗျားသူဌေးဖြစ်ချင်သလား ?
ဓားပြတိုက်ပါ … …
ဘဏ်ဖောက်ပါ … …
ဓားကိုင်ပြီး လူသတ်ရင် အများဆုံး ၁၀ ယောက်ပေါ့
သေနတ်နဲ့ပစ်သတ် အများဆုံး အယောက် ၅၀ ပေါ့

ဆရာတစ်ယောက်က အနာဂါတ်ကြီးကိုပါ သတ်ပြစ်နိုင်တယ်
သန်း ၆၀ လုံးကို ရေစုန်မျှောပစ်နိုင်တယ် . . .
{ ဆွမ်းဆန်ထဲ ကြက်ချေးရောတဲ့ခေတ်မို့
ဆရာစစ်စစ်တွေကိုတော့ အားနာပါရဲ့ }

ကလေးတွေ ကျောင်းရောက်ဖို့
မိဘတွေ ဝင်ငွေလောက်ဖို့လိုတယ်
မိဘတွေ ဝင်ငွေလောက်ဖို့
အခြေခံလစာတွေ တိုးမြင့်ဖို့လိုတယ် . . .

ကလေးတိုင်း ကျောင်းရောက်ပါရဲ့လား ?
ကျောင်းရောက်တိုင်း စာတတ်ပါရဲ့လား ?
စာတတ်တိုင်း စာဖတ်ပါရဲ့လား ?
စာဖတ်တိုင်း ပညာတက်ပါရဲ့လား ?

စစ်အုပ်ချုပ်ရေးနဲ့
တိုင်းပြည်ကို ချောက်ထဲကန်ချသွားတာ
လူညံ့တွေ နေရာရတဲ့ တချိန်ကခေတ်ကြောင့်
လူတော်တွေ ဆုံးရှုံးလိုက်ရတာ . . .

လဲနေရာက ထ,ဖို့သင့်ပါပြီ
ဆက်လဲနေရင် လူမျိုးပျောက်
ရာသက်ပန် ဒူးထောက်ရတဲ့လူမျိုးဖြစ်တော့မယ်

ဆရာတွေ နိုးထကြပါ
မိဘတွေ နိုးထကြပါ
နိုင်ငံခေါင်းဆောင်တွေ နိုးထကြပါ
လူတိုင်း နိုးထကြပါ
ကလေးတွေကို နိုးကြားဖို့စွမ်းဆောင်ကြပါ

မြန်မာဆိုတာ ဘုန်းတန်းခိုးကြီးမြတ်ခဲ့တဲ့လူမျိုး
တချိန်က မြန်မာဆိုတာ
စင်ကာပူက အတုယူရတဲ့နိုင်ငံ

ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ဦးသန့် ဆိုတာ
မြန်မာပြည်ဧရာဝတီတိုင်းက
ရွာသားလေးတစ်ဦး
( လူတော်တွေ ငါတို့နိုင်ငံကထွက်ခဲ့တယ်
ဒါကို မြန်မာပြည်သူ/သားတိုင်းသိရမယ်
ငါတို့ဟာ ခပ်ညံ့ညံ့လူမျိုးတွေ မဟုတ်ဘူး )

အိပ်ချင်ယောင် ဆောင်မနေကြပါနဲ့တော့
မသိချင်ယောင် ဆောင်မနေကြပါနဲ့တော့
တာဝန်တွေ မရှောင်နေကြပါနဲ့တော့ . . .

ကလေးတွေကို စနစ်တကျစိုက်ပျိုး . . .
နောင်အနှစ် ၂၀
( သို့မဟုတ် ) ၄၀ ပေါ့ဗျာ
အဲ့သည့်အချိန်ကို မှန်းကြည့်လိုက်စမ်းပါ

မြန်မာပြည်ရဲ့ အဖူးအပွင့်တွေဟာ
အာရှတိုက်သာမက
ကမ္ဘာကိုပါ ရနံ့တွေ လှိုင်လှိုင်ထ'
ပြီးမွှေးနေမှာ . . . .

Ulay Kyi ( ကိုလင်း )

အကြောင်းပြချက်မပေးပေမယ့်ငါနားလည်ခဲ့ပါတယ်…….(terry) 

အကြောင်းပြချက်မပေးပေမယ့်ငါနားလည်ခဲ့ပါတယ်…….(terry) 

ပုဂ္ဂလိကညနေခင်းတစ်ခု….
စိတ်ကူးတွေထိုင်သောက်ရင်းနဲ့ 
ရာသီဥတုအဟောင်းတွေရဲ့ အကြောင်း
ပြောနေချိန်ပေါ့ ……။

ထင်မှတ်မထားပဲရွာတဲ့မိုးလို
ပြိုဆင်းလာတဲ့စကားသံတွေ
ရုတ်တရက်ပဲသည်းထန်သွားတယ်…။

“ဦးဏှောက်ကိုရတာ
မဆန်းပါဘူး….
ငါကိုယ်တိုင်ရွေးချယ်ခဲ့တာ
နှလုံးသားမှမဟုတ်တာ”တဲ့….
သောက်လက်စကော်ဖီမှာ
ငါ့အအတွေးတွေသီးကုန်တယ်…။

မတူညီတဲ့ကြားထဲကပဲ
နှစ်ဦးသဘောတူ
ငြိမ်သက်သွားတယ်…….
မုန်တိုင်းတစ်ခုရဲ့ 
ပထမဆုံးတိတ်ဆိပ်ခြင်းလိုပေါ့..

သူမရဲ့ အပြုံးတွေကတော့
ပန်းချီကားတစ်ချပ်ရဲ့ 
လှို့ ဝှက်ချက်လိုပဲ
တဖြည်းဖြည်းဆည်းဆာဆန်လာတယ်။

မာန်နတ်ရဲ့ နှုတ်ဖျားကိုရဖို့ 
ဘယ်လိုများ
ပြင်ဆင်လိုက်လဲလို့ 
ငါမမေးဖြစ်တော့ပါဘူး…
ကိုယ်ချင်းစာတတ်ခြင်း
ခံစားချက်…
သူမအဘိဓာန်ထဲမှာမရှိခဲ့လို့ ပဲ…။

ကန္တာရထဲကအပင်ကို
ရေလိုတယ်ထင်တာကိုက
ငါစမှားတာပါ……
သူငါ့ကိုလင်းစေချင်တဲ့အလင်း
အခြားတစ်ယောက်ကို
မြင်လိုခြင်းအတွက်ပဲဖြစ်တယ်။

…….
ငါအပြစ်မပြောခဲ့ပါဘူး
ပိုးဖလံတစ်ကောင်လိုပဲ
ငါမြတ်နိုးတဲ့မီးအတွက်
ကျေကျေနပ်နပ်နဲ့ကို
သေတတ်ချင်ခဲ့တာပါ……။

သူမ သိခဲ့တာက
အလုပ်တစ်ခုဟာ
အတွေးကနေစတယ်တဲ့
ဒါပေမယ့်…….
နင့်အပေါ်မှာထားတဲ့
ချစ်ခြင်းတရား
မတွေးတတ်ခင်မှာပဲ
ဖြစ်ပျက်သွားတာပါ……။

သူငယ်ချင်းတဲ့လား…..
နေကျဲကျဲတစ်ကွက်နဲ့တော့
ငါ့ကော်ဖီခွက်ပြန်ပူလာဖို့ 
ဆုမတောင်းတတ်ချင်တော့ဘူး….
ရာသီတွေလွဲနေတဲ့
ကောင်းကင်မှာ
ပုံမှန်မဟုတ်ခြင်းကိုက
နေသားကျနေပါပြီ…..။

လိုအပ်လို့ ပဲဖြစ်ဖြစ်…..
မလိုအပ်လို့ ပဲဖြစ်ဖြစ်….
ဖျတ်ခနဲလက်သွားတဲ့
လျှပ်စီးလို…
တစ်ခါတစ်ရံသတိရခြင်း
မျိုးလောက်ရှိရင်ပဲ…
ငါ..ကျေ..နပ်..လိုက်..ပါ..ပြီ…..။

terry(21.4.2011)

ကဗျာဆရာ terry

ကဗျာဆရာရဲ့စကားလုံးဆိုတာ
ခွဲစိတ်ပြီးသားသမိုင်းတစ်ခုကရတဲ့
သွေးအလိမ်းလိမ်းနဲ့
ကျည်ခွံသက်သက်ပါပဲ…….
ယုံကြည်ရန်မလိုအပ်ပေမယ့်
အင်္ကျီကိုဖွင့်ဖတ်ကြည့်ပါ…
သူတို့…….
ဘ၀ နဲ့ ရင်ဘတ်မှာ
ကျည်ရာတွေကိုတွေ့လိမ့်မယ်။

(terry)

ပေါက်ကွဲဖို့ သူရဲဘောကြောင်နေတဲ့မီးတောင် (terry) 

ပေါက်ကွဲဖို့ သူရဲဘောကြောင်နေတဲ့မီးတောင် (terry) 

အရိုးရှင်းဆုံး မျက်ဝန်းတစ်စုံနဲ့
ငါ့ရင်ကို အဆန်းပြားဆုံး
ရင်ခုန်သံတွေ ဖူးပွင့်စေခဲ့သူ
အခုထိ ငါ့ကိုယ်ငါ
အိပ်မက်တစ်ခုလိုပဲ ထင်နေမိတယ်။

နင့်နှုတ်ခမ်းထောင့်စွန်းလေး
မသိမသာအောက်ကိုကွေးသွားမှာကို
အိပ်မက်ထဲမှာတောင်
မတွေးရဲခဲ့သူပါ။

ပြေးကြည့်ချင်ပေမယ့်
တွေးကြည့်လို့ပဲရတဲ့
အခြေအနေမို့
နင်နဲ့ပတ်သတ်မှ
စက္ကန့်တံတွေကို ငါမုန်းမိနေပြီ။

မျက်ဝန်းချင်းအဆုံမှာ
ယိုင်ယိုင်ထွက်သွားတဲ့
ငါ့စိတ်ကိုငါလိုက်ဖမ်းရင်း
ပျော်နေတတ်တာမို့
နင်ဟာ…
အဆိပ်တစ်ခွက်ဆိုရင်တောင်
မျက်တောင်တစ်ချက်မခတ်ပဲ
သောက်သုံးဝံ့ခဲ့ပြီ။
နင်နားလည်ပါတော့ ချစ်သူ……….။

terry (vzo မှ ကောင်မလေးသို့)

ဘာပဲဖြစ်ဖြစ် ဒီကဗျာဟာ နင့်အတွက်မဟုတ်ဘူး (terry) 

ဘာပဲဖြစ်ဖြစ် ဒီကဗျာဟာ နင့်အတွက်မဟုတ်ဘူး (terry) 

နင့်အကြောင်းကို
စိတ်ကူးကြည့်ရုံနဲ့
ငါ့သွေးခုန်နှုန်းဟာ
တစ်မိနစ်မှာ
၇၂ ကြိမ်ထက် ပိုပိုမြန်လာတယ်။

ငါပဲလည်နေတာလား….
ကမ္ဘာပဲလည်နေတာလား……..
သေချာတာတစ်ခုက
တူညီခြင်းမှာ
အတ္တ တစ်မျိုးမျိုးတော့
ပါဝင်နေလိမ့်မယ်။

နှုတ်ဆက်ခြင်းရဲ့အစမှာ
တွေ့ဆုံခြင်းရဲ့နိဂုံးကို
ငါမထင်မှတ်ပဲမြင်လိုက်ရတယ်
ငါတကယ်မသိလို့ပါ
နင်နဲ့ငါဟာ..
ကျောခိုင်းဖို့အတွက်
မျက်နှာချင်းဆိုင် လမ်းလျှောက်ခဲ့တာလား။

စီးကရက်တစ်လိပ်ရဲ့
ဝင့်ကြွားမှု့လိုပဲ
ပြာဖြစ်သွားမှာထက်
ရှိုက်ထုတ်ခံရမှာကို
ငါပိုကြောက်တယ်။

လူတစ်ယောက်မှာ
ကြောက်တတ်တဲ့အရာဟာ
ပိုဖြစ်နိုင်ခြေများသလိုပဲ
ငါဖန်ဆင်းတဲ့အလွမ်းက
ငါ့ကိုမှပိုချစ်တယ်ထင်တယ်။

စိတ်ပါဝင်စားခြင်းမရှိတဲ့
ပုံပြင်တစ်အုပ်ကိုဖတ်ရသလိုမျိုး
နိဒါန်း ထက် နိဂုံးကို
ပိုအလိုရှိမယ်ဆိုရင်
ငါ့စာမျက်နှာရဲ့ နောက်တစ်ရွက်ကို
နင်လှန်ကြည့်လှည့်ပါ။

တိတ်ဆိတ်စွာသေဆုံးနေတဲ့
အသဲကွဲရောင် ညနေခင်းက
နာကျင်တဲ့အပြုံးနဲ့
နင့်ကို ဆီးကြိုတုန့်ပြန်နေလိမ့်မယ်။

terry(13.12.2009)

တောင်းပန်ပါတယ်…….(terry) 

တောင်းပန်ပါတယ်…….(terry) 

ကြွက်ကိုနိုင်ဖို့
ကျီ ကိုမီးနဲ့ရှို့ခဲ့မိပြီ။
ဘယ်သူရှုံးလဲ..ဟုတ်လား…..
ကိုယ့်ရုပ်အလောင်းကို
ကားစင်တင်တာတောင်
အခြားသူအမှတ်နဲ့
ရပ်ကြည့်နေခဲ့မိတာကိုး…….။

ကိုယ့်အမှားတွေနဲ့ကိုယ်
ရှုပ်ရှက်ခပ်ရင်း
အမှန်တရားတောင်
ဘာအရောင်ပြောင်းသွားမှန်း
လှည့်မကြည့်ဖြစ်ခဲ့ဘူး……။

ပြာဖြစ်တော့ထင်းတစ်စက
အရင်သစ်ပင်ဘ၀ကို
ပြန်လွမ်းခွင့်မရှိမှန်း သိပါတယ်..။

ကိုယ့်နားထင်ကို ပြန်တေ့ထားတဲ့
သေနတ်တစ်လက်ရဲ့
“ဖြောင်း” ခနဲ့ မောင်းချသံထက်
ရိုးစင်းစွာထွက်ကျလာတတ်တဲ့
အဆင်တန်ဆာမဲ့
နင့်စကား ခပ်ပြတ်ပြတ် တွေကို
ငါပိုကြောက်တယ်…။

မစားကောင်းမှန်းသိပေမယ့်
ခဏလောက်
မြည်းစမ်းကြည့်ချင်ခဲ့တဲ့
အရှုံးသမားတစ်ယောက်ရဲ့
ရေငုံနှုတ်ပိတ် ခံစားချက်နဲ့ပြောမယ်….
နောင်တစစ်မယ်ဆိုရင်
အမှောင်ချထားရင်တောင်
တမ်းတခြင်းလောက်တော့
အရောင်ထွက်တယ်……..။

နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။

အရိုးသားဆုံးစကားလုံးကို
ကြားဖူးနေကြ အသုံးအနှုံးနဲ့ပဲသုံးမယ်
အမှားတွေအတွက်
ငါနင့်ကိုတောင်းပန်ပါတယ်………..။

TERRY(5.1.2011)

``မဆိုင်​ပန်း ´´

``မဆိုင်​ပန်း ´´
~~~~~~~
တစ်​ပါးသူအတွက်
ရည်​လျက်​ပွင့်​လာ
ပန်းမာလာကို
ကိုယ်​ကမညှာ
မစာနာပဲ
ခူးယူဆွတ်​ချူ
လှမ်း​တော်​မူဖို့
ကြံရွယ်​စိတ်​ထား
မတရား
မထားမိ​စေနဲ့ ....။

~သူ့ရှင်​~
[က​လေး ]

မင်းကိုအရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိဖူးရင် ဒီကဗျာလေးဖတ်ကြည့်ပါ - ( Snowflake) 

မင်းကိုအရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိဖူးရင် ဒီကဗျာလေးဖတ်ကြည့်ပါ - 
Snowflake 

သူကငါ့အတွက် ပထမ
ငါကသူ့အတွက်ဒုတိယ

သူကငါ့အတွက် အချစ်ဆုံးလူ
ငါကသူ့အတွက် အပျော်တမ်းလူ

သူကဘဝအကြောင်းကို နားလည်တယ်
ငါကဘဝအကြောင်းကို ကဗျာဖွဲ့တယ်

သူက နေရာအနှံ့သွားပြီး
အသစ်တွေ လေ့လာရတာ နှစ်သက်တယ်
ငါကဘယ်သွားသွား
သူ့လက်တွဲသွားရတာနှစ်သက်တယ်

သူကအချစ်ခံရမှာကြောက်တယ်
ငါကမချစ်ရမှာကြောက်တယ်

သူ့နှလုံးသားက အေးစက်စက်
ငါ့နှလုံးသားက သွေးပျက်ပျက်

သူကအချစ်ကို အလေးခိုးတယ်
ငါကအဆစ်ထည့်ပေးတယ်

သူကလူမသိသူမသိငိုတယ်
ငါကလူသိသူသိလွမ်းတယ်

သူကဆုံးဖြတ်ရမှာ ကြောက်တယ်
ငါကစွန့်လွှတ်ရမှာ အခက်ဆုံးပဲ

နှစ်ယောက်စလုံး အကစားခံရမှာကြောက်တယ်
ဒါပေမဲ့
နှစ်ယောက်စလုံး အချစ်ကို ကစားတုန်းပဲ

သူကပျင်းတိုင်း နောက်တစ်ယောက်ရှာတယ်
ငါကအထီးကျန်လို့ နောက်တစ်ယောက်ထားတယ်

သူကအချစ်အတွက် တစ်ပါးသူနှလုံးသားကိုခွဲတယ်
ငါကအချစ်အတွက် ငါ့နှလုံးသားငါရိုက်ခွဲတယ် ။ ။

Snowflake

ထမင်းလုံးတစ္ဆေ - terry

ထမင်းလုံးတစ္ဆေ - terry

လက်ဆုပ်လက်ကိုင်မရှိတဲ့ဒေသကို
အာရုံငါးပါးလုံးစိတ်ဖော့
အတိတ်ဟာ
ကယောင်ချောက်ခြားကမ်းကပ်လာတယ်
ငါမရယ်ပါရစေနဲ့ 
ငါမငိုပါရစေနဲ့ 
လိပ်ပြာစောင့်သောဝတ်မှုံအတွက်
ကဆုန်ပေါက်ပြေးလာတဲ့
ပြည်တော်ဝင်ခန်းဟာ
ရုံစောင့်ကြီးတစ်ယောက်သာဖြစ်တယ်
မယုံပါနဲ့ ………….
အသားကျချုပ်နှောင်မှု့မှာ
လွပ်လပ်မှု့သေသွားတာ
မယုံပါနဲ့ …………..
လိုအပ်မှု့နာမ်စားနဲ့ အချစ်စစ်မှားနေတဲ့ကဗျာကို
သူမရပ်ဝန်းမှာကျွန်တော်ဟာ
ဘယ်တော့မှမရင်းနှီးနိုင်တဲ့မြင်ကွင်း
နံရံတွေဟာနားသာထောင်ပြီး
ပြန်မပြောတတ်ခဲ့
စကားဝါပန်းလေးလို
သူမကျွန်တော့ကိုချစ်တယ်
ကျွန်တော့လိုပဲသူမကချစ်သူကိုချစ်တယ်
အထိမ်းအမှတ်အနေနဲ့ ငါဟက်ဟက်ပက်ပက်ငိုချင်တယ်
အတွင်းပူလောင်နေတဲ့ရိုးပြတ်ဟာ
တံငါသည်အလာကို
လက်ချိုးပြီးမတ်တပ်ရပ်နေသလိုမျိုး….။

terry(14.12.2011)11;00pm

ဇာတ်ညွှန်းပျောက်သွားတဲ့ကပွဲ (terry) 

ဇာတ်ညွှန်းပျောက်သွားတဲ့ကပွဲ (terry) 

ဆောင်းလိုလဲ ခမ်းခဲ့တယ်..
နွေလိုလဲ လွမ်းခဲ့တယ်…
ရာသီတစ်ခုထဲမှာပဲ
နှစ်ခါဖူးခဲ့တဲ့ကောင်….
လမ်းတွေက
လွမ်းလောက်အောင်…“ပူ”တယ်။

တစ်ယောက်ထဲကျန်ချင်တဲ့
အောင်မြင်မှု့နဲ့ ………..
တစ်ယောက်တည်းကျန်ခဲ့တဲ့
အထီးကျန်ခြင်းကို
စာအိပ်ထဲထည့်ပြီး ဇစ်ပိတ်လိုက်တယ်။

ကဲ…အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။
တွေ့ဖူးတဲ့သူတွေကိုလည်းမပြောပါနဲ့..
မတွေ့ဖူးတဲ့သူတွေကိုလည်းမပြောပါနဲ့..
ငါစီးမယ့်ဒီဇင်ဘာရထားက
ည 93း5 မှာ ထွက် မယ်။

terry(21.8.2011)10:00am

“1..4..3″ (နေညို) 

“1..4..3″ (နေညို) 

ပြောပြောဆိုဆိုနဲ့ပဲ
ငါ့အချစ်တွေတစ်တောလုံးပွင့်ခဲ့ပေါ့
အဲဒီ့ ပြုံးပြနိုင်ဖို့စိတ်ကုးရှိတဲ့
ကိုယ့်ရဲ့ချာတိတ်မလေးရေ…
ကောင်းကင်ကြီးအသစ်မလဲခင်
ကိုယ်တို့ချစ်ခြင်းတွေ တိမ်ရောင်လက်လိုက်ကြရအောင်။

မိုးမသောက်ခင် ကိုယ့်ကိုနှိုးပါ
လွန်လေခဲ့သောညက
ကိုယ့်အလွမ်းအခန်းဆက်တွေအကြောင်း…
တခမ်းတနားရွတ်တွားပြချင်လို့ပါ
အဲဒီ့အချိန်ကျရင်…
ဧဒင် မှ အချစ်ဥယျာဉ်မဟုတ်တဲ့အကြောင်း
ကိုယ့်ရင်ခွင်တံခါးမှူးလေးက ရှင်းပြပါလိမ့်မယ်။

ကဲ … ချာတိတ်လေးရေ
မင်းကိုကိုယ်ချစ်ခဲ့တယ်
ဒါဟာ ကိုယ့်အတွက်
တစ်ခုတည်းသော အမှန်တရားပါ…
အရင်လို ကြယ်ရောင်လက်တဲ့ညနေတွေမှာ
ကိုယ်ဟာ မင်းအတွက် ဖိနပ်တစ်စုံ
အဲလိုနဲ့ပဲ ကိုယ်ဟာ
အရောင်ကုန်ခဲ့ရပြန်တယ်
ဘာပဲဖြစ်ဖြစ်...ကိုယ်ဟာ
မင်းကိုပဲ ချစ်တယ်
ဒါဟာကိုယ့်အတွက်
တစ်ခုတည်းသော
မျှော်လင့်ခြင်းပါ…
ဟိုတုန်းက လက်ဖ၀ါးချင်းအပ်ဖြစ်ရင်
ကိုယ်ဟာကိုယ့်ရင်ဘတ်ထဲကို
ပြန်ရောက်ဖြစ်တဲ့လူ
အဲလို မျိုးနဲ့ နေနဲ့ည ဆိုတာတွေ တူဖြစ်ခဲ့ရတယ်
အဲလိုပါကွယ်… ကိုယ်ဟာမင်းကိုပဲချစ်ဖြစ်ခဲ့တယ်။ ။
1 = I 
4 = Love
3 = You 

နေညို

ရူး (စင်သီယာ)

ရူး

ငါ့ရဲ့စက္ကန့်တွေ မိနစ်တွေနာရီတွေဟာ
မင်းနဲ့အတူတူရှိနေတာလေ

လိုလားတောင့် တမှုတွေ
မာနတွေနဲ့  ရှုံးနိမ့်ခြင်းတွေ
အမှန်တကယ်အရေးကြီးတဲ့
အရာအားလုံးပဲ

နောက်အနှစ် အစိတ်ဆိုရင်
အချစ်တွေဟာအနှစ် ငါးဆယ်
အိုမင်းသွားမဲ့ အချိန်
အမှတ်တရတွေဟာလဲ
အိုမင်းသွားမဲ့အချိန်
မျှော်လင့် ချက်တွေကကော အိုမင်းသွားနိုင်မလား
အိပ်မက်တွေဟာ
ကြယ်လေးတွေနဲ့တူတယ်တဲ့

တချိန်မှာ ပြန်ဆုံကြရရင် ဆိုရင်
နောင်ဘ၀ဆိုတာရှိခဲ့ရင်
အဲဒီအတွေးဟာ
ငါ့ကိုရှင်သန်နေစေတယ်

စိတ်ကူးအိပ်မက်တွေ အသစ်တဖန်ပြန်စချိန်ဟာ
ဟိုအဝေးက မိုးကောင်ကင်က တိမ်အဆုပ်အဆုပ်တွေကို
လှမ်းပြီးဖမ်းနေရသလိုမျိုး

ဘယ်အရာကမှ
တခြားဟာကိုထောက်မပြဘူး
အစွန်းတခုကနေ ခုန်ချဖို့  ကြိုးစားတဲ့ အရူးတယောက်လို
ငါဟာအရူးတယောက်လိုပဲ တဲ့ 

ဒီလိုနဲ့လေ
မိုးလင်းသွားခဲ့  ပြန်ပါရောလား
ညီမလေးရယ်

စင်သီယာ
၂၉ရက် ၄လ၂၀၁၄

လမင်းလေးရဲ့ အပြစ်သား - Ulay Kyi ( ကိုလင်း ) 

လမင်းလေးရဲ့ အပြစ်သား -
Ulay Kyi ( ကိုလင်း ) 
=================

ပုဇွန်လေး နေလှန်လိုက်သလို
သူ့စိတ်လေး ကွေးသွားတယ်
" ကောက်တယ် ကောက်တယ် " တဲ့

စူနေတယ့် နူတ်ခမ်းလေးက
ရန်ကုန် - စင်ကာပူတံတားထိုးမလားမသိ !

ချစ်သူက
မောင့်ရဲ့ pink angry bird မလေး …

ဟုတ်တယ် ! ! !
ဒီမောင်က မလိမ္မာဘူး
ဒီမောင့်ကို ဒဏ်ခတ်

သံယောဇဉ်တွေနဲ့ သေချာတုပ်
နူတ်ခမ်းကို တစ်ရာ
ပါးပြင်ကို တစ်ရာ
အနမ်းလေးတွေနဲ့ ကြိမ်ဒဏ်ချ . .

ချစ်တယ်လို့
အကြိမ်တစ်သောင်းရွတ်ခိုင်း …

ဆူပါ / ရိုက်ပါ
လက်သီးဆုပ်ဖြူဖြူလေးနဲ့
ရင်ဝကို ဖွဖွထုပါ
မျက်စောင်းစူးစူးလေးတွေနဲ့
ခဏ…ခဏ ထိုးပါ

မကျေချမ်းသေးရင်
အနားမှာခေါ်ထား
( လက်ထပ်စာချုပ်မှာ လက်မှတ်ထိုး )
တစ်သက်တာထာဝရဆုံးမပေးပါနော်
အရမ်းဆိုးတဲ့
ဒီမောင်က……လိမ္မာချင်လို့ . . .

Ulay Kyi ( ကိုလင်း )

ဘဝခါးခါး (အယ်ပိုင်)

ဘဝခါးခါး

တဖြုတ်ဖြုတ်ကြွေနေသောမိုးရေသည်
အတိတ်ရဲ့တစ္ဆေလော...
ဝေခွဲမရသော
သောကရောလေတွေကြားမှာ..
အဆုံးအစမဲ့သော
ငါ့ရဲ့မျက်ရည်တွေက
မိုးကုတ်စက်ဝိုင်းကြီးတစ်ခုလုံး
ပြိုကျသွားသလို....

နှလုံးသားရဲ့
ဝင်ရိုးစွန်းတစ်နေရာက
သင်္ချာမေးခွန်းဆန်ဆန်
နာကျင်ခြင်းတွေက....
တွက်ချက်ရခက်သော
ပုစ္ဆာတစ်ခုလား...

လေးဖြူရဲ့သံယောဇဉ်သီချင်း
ငါဝင်ခံစားမိတယ်..
ပြတ်တောက်သွားတဲ့
ကြိုးတစ်ချောင်းက
သံယောဇဉ်ဟုသမုတ်ခဲ့ရင်
သီချင်းရဲ့အဆုံးမှာ
လက်ကျန်ကော်ဖီတစ်ဝက်ကို
ငါသွန်ပစ်မိမှာပဲ..(ခါးသက်တဲ့အရသာ ဘဝမှာအရမ်းများလို့...ပါ)

❦ ♕အယ်ပိုင်...❦

လွမ်းဆွေးခြင်း ရင်ဝေးငှက်...

လွမ်းဆွေးခြင်း

ချစ်ခဲ့ကြတဲ့ အရင်လိုအချိန်
ပျော်ခဲ့ကြတဲ့ နေ့ရက်
အနမ်းတွေချွေခဲ့ကြတဲ့ ညနေ
ဒီအချိန်တွေမကုန်ဆုံးချင်သေးဘူး
ညနေခင်းရဲ့ လေပြေလေးတွေ
ညင်သာစွာ တိုးဝှေ့လာတိုင်း
ငါ့ရင်ခွင်ဟာ နင်ရဲ့နွေးထွေးမှုကို
သတိရ တမ်းတလွမ်းမိလာတယ်
နှောင်းခဲ့တဲ့ အတိတ်
ဟောင်းခဲ့တဲ့ နေ့ရက်တွေကြား
ဘဝဟာ ခါးသီးလွန်းတယ်
ပါးထက်မျက်ရည် ရင်ထက်ဒဏ်ရာ
နာကျဉ်စရာ အဖြစ်တွေနဲ့
မောင့်ကိုစွန့်ခွါ ပျော်ရာကို
ထွက်သွားတော့မှာလား
လျှောက်ဖူးတဲ့လမ်း
နမ်းဖူးတဲ့ အနမ်းတွေ
တစ်ချိန်ကဆိုတဲ့ အတိတ်မှာ
ချန်ထားရက်ပေမယ့်
မမေ့နိုင်သူ ဒီမောင်မှာတော့
လွမ်းရအုံးမယ် အချစ်ရယ်

ရင်ဝေးငှက်

အပျိုကြီး (အယ်ခဲလူ)

အပျိုကြီး

အသက်နုနယ်
အရွယ်ရောက်ထ
ပျံသင်စက
ဟိုင်းမပျိုသိုး
မိန်မမျိုးမှု
ဒီတိုးသော့လား
ရေငတ်နွားနှင့်
နာဖျားပျောက်စ
နာလံထသို့
ငတ်လှချင်ချင်
အိမ်မြှောင်မြင်လည်း
စားချင်ငင်းငင်း
အာသာပြင်းသို့
အူတွင်းကယား
ယောင်္ကျားအလို
လူမဆိုသေး
ခွေးကိုသော်မျှ
ကပ်တတ်ကြ၏။

အယ်ခဲလူ..

အလွမ်းတွေကိုရူရှိုက်ခြင်း (အညတရမောင်)

မလွမ်းဘူးဆိုပေမဲ့
အလွမ်းတွေစူးနစ်လို့
အလှမ်းဝေးတဲ့
ခရီးမိုင်တွေထက်
အတင်းတိုးဝင်လာတဲ့
တစိမ်းဆန်ဆန်ညတွေ
အလွမ်းပြေဖို့နွမ်းနေတဲ့စိတ်နဲ့
စောင့်စားနေခဲ့ပေမဲ့
အိမ်မက်တွေနဲ့
အိပ်မပျော်တတ်သူတစ်ယောက်လို
မေ့ဖို့ဆိုတဲ့အတွေးက
တမ်းတခြင်းတွေထက်
အလွယ်တကူပျော်ဝင်လို့
ဒီအလွမ်းတွေ
ကြောင့်ကြ.နွမ်းလျ
ငါ...ရင်းနှီးခဲ့ရတာက
အသက်ငင်နေတဲ့
မျှော်လင့်ခြင်းနဲ့
မင်းပေးတဲ့အလွမ်း
တွေချည်းပဲလေ ။

❦ ♕ အညတရမောင် ❦

သူဘဝသူ့အလှ သူ့ရှင် (ကလေး)

သူ့ဘဝ..သူ့အလှ
***
ပန်းက​လေးက
လေ​ဗွေကျီစယ်​ရုံမျှဖြင့်
ကြွေလွယ်​ကူရ​သော
သူ့ဘဝကို မုန်းသည်​..
တောင်းတန်း​သေလာက
လွေ့​လွေ့လွင်​​သော​ကောင်းကင်​၌
လွတ်​လွတ်​လပ်​လပ်​ပျံ​သော
ငှက်​က​လေးတို့ရဲ့ဘဝကို
အားကျသည်​ ...။
တစ်​ဦးသူကမူ...
သင်းပျံ့နူးညံ့သော
ပန်းအလှနှင့်
တည်​ကြည်​ခိုင်​ခံ့​သော
တောင်းတန်း​သေလာဘဝကို
မြတ်​နိုးခုံမင်​မိသည်​...။

✏ သူ့ရှင်✏

Thursday, June 26, 2014

အနီးကပ်​​နွေ


အနီးကပ်နွေ

နာမှာစိုးလို့ အငြိုးမထား ရိုးသားစွာရိုက် အသည်းခိုက်စေ ..။

မုန်းမှာစိုးလို့ အရှုံးမမြင် ပြုံးရွှင်​ရင်​ပျိုး မျှော်ကိုးထိုက်စေ ..။

ဝေးမှာစိုးလို့ အ​တွေးမရဲ ရင်​ထဲစိုးထိတ် အအိပ်ခက်နေ။

လွမ်းမှာစိုးလို့ စက္ကန့်မလပ်
ထပ်ကျပ်မခွာ သူ့ခြေရာနင်း၊
မြတ်နိုးခြင်းအား သူစိတ်မနာ၊
သူ..မြင်​သာဖို့ အကြင်​နာ..နွေ၊
ခင်​တွယ်စေချင် သည်ဖြစ်အင်တွေ
သခင့်ရင်ထဲမြဲပါစေ .. ။ ။

မောင်​လှမျိုး



ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်

စိတ်​ရဲ့အ​ဖော်


စိတ်​ရဲ့အ​ဖော်

အသံပျောက်နေပါလားနွေ…

.နွေဟာသူမဟုတ်သလိုပဲ
ရွက်ကြွေ​တွေခြွေချတာကလွဲလို့
သူမတတ်တော့ဘူးထင်​တယ်… မင်းမှာချိုသာစရာတွေရှိတယ်လေ​နွေ
အ​ဖော်ပျောက်ငှက်သံနဲ့ ဆွေးကောင်းတဲ့လေရူးတွေ
လွမ်းကောင်းတဲ့မြူမှုန်တွေ
တပ်မက်သူအတွက်
မျှော်လင့်စရာတွေပါနွေ.....

ချစ်သူက​ပြောဖူးတယ်နွေ
လေ​ပြေငါ့ကိုပွတ်တိုက်တာတောင်
ကြိုက်ဖူးတဲ့မင်းရဲ့လေရူးတွေဆို..

သူငိုမလားမသိ
(ဟူးးးးးး) သူ..မသိစေနဲ့နော်နွေ… သူငိုမှာငါကြောက်တယ်… သူကချစ်ဖို့ကောင်းတယ်နွေ
ငါ သတ်ပုံမှားသမျှခွင့်လွှတ်တယ်
ငါ သူ့အတွက်
ကြက်ခြေမရခဲ့ဖူးဘူးနွေ
သူငါ့ဘေးမှာအမြဲရှိမယ်တဲ့
မင်း..ငါ့အတွက်ပျော်ပေးနော်နွေ (သား…ဆေးသောက်​ရ​အောင်…)
.×..×…××ရှူးးးးး…
တိုးတိုးနေ​နွေ…မေ​မေ့ကို မင်းနဲ့စကားပြောတာမသိစေချင်​ဘူး

ခဏ​စောင့်နော်နွေ….
သူ့အ​ကြောင်းဆက်ပြောပြမယ်
ခု… ငါဆေးသောက်လိုက်ဦးမယ်နော်..




ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်

နှလုံးသားနဲ့ဆုံးဖြတ်​ပါ ✏ ​မောင်​မျိုး ♕

ရင်​ကွဲတော့မှာမို့ 
ရင်​ခွဲလိုက်တာလွန်ပါသလား
ရင်​နင့်နေလွန်းလို့
ရင်​ဖွင့်မိတာမှားပါသလား
ကိုယ်ဘာပြောပြော
အပြစ်ပေးဖို့တာစူနေတဲ့ အမုန်းကြီးတဲ့

နုတ်ခမ်းစိမ်းစိမ်းလေးရေ.....
လိမ်ညာမျိုသိပ်ပြီးအနားမှာ ဟန်ဆောင်ကောင်းကောင်းနဲ့  ပူးကပ်ပြစ်မှားနေမယ့်အစား
ရင်ထဲကချစ်စကားကို
ဓားဖျားပေါ်တင်ပြီး
မင်းမြင်အောင်ပြလိုက်မိတာ
ကိုယ်ရိုင်းစိုင်းသွားသလား စကားပြောခွင့်မရတဲ့လူတစ်ယောက်မှာ ပြောစရာစကားတွေအများကြီးရှိမှန်း မင်းသိပါတယ်
တကယ်ဆိုရင်...မင်းဘေးနားက တွတ်တီးတွတ်တာတွေလောက်
ကိုယ်...ဟန်ဆောင် မကောင်းဘူး....

မောင်​လှမျိုး



ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်

မြှားခွင်းပုံပြင်​ ✏ မျိုးဆက်​ ❦ ​အောင်​သာ ♬

မရည်ရွယ်ပါဘူး
လေးကြိုးတင်ရင်းက
လွတ်ထွက်သွားတာပါ။ ။

အစမှမကောင်းတာ
ဘယ်အနှောင်းသေချာမလဲ
ရင်ချင်းအပ်ခါ
ပုံသွင်းထုဆစ်တာမဟုတ်တဲ့
အဲဒီဇာတ်လမ်း
အခု......
မင်းကတစ်​လမ်းသွားလို့
ငါကတစ်​လမ်းလာ
အို--------
သိလိုက်စမ်းပါ ငါရင်မှာ
မှာတမ်းတွေနဲ့--။

တကယ်တော့
မင်းထင်သလို
ငါ့နှလုံးသားက
အရိုးမရင့်သေးပါဘူး
ယခု------
နေမြင့်လာသည်နှင့်အမျှ
သိလာခဲ့ရပြီပေါ့ ။

အမှတ်တမဲ့ဆိုပေမဲ့
သံချပ်တွေကာထားတဲ့
အဲဒီရင်ခွင်
ငါ....ခိုလုံခွင့်မရတော့ဘူး။ ။
ကဲ...
အဲဒီအကြောင်းကို
ရင်နစ်အောင်ခံစား
စာသားအဖြစ်ထုဆစ်
ယခုကဗျာဖြစ်ပြီ
စာနာပေးလှည့်ပါဦးဗျာ။ ။

♬ မျိုးဆက်။အောင်သာ ♬



ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်..

ပုံ​ပြော​ကောင်းသူသို့.....


ပုံပြောကောင်သူသို့

ညက အိပ်လို့မပျော်တာရယ်
ချစ်သူကိုလွမ်းစိတ်
ကြီးစိုးနေတာရယ်ကြောင့်
ချစ်သူပစ်သွားပြီးကတည်းက
အခန်းကျဉ်းလေးရဲ့နံရံကိုမှီရင်း
အားငယ်နေတဲ့ဂီတာအိုကို
ထွေးပွေ့မိလိုက်တယ်
အားကိုးတကြီးခိုဝင်လာတဲ့
ဂီတာလေးကငါ့ကိုပြောတယ်
ကြိုးညှိလိုက်လေတဲ့
ဒီလိုနဲ့ဂီတာလေးကိုကြိုးညှိရင်း
ဘလက်ဂင်အသွားနဲ့
သီးချင်းတစ်ပုဒ်ကို
ငြီးထွားစေလိုက်တယ်
သြော်​....ချစ်သူရယ်
ဟောင်းနွမ်းနေတဲ့
ဂီတာအိုလေးကတောင်
အထီးကျန်နေတဲ့ ငါ့ဘဝကို
နှစ်သိမ့်ဖော်​ရသေးတရ်
လေပြေအေးအေးလေးတွေလဲ
ပူလောင်နေတဲ့ရင်ခွင်ကို
ထွေးပွေ့ဖော်​ရသေးတယ်
ကြယ်စင်တွေကလဲ
အဖေါ်မဲ့နေတဲ့ငါ့ရင်ဖွင့်စကားတွေကို
နားထောင်ပေးဖော်​ရသေးတရ်
ချစ်တယ်လို့ပုံပြောသွားတဲ့
မင်းကတော့
ရင်ခွင်သစ်မှာ
သိပ်ပျော်နေရှာမှာပေါ့နော်
ဘာပဲဖြစ်ဖြစ်
မင်းအဆင်ပြေရင်ပြီးတာပဲလေ
ငါကျေနပ်ပါတယ်
ငါ တကယ်ကျေနပ်ပါတယ်။

❦ Alkhaeluu ❦



ကဗျာပင်လယ်.apk

အများသုံးဖိနပ်တစ်​ရံ


အများသုံးဖိနပ်တစ်​ရ

အချစ်က ကျောင်းမ​ပြေးခိုင်းဘူး
အချစ်က မငိုခိုင်းဘူး
အချစ်က မရက်စက်ခိုင်းဘူး
အချစ်က (မိဘကို) လိမ်​မ​ပြောခိုင်းဘူး
အချစ်က အရက်​မ​သောက်ခိုင်းဘူး တကယ်တော့ အချစ်ဆိုတာ
(အပြစ်မဲ့) ဖိနပ်တစ်​ရံပါ ။

လူတွေ ..... စီးချင်​သလိုစီးပြီး
သွားချင်​ရာသွားခဲ့
လုပ်ချင်​ရာတွေလုပ်ခဲ့ကြလို့
" အချစ် " က (ခဏခဏ)
နာမည်ပျက်သွားတာ ။
ဖိနပ်ကသယ်ဆောင်​သူမဟုတ်ဘူး ခြေ​ထောက်တွေကသာ
ဦးဆောင်​သွားကြတာ ။

တကယ်ဆို အဲဒီဖိနပ်လေးကို
တရိုတ​သေသိမ်းထားပြီး
လမ်းကောင်းကောင်း တွေ့မှ လမ်းကောင်းကောင်း လျောက်တတ်မှ တစ်ယောက် တစ်​ရံစီ
ထုတ်စီးလိုက်​ရရင်
ဖိနပ်အသစ်လေးနဲ့
ဘယ်လောက်လှလိုက်မလဲ ။

အဲဒါဆို.... အချစ်လည်း
နာမည်မပျက်တော့ဘူး ။



ကဗျာပင်လယ်.apk ဒေါင်းလော့ဆွဲရန်

ဧရာ​မြေ ❦ လင်းလက် ❦ 


ဧရာမြေ

ခရေတမာပိတောက်ပါ
နောက်ခံ မြစ်ဧရာ!!
ငါတိုရွာဘေးစီးဆင်းပြေး
ရေကြည်ချောင်းကလေး

ချောင်းကလေးကတံပေါ်
သီချင်းတကြော်ကြော်
အဖော်တွေနဲမိတ်အပေါင်း
ပျော်ဖို့အလွန်ကောင်း!!
နွားကျောင်းသားတို့ပလွေချို 

ဆည်ဆာနေညိုညို!!
ကျေးရွာပျိုမေ ​ဖော်တသင်း
ရေချိုးရေခပ်ဆင်း!!
လယ်ယာကွင်းနဲရှုခင်းသာ
မြရောင်စိမ်းလဲ့ဖြာ
ဧရာမြေ သည်အလှ
ငြိမ်းချမ်းပေစွသာပေစွ!!

❦ လင်းလက် ♪♪♪



ဒေါင်းလော့ဆွဲရန် ကဗျာပင်လယ်.apk

ကြင်နာပါ...သူ့ရှင်

ကြင်​နာပါ


ကိုယ့်​ရဲ့
နှလုံးသားကို
ကိုယ်​ကမှ
မကြင်​နာလျှင်
ကိုယ်​ပဲ
နာကျင်​ရရုံရှိလိမ့်​မည်
အကြင်​နာ နှလုံးသား
ရှိပါ​လေ ....။

သူ့ရှင်​{က​လေး}

အယူခံလွှာ ❦ ​မောင်​လှမျိုး ❦


အယူခံလွှာ

လမ်းခွဲစကား ဝမ်းနည်းခါးသက်
ဓားထက်ထက် .. ခွဲမကြားရက်လည်း
ကြားခဲ့ပြီ ။

လမ်းခွဲသတင်း ဝမ်းနည်းခြင်းဖြစ်

မြားနှင့်ပစ်ခွင်း ရင်​တွင်းပြိုကွဲ
မကြားရဲလည်း ကြားခဲ့ပြီ ။

ခွဲရက်သူက ကွဲအက်ပျက်သုဉ်း
မုန်းဖို့ကြေညာ မ​နေသာဘူး
အချစ်ဦးရယ် ။

ရူးရူးမိုက်မိုက် စူးစိုက်သည့်..ဓား၊

ခွင်းသည့်မြားကို သနားငဲ့ညှာ ၊
စာနာကိုယ်သိ ငိုသည့်မျက်ဝန်း ၊

အံကိုတင်းကာ ချက်ချင်းအမြန်နှုတ်ပေးပါ .. ။ ။

မောင်​လှမျိုး

အမုန်းအောက်ရောင်ခြည်


အမုန်းအောက်ရောင်ခြည်

ချစ်သူ ... ပြုံးပြလိုက်​ရုံနဲ့
ကိုယ့်ရင်​ခွင် တစ်ခုလုံးငြိမ်းအေးသွားရတယ် ။
( ဘယ်လောက်အထိ လဲ . .ဆိုရင် )
ချစ်သူအပြုံးကြောင့်ကမ္ဘာတစ်ခွင်​လုံး
ပန်းပွင့်လေးတွေ ဖုံးလွှမ်းသွားသလိုပါပဲ ။

ချစ်သူ့မျက်နှာ တင်းမာနေတဲ့ အခါ .. ကိုယ့်စိတ်တစ်ခုလုံး လေးလံ ထိုင်းမှိုင်း မျက်လုံးလှိုင်း တွေရိုက်ခတ်စေတယ် ။
( ဘယ်လောက်အထိလဲ .. ဆိုရင် )
ချစ်သူမပြုံး ထိုအမုန်းကြောင့်
လောက တစ်ခွင်​လုံး အလင်းရောင်တွေ ဆိတ်သုဉ်း သွားရပါလိမ့်မယ် ။ ။

မောင်​လှမျိုး

ခုံလုပွဲ


ခုံလုပွဲ

ခြိမ့်ခြိမ့်သဲသဲ… ဆင်နွှဲလိုက်ကြတာ… တကွင်းလုံးအုံးအုံးထ…
ဒီပွဲက၂၀၁၄ အတွက် အ​ကောင်းဆုံးဟာသလေ……. ဘုရားစာရွတ်သူကရွတ်… ပြောင်းဖူးကျွေးသူကကျွေး….
ဘုရားဈေးကအရုပ်ပါမ​ရှောင်…
လက်ဖွဲ့အဖြစ် ဆောင်လို့
ရထားတဲ့နေရာလေး…
မြဲနိုင်​သမျှ မြဲစေ​ရေးအတွက်… ကျစ်ကျစ်ပါအောင်ဆုပ်…
ပြုတ်မကျအောင်အားထုတ်လို့ပေါ့…… မျက်လုံးတော် ပေကလပ်နဲ့… ရိုးသားချင်ယောင်ဆောင်
နေရာလေး တစ်ခုအတွက်…
အနီ..အနက်မကသက်တံ့ရောင် ဥာဏ်တွေသုံးလို့…..
အံ့အားသင့်စရာအကွက်လှလှတွေနဲ့… ပရိသတ်ကို မျက်လှည့်ပြ…. အလှည့်အ​ပြောင်းတွေမှာ… ကွင်နိုင်ကြပါတယ်….
အကျိုးအမြတ် အတွက်ဆို…
သိက္ခာကို အ​လေးမထား…. ဟိုအနံ့ရတဲ့အ​ကောင်​လို…
အမြီးလေးနှံ့ပြီး… ထိုးထိုးဟောင်နေလိုက်တာများလေ…. သရုပ်ဆောင်​ချက်တွေကပိုင်နိုင်… အမူအရာတွေကပြောင်မြောက်… ရုပ်​ရှင်​ဇာတ်ကားသာဆို… အော်စကာရ​လောက်ပါရဲ့……
ကျွန်ုပ်တို့၏ခုံလုပွဲ….
ဘယ်သူမြဲမယ်မသိသေးပေမယ့်…. ပွဲအလယ်ရောက်မှ
ခုံကျိုးကျရင်ဖြင့်
အကုန် အကျိုးနည်းကြ​ရော့မယ်…….
၂၀၁၄ အတွက်စောင့်ကြည့်ရမယ့်
အော်စကာစာရင်းမှာပါ…..
ပတ်စာခွာဖြာလိပ်မှ..
အောင်နိုင်​သူကို သိရမှာပေါ့……
ပွဲပြီးရင်..မီးသေဖို့အ​ရေး..
ကဲ...
ဘာ​တွေ​တွေး​နေကြပြီလဲ....

သံ​ယောဇဉ်သ​င်္ကေတ


သံ​ယောဇဉ်သ​င်္ကေတ

လမ်းအခွဲမှာ ၀မ်းနည်းစွာနမ်း၊ နှုတ်ဆက်လှမ်းခက် လွမ်းရေးခက်သည် ..။

လွမ်းရေးခက်လည်း ရင်​ခွင်အက်နာ
အကြင်​နာကင်း မာန်တလင်းကြောင့် နှုတ်ဆက်သီချင်း ဆိုခဲ့ပြီ ။

နှုတ်ဆက်လက်ပြ သက်တမျှ
မြတ်နိုးအ​ငွေ့ မ​ခြောက်သွေ့သေးသည်

အ​တွေးကြောင့် အ​ပြေးဖတ်လျက်ငိုမိသည် ။

မောင်​လှမျိုး

ချစ်သော ဒိုင်ယာရီ..


ချစ်သော ဒိုင်ယာရီ..

ချစ်သော ဒိုင်ယာရီရေ
ဤတစ်နေ့၌ ဝေဒနာအသစ်
ထင်​ကျန်​ရစ်သို့
ရင်​ခုန်စည်းချက်လှုပ်​ရှားရစ်ခဲ့
လွမ်းမောနွမ်းလျ သက်ပြင်းချရ ၀မ်းသာသည်မဟုတ် ၀မ်းနည်းသည်မဆို ခံစားချက်တစ်မျိုး လှစ်ဟာတိုးခဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းမိရဲ့လေ။ ။
ဒဿနကိုကဗျာရွတ်​ ဘဝကိုမုန်းတဲ့သူ အ​ရောင်တွေကင်း နုဖူးစဉ်ပင်
သိုးမည်းသဏ္ဍာန် ဆိုးမိုက်တဲ့လူ နှောင်းခဲ့အတိတ် ခြောက်နှစ်ဆီက တွယ်တာစိတ်စွဲ ရူးခဲ့ဖူးသူ
လူချင်းတော့မနီး စိတ်လည်းဝေးပြီး သတင်းသဲ့သဲ့သာ ကြားခွင့်ရသူ
မျက်နှာလွဲ ဥပက္ခာမြဲရမည့်သူ မ​မေးသင့်မထူးသင့်တော့
သူနဲ့ ၆ရက် ၃လ လမိုက်ညမယ် စကားဖောင်​ဖွဲ့ပြောမိခဲ့တယ်
ပစ္စုပ္ပန်​ရဲ့အ​ကြောင်းတွေပေါ့။ ။
အတိတ်ပန်းချီ အစပြန်ခြယ်သ
အလွမ်းဗလပွနဲ့ ကြင်​နာစိတ်ပို ယုယလိုခြင်းမဟုတ် အသည်းခြင်းနီး
ချစ်ခြင်းငြီးလို့ ဆုံးအတိတ်ကို
ပြန်ယောင်​တမ်းတ
ချစ်စေ...လွမ်းစေ...သနားစေနဲ့
သံယောစဉ်ကြိုး တစ်ပတ်ပြန် ချည်လိုခြင်းလည်း မဟုတ်​ရပါ။

ငြိမ်းချမ်းရေး ကြေငြာစာတမ်း (​မောင်​လှမျိုး)


ငြိမ်းချမ်းရေး ကြေငြာစာတမ်း

ရန်ဖြစ်ပြီးမှ ပြန်ချစ်ကြတာ
သဘာဝပါကွယ်။
စစ်ဖြစ်နေတဲ့ကာလ
အချစ်မျက်​ရည်တွေ အခါခါကျတော့...
ရင်​ထဲက တသသနာလွန်းတယ်။

မခွဲနိုင်​မှန်းသိလျက်နဲ့ စကားနိုင်​လု၊

သဝန်တိုမှုတွေ တဖြည်းဖြည်းစု
စိုးရိမ်ပူပန်မှုတွေက....

မြင့်သထက်မြင့် ရန်ဖြစ်တဲ့အဆင့်ကို
မာန်ဝံ့ပြီးတက်ခဲ့ကြတာ ဘယ်သူမှားသလဲ ကွယ် ။

အချစ်​ရယ်.. ရန်မဖြစ်ကြေး

ပြန်စစ်ဆေးကြမယ်ဆိုရင်....
နင်​လည်း .. နာ၊ ငါလည်း ..နာ
နင်လည်းလွမ်း .. ငါလည်းလွမ်း
နင်​လည်း .. ငို၊ ငါလည်း..ငို

ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူ အချင်းချင်း တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ ။
မုန်းမေ့လို့ မရကြမယ့်အတူတူ
( စစ်မဖြစ်ကြေး ) ဟော့ဒီ
အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး) နင့်ကို ..

ပေးလိုက်ပါရ​စေ။

နေ့လည်း.. လွမ်း ၊

ညလည်း ..လွမ်း
မျက် ရည်တစမ်းစမ်းနဲ့ရန်ဖြစ်ပြီးမှ ၊
ပြန်နမ်းမိတဲ့ .. အနမ်း
ငါ့ရင်​ထဲ ပိုလွမ်းသွားရပြန်ပြီကွယ် ။

မောင်​လှမျိုး

Wednesday, June 25, 2014

ကြိုးမိန့်​ ❦ ​မောင်​လှမျိုး ❦


ကြိုးမိန်

အသည်းမာတယ်ထင်​လို့ ရင်​ခွင်​ကငို
အမုန်းနဲ့ထိုးဆွလိုက်မိတာ နာကျင်စရာ သူ့မျက်နှာလေး ပြုံးနေပြန်သေးတယ်

မုန်းလို့မရဘူးဆိုမှတော့ ဘ၀ရဲ့ ကြိုးဝိုင်းအတွင်းမှာ
မင်းတစ်​​ယောက်တည်းသာ
ငါ့ကို....... အလဲထိုးလိုက်ပါ

မရုန်းတော့ဘူး အမုန်းပျော့ပျော့လေးရဲ့ရိုက်ချက်နဲ့တင် ကမ္ဘာပျက်မတတ် ခံစားရတဲ့သူပါ

ချစ်တယ် .. လို့ပြောပြီးပြီပဲ
မင်းလုပ်သမျှ ကျေနပ်တယ်

ကြိုးတစ်​​ချောင်း ငြိတွယ်နေမိမှတော့
မင်း .. ဆွဲရာကဖို့
ဘ၀ကိုအမိန့်ပေးလိုက်ပြီ

မောင်​လှမျိုး

ကျားကွက်​ ​❦ ​မောင်​လှမျိုး ❦

ကျားကွက်

ကောင်မ​လေး တချို့က
ဦးလေးကြီးတွေကို ပြုံးပြတယ်။

ဦးလေးကြီးများက အဲ့ဒီအပြုံးတွေကို အရက်ခွက်ထဲ ရောထည့်မွှေနှောက်

မူးအောင်သောက်တယ်။

ဘာမှ.. အလကားမရဘူးဆိုတာသိထားလျက်နဲ့

စစ်တုရင်ကစားကြတယ်။

ကျွန်တော်... အရက်​မ​သောက်ဘဲ အံဖတ်ဆို့တယ်..။ ။

မောင်​လှမျိုး

မြို့ပြမြို့ထင်​နှစ်​ပါးခွင် ❦ ​မောင်​လှမျိုး ❦


မြို့ပြမြို့ထင် နှစ်ပါးခွင်

တစ်ခန်းရပ် ပြဇာတ်ဆိုရင်လည်း ..

ပြည်ဖုံးကားသာ ချလိုက်ချင်​ပါတော့တယ် ။

ဘ၀ ဆိုတာကလည်း သူ့အကန့်နဲ့ ..သူ

ခွေးသွားစိပ်တွေနဲ့လည်ပတ်နေသလိုမျိုး
နှာစေး .. ချောင်းဆိုးဖို့တောင်
အချိန်မရ​တော့ ခက်တယ် ။

ချစ်သူ ဆိုတာကလည်း
သူ့အ​ကြောင်းနဲ့ .. သူ

အိပ်မက်တွေ ထဲမျက်ဖြူလန်နေသလိုမျိုး
( စီးပွားရေးတိုးရှာနေရလို့ )

ချိန်းတွေ့ ခိုးနမ်းဖို့တောင်
အချိန်​မ​ပေးနိုင်တော့ ခက်တယ် ။

လောက ဆိုတာကလည်း
သူ့လှည့်ကွက်နဲ့ .. သူ
မာယာ အ​ပေါင်းနဲ့ ခ​ညောင်းနေသလိုမျိုး

(တန်ဖိုးများလွန်းတဲ့ ဇိမ်ခံကားကြီးတွေနဲ့ ) လက်ယပ်ခေါ်ကမ်းလှမ်းဖို့ရာ
အသပြာမရှိတော့ ရှက်တယ် .. ။

မောင်​လှမျိုး

လွမ်းတဲ့လမ်း ❦ ​မောင်​လှမျိုး ❦


လွမ်းတဲ့လမ်း

လွမ်းတဲ့လမ်းမှာ ပန်းလည်းမပွင့်
ရင်​နင့်စရာ..။

လွမ်းတဲ့လမ်းမှာ ရွက်သစ်​မ​ဝေ

ရွက်ခြောက်တွေဝဲ ကြေကွဲစရာ ..။

လွမ်းတဲ့လမ်းမှာ စမ်းလည်းမစီး
ဝမ်းနည်းကြီးမား သီးခြားကမ္ဘာ..။

လွမ်းတဲ့လမ်းမှာ ချစ်သူမ​တွေ့
မ​ပျော်မွေ့ဘူး.. ။
ရင်​မှာစူးလျက် ရူးချင်စရာ .. ။

လွမ်းတဲ့ လမ်းမှာ..... ။ ။

မောင်​လှမျိုး

သုညရဲ့တွင်းထွက်​ပစ္စည်း


သုညရဲ့တွင်းထွက်ပစ္စည်း

မင်းမရှိရင် ငါ့အတွက်...
ဘာမှမရှိတော့ဘူး။
အ​မောဖောက်ခဲ့တဲ့
အောင့်သက်သက် နေ့ရက်တွေမှာ ..
မင်းသာ.. ငါ့ရဲ့ အသက်​ရှုရာ။

ကြမ်းတမ်းခဲ့တဲ့ ခက်ထန်စရာ
ရာသီဆိုးထဲမှာ မင်းသာ ..
ငါ့ရဲ့ လဲလျောင်းရာ ။

လှိုင်းထန်ခဲ့တဲ့ ထိတ်လန့်စရာ

မုန်တိုင်းများကြားမှာ ..
မင်းသာ .. ငါ့ရဲ့ ကယ်တင်​ရာ ။

မွန်းကြပ်ခဲ့တဲ့ ရင်နင့်စရာ
နေ့ညများစွာမှာ .. မင်းသာ
ငါ့ရဲ့... ရင်​ဖွင့်​ရာ ။

မင်းမရှိရင် .. အသက်​ရှုမဝဘူး
မင်းမရှိရင် ..လဲလျောင်းရာနေရာမရှိဘူး

မင်းမရှိရင် .. ကယ်တင်​မယ့်​သူ မရှိဘူး
မင်းမရှိရင် ..စကားပြောဖော်မရှိဘူး
မင်းမရှိရင် ငါ့မှာ...ဘာမှ မရှိတော့ဘူး ။

မောင်​လှမျိုး

မှော်​မင်းသမီး (၁) ❦ ​မောင်​လှမျိုး ❦


မှော်မင်းသမီး (၁)

ကခုန်ဖို့ ဂီတ ..မလိုဘူး

ရယ်မောသံစဉ်ကြား
ဆံပင်​ဖားလျားချထားရုံနဲ့
ပုံပြင်​ထဲက နတ်သမီးလို
ညကို ... ချိုမြိန်စေခဲ့ပြီ။

မိွန္ပ်ပ် ဘဝ.....
မီးအလင်းရောင်

ငါ့ကို မမြင်​ချင်ယောင်ဆောင်​ထားပါ။

ကြားနေသံ ဂီတ ငါ..မကချင်​ဘူး..
သူ့ရဲ့ အာရုံ..အညွန့်အဖူးထဲမှာ
ငါ့စိတ်ဝိညာဉ် မြုပ်နှံလိုက်ပြီ။

သူနဲ့စုံတွဲကဖို့ ခဏ​လောက်
မီးတွေမှိတ်လိုက်ပါ။

မောင်​လှမျိုး

အတွင်းစံ ❦ ​မောင်​လှမျိုး ❦


အတွင်းစံ

ရောင်​စုံအိပ်မက်တွေလောက် မလှပပါဘူး မင်း.......... အပြုံးလေးတွေ
နီးနီးလေးမှာ မြင်​ရပြီးတဲ့.. နောက် ..

တခြားရယ်သံတွေ မကြားချင်တော့ဘူး။

လေမဝင်တော့လောက်အောင်
လှောင်​ပိတ်​နေပါစေ ...

မင်းအနားမှာရှိရင် အသက်​ရှုဝတယ်။

အိပ်မက်သေးသေးလေးထဲ
ကပွဲမလိုဘူး။ ဒီနေရာမှာ ..
ငါငိုခဲ့ဖူးတယ်ဆိုရင်တောင်၊
မင်းရှိနေမှတော့ ညကလှပလွန်းပြီ။

ရောင်​စုံအိပ်မက်တွေ ..ဖယ်ပေး
ဒီည .. ငါ... ဒီမှာပဲ ...
တစ်ရေးလောက် အိပ်ချင်​တယ် ။

မောင်​လှမျိုး

အတွင်းစံ ❦ ​မောင်​လှမျိုး ❦


အတွင်းစံ

ရောင်​စုံအိပ်မက်တွေလောက် မလှပပါဘူး မင်း.......... အပြုံးလေးတွေ
နီးနီးလေးမှာ မြင်​ရပြီးတဲ့.. နောက် ..

တခြားရယ်သံတွေ မကြားချင်တော့ဘူး။

လေမဝင်တော့လောက်အောင်
လှောင်​ပိတ်​နေပါစေ ...

မင်းအနားမှာရှိရင် အသက်​ရှုဝတယ်။

အိပ်မက်သေးသေးလေးထဲ
ကပွဲမလိုဘူး။ ဒီနေရာမှာ ..
ငါငိုခဲ့ဖူးတယ်ဆိုရင်တောင်၊
မင်းရှိနေမှတော့ ညကလှပလွန်းပြီ။

ရောင်​စုံအိပ်မက်တွေ ..ဖယ်ပေး
ဒီည .. ငါ... ဒီမှာပဲ ...
တစ်ရေးလောက် အိပ်ချင်​တယ် ။

မောင်​လှမျိုး

အချစ်​ဆိုတာဘာလဲ

အချစ်ဆိုတာဘာလဲ
ဟိုး...တစ်ချိန်တုန်းက
ငါသိခဲ့တဲအချစ်ဆိုတာ
ရုပ်​ရှင်​တွေ ဝတ္ထုတွေထဲမှာ

လူသုံးများတဲ့ စကားလုံးတစ်ခုပေါ့


အခုအချိန်မှာရော အချစ်ဆိုတာဘာလဲ.. အခုတော့ .....အချစ်ကိုငါသိခဲ့ပြီ
အချစ်ဆိုတာ ဖြူစင်​တယ်
ရိုးသားတယ် သိမ်မွေ့တယ်
နူးညံ့တယ် ပိုင်​ဆိုင်​ချင်​တယ်
ဒါပေမဲ့ ..
ရယူခြင်းကင်းမဲ့တယ်
တစ်ခါတစ်လေမှာ တူညီတဲ့နေရာမှာ တူညီတဲ့အရာတွေကိုရပ်ကြည့်ရင်း
တူညီတဲ့ ဘ၀လေးတစ်ခုကို

တည်ဆောက်ချင်​တယ်……..
အဲဒါအချစ်ပဲ.....

ငါကို အချစ်ဆိုတာသိအောင်​လုပ်ခဲ့တာ ဘယ်သူလဲ
ဒါပေမဲ့ ဒီကဗျာလေးက
ငါချစ်တဲ့သူအတွက်ပါ....

မေ့ပြီလား ❦ သုဓနု❦

မေ့ပြီလားချစ်​သူ
ဟိုတစ်ချိန်ကလေ
ပရောမစ်ဆိုတဲ့စကား
အမုန်းတရား တံတားခင်း
မင်းနင်းလျောက်ခဲ့တာ
ငါ့ရင်မှာ ဒီစကားကြားရင်
သေမင်းထက်ငါ ကြောက်နေမိတာ အမှန်ပါ

❦ သုဓနု❦

ဘဝခွန်​အား {myk}

ဘဝတစ်ခုကို
ဦးနှောက်နဲ့ဆုံဖြတ်ပြီး
နှလုံးသားနဲ့ခံယူရင်း
ရှေ့ဆက်ရမယ့်
အနာဂတ်လမ်းမပေါ်
အရှုံးနဲ့ကြုံလည်း
အပြုံးနဲ့လက်ကမ်း
မလျော့ဇွဲနဲ့
ခြေလှမ်းမရပ်တန့်ဖို့
ဝေဖန်ချက်တိုင်းက
ကိုယ့်အတွက်
ခွန်အားပါ……………?

အချစ်​ပင်​လယ်

အချစ်ပင်လယ်

ချစ်သူရယ်
မမြင်ရသည့် နေ့ရက်တွေမှာ
လွမ်းမောစွာနဲ့ ငါမျှော်နေမိတယ်
အချစ်စစ်ဆိုတာ ပူပင်မှုတွေနဲ့
ပြည့်နက်နေတာပဲလား......
တခါတလေ....
ချစ်သူအကြည့် ငါအဖြေညှိတော့
ပဟေဠိဆန်တဲ့ ချစ်သူမျက်ဝန်းတစုံမှာ
မုန်းရိပ်တွေထင်နေတာ ငါမြင်ယောင်နေတယ်
သို့ပေမဲ့လည်း......
အမုန်းတရားရဲ့နောက်ကွယ်မှာ
အချစ်ဆိုတာရှိတယ်
ပမာပုံခိုင်းနှိုင်းပြရရင် အချစ်ဆိုတာ
လွန်းတင်ကြိုးလို ပါပဲကွယ်
တင်းလွန်းရင် ပြတ်မယ်
လျော့လွန်းရင်လည်း
လိုရာမရောက်သလို
မလျော့မတင်းပဲနှင့်
အချစ်ဆိုတဲ့ ပင်လယ်မှာ
ကူးခတ်ကြငါတို့တွေခါးသီးမှုကိုဖယ်
ချိုမြိန်မှု'သစ္စာ'မေတ္တာ
နှောင်အဖွဲ့တွေနဲ့ကူးခတ်ကြရင်
ဆယ်ကမ္ဘာတိုင်လည်းချစ်လျက်ပဲပေါ့
ချစ်သူရယ်။

ငွေလဝန်း

Tuesday, June 24, 2014

လန့် နိုး ခြင်း . . .(၃) (terry) 

လန့် နိုး ခြင်း . . .(၃)(terry) 

(၃)

လူသူမရှိသော
ကျောက်စရစ်ကုန်း တစ်ခု၌
ကြာဖြူပန်းတို့
အပြိုင်အဆိုင် ပွင့်ဖူးကုန်၏
ညနေခင်းကို
နတ်ဆိုးတို့ 
ချူပ်နှောင်
ခေါ်ဆောင်သွားပြီ
သန်းခေါင်ယံသည်
အမှောင်တို့၏ကကွက်ကို
နှစ်ချိုက်စွာ ငေးမှိုင်နေသည်
မိုးသောက်ယံကတော့
စစ်သူရဲတစ်ဦး၏
အထီးကျန်ခြင်းမျိုးဖြင့်
စောင့်ကြိုနေပေလိမ့်မည်။

မဖြစ်နိုင်ခြင်းကို မယုံကြည်သော
ကျွန်ုပ်သည်
ထိုအခိုက်မှ…….
ကိုယ်ကိုတိုင်
မဖြစ်နိုင်ခြင်းဖြစ်နေမှန်းသိတော့သည်။

(ဂ)

ဆန္ဒရှိ၍လည်းရှင်သန်ခဲ့ပြီ
လိုအပ်၍လည်း သီးပွင့်ခဲ့ပြီ
ယခုတဖန်
နှုတ်ဆက်ချိန်ရောက်လာ၍
ပုံပြင်တစ်ပုဒ်လိုလည်း
ကြွေကျရစ် ခဲ့ပါပြီ………..။

(ဇာတ်ပေါင်း)

တီးလုံးသံများ ရပ်ဆိုင်းသွားသည်
လူအချို့လည်းသေဆုံးနေရာမှ
အသက်ဝင်လာကြသည်
ရုတ်တရက်မီးများ ပြန်လင်းလာသည်
အသံဗလံများ ပြန်လည်စည်ကားလာသည်

(ဇာတ်သိမ်း)

ကျွန်ုပ် သည် …………………
က ဗျာ တစ် ပုဒ် ဖြစ် သည် ။

terry (တနင်္လာ) ညနေ 3း00

လန့် နိုး ခြင်း . . (၂) (terry) 

လန့် နိုး ခြင်း . . (၂) (terry)

အော်မြည်သံများယိမ်းထိုး
ဦးခေါင်းအထက်၌
လျှပ်ပန်းများပန်ဆင်လျှက်
ကမ္ဘာကြီးသည် ကဗျာလွတ်ကနေသည်
အမည်မသိ သံစဉ်တစ်ခု၏
နောက်ဆုံးခရီးသို့
လိုက်ပို့ကြသူများကျကျန်ခဲ့သော
ခြေလှမ်းများကြား
ဆူးပင်တစ်ချို့ ကမူးရှူးထိုးကုန်းထလာကြ၏

အမည်မတပ်ကြပါနှင့်……
ဒါပေမယ့်
ကျူပ်ကိုကျူပ်တော့ နာကျင်ခြင်းလို့  ခေါ်မယ်။

(ခ)

ပူလောင်နေဆဲပဲ….
နမ်းရှိုက်ချင်ဆဲပဲ…..
ကိုယ်ပိုင်လောကသာရှိရင်
အဲ့ဒီကောင်းကင်မှာ
နွေဥတုချည်း (ပွင့်) မယ်

နှစ်ချိုက်သည်ဖြစ်စေ….
မနှစ်ချိုက်သည်ဖြစ်စေ….
အဆိပ်အပြည့်နဲ့အိပ်မက်ကို
ဖန်ခွက်ကအရင်မက်လိမ့်မယ်

နောက်အပိုဒ်ဆက်ရန်...

လန့် နိုး ခြင်း . . (၁) (terry)

လန့် နိုး ခြင်း . . (၁) (terry)

ဟောင်းနွမ်းစ သစ်လွင်ဆဲ……..
သက္ကရာဇ်တောအုပ်ထဲသို့
သတ္တ၀ါတစ်ဦး
လေးလံစွာကူးခတ်လာသည်
ပစ္စုပန်ရာသီဥတုအရ
မိုးမခတိမ်တိုက်အချို့
စိုစွတ်စွာ ငိုက်မြည်းနေ၏

ရေခိုးရေငွေ့နဲ့တူတဲ့
ကျူပ်ကို
အလွမ်းလို့ ပဲခေတ္တသမုတ်လိုက်ရအောင်။

(က)

ဖြစ်တည်လိုက် ပျက်စီးလိုက်
ဘ၀ဟာ
မြင်သာထင်သာရှိတဲ့ ငရဲတစ်ခုပါပဲ
လက်ဖြောင့်တပ်သားမဟုတ်လို့ 
လွဲချော်မှု့တွေလည်း ရှိပါတယ်
သမားတော် အဖြစ်နဲ့
သဂြိုလ်ဖူးတဲ့ နေ့စွဲတွေလည်းရှိပါတယ်

ဟုတ်ပါတယ်……..
ကျွန်တော်လိမ်နေပါတယ်
နှလုံးသားတစ်ခုလုံးရင်းပြီး
လိမ်နေပါတယ်။

နောက်အပိုဒ်ဆက်ရန်....

ငါ့ကိုယ်ပိုင်အလင်းနဲ့လင်းချင်တဲ့နင့်ရဲ့နံနက်ခင်း (terry) 

ငါ့ကိုယ်ပိုင်အလင်းနဲ့လင်းချင်တဲ့နင့်ရဲ့နံနက်ခင်း (terry) 

နံနက်ခင်း…
မြင်လိုက်ရတဲ့အလင်းမှာ
ချို့တဲ့မှု့တစ်ခုခုတော့
ပါဝင်နေတယ်..
ငါ့ကိုယ်ပိုင်နေမင်းက
နင်ရှိမှလင်းချင်တာတဲ့။

ငါ့စိတ်ကိုမီးပိတ်ပြီး
အမှောင်ချထားချင်ပေမယ့်
နင့်ပုံရိပ်တွေမြင်ယောင်တိုင်း
နှလုံးသားကထထလင်းနေတာ
နေ့ခင်းဘက်တွေတောင်
အိပ်ရေးပျက်တတ်နေပြီ။

ငါနင့်ကိုဘာကြောင့်..
ချစ်လဲလို့မမေးနဲ့
တစ်ခါတစ်ရံ
မြင်ရမယ့်အကောင်ထက်
ပြမယ့်အရိပ်က
ပိုကဗျာဆန်တယ်။

ငါပိုင်ဆိုင်ထားတဲ့အချစ်မှာ
အလွမ်း၇၀ရာခိုင်နှုန်းနဲ့
ပျော်ရွင်ခြင်း၃၀ရာခိုင်နှုန်း ပါမယ်။

ဘာပဲဖြစ်ဖြစ် ငါ့ချစ်ခြင်းကို
လွမ်းမောမှု့နတ်သမီး..
စောင့်တယ်…………။

terry(28.9.2010)

ဆုတောင်း (Terry) 

ဆုတောင်း (Terry) 

ကြမ်းတမ်းစူးရှတဲ့
ငါ့ရင်ခုန်သံအတွက်
နင့်နှုတ်ခမ်းက
ဆည်းလည်းပွင့်အန်လိုက်တိုင်း
ကိုယ့်ကိုယ်ကို ပြန်ပြီး
အပြုစားခံရတဲ့ မှော်ဆရာလို
ငါ၏ စကားလုံးတွေ
နှုတ်ပိတ်ခံရခြင်းမှ
ကင်းဝေးရပါလို၏။

နင့်မျက်ဝန်းက
စူးကနဲလွင့်ပျံလာတဲ့
အကြည့်တစ်ချက်ဟာ
တိုက်တေနီယမ် ကျည်ဖူးအဖြစ်သို့
ပြောင်းလဲမသွားမီ
အစိတ်စိတ်အမွှာအမွှာ
ထိုးဖေါက်ဖျက်စီးခြင်းခံရမဲ့
ငါ့နှလုံးသား Target ကို
အချိန်မီ ရုပ်သိမ်းခွင့်
ရရပါလို၏။

ပြင်းပြတဲ့ နှလုံးခုန်သံတွေနဲ့အတူ
ကိုယ့်ကိုယ်ကို မေ့လျှော့နေတဲ့
ဝင်သက်ထွက်သက်တွေ ကြားမှာ
မာန်နတ်ရဲ့နောက်ဆုံး ကျည်ဆံကြောင့်
ငါ့ကမ္ဘာငယ်လေး
ရုတ်တရက် ရပ်တန့်သွားတယ်
” ငါတို့နှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ”
ငါ……………….
နှလုံးသားတစ်စုံနဲ့
လူဖြစ်နေသမျှ
ဘ၀ဆက်တိုင်း
ဒီစကားမျိုး
နောက်ထပ် ထပ်ပြီး
မကြားပါရစေနဲ့လို့
ဆုတောင်းရင်း……….။

(Terry)

တိုင်စာ (terry) 

တိုင်စာ (terry) 

ဦးဖေနောင်မယ်ထံသို့
ရိုသေစွာ
ကဗျာရေးလိုက်ပါတယ်။
(အမြင်) နဲ့မနာ
(ရင်) နဲ့သာနာတော်မူပါ………။

စမ်းရေသေဂီတလို စိတ်ညို့မျက်ဝန်း
နှင်းဆီနက်တစ်ပွင့်ရဲ့ယဉ်ကျေးမှု့
စွယ်စုံကျမ်းတစ်အုပ်ရဲ့အိနြေ္ဒနဲ့
တိကျစွာကို လှပါသည်။
သူမသည် လှပါသည်။
ထို့ နောက်လှပါသည်။
ထို့ အပြင်လှပါသည်။

အဲ့သလိုမျိုးကြီးတော့မရယ်ပါနဲ့။
မှန်ဘီလူးမဟုတ်လို့ ….
နောက်ကိုလည်းမျှော်မကြည့်ပါဘူး
သူဌေးကိုလည်းမကြည့်သလို
သူဌေးသမီးကိုလည်းမကြည့်ပါဘူး
တကယ်ကို
စိတ်မလှုပ်ရှားတာပါ
သူကသူဖြစ်နေလို့ 
ရင်ခုန်မိတာ
သူ့ မှာသာအပြစ်ရှိပါတယ်။

မဖြစ်ညစ်ကျယ်
မကောင်းဆိုးဝါးတစ်ချို့
မလှမ်းမကမ်းက
မယောင်မလည်လုပ်တာကိုလည်း
မကြိုက်ဘူး……..
မရှုဆိတ်လို့ ပြောတာမဟုတ်လို့ 
မဦးမချွတ်ပြောရရင်
ကျွန်တော်သူ့ ကို
မကြားတကြားလေးပဲ
ခိုးပြီးချစ်နေရလို့ ပါ။

ကျွန်တော်ကလည်းခက်တယ်။
လင်းသလောက်ပူတဲ့
ကြယ်တာရာလိုအကြည့်မျိုးကိုမှ
မျက်တောင်မခတ်တမ်း
စုထားချင်တာဆိုတော့
နောင်ရေးအခက်မတိုးအောင်
ကျွန်တော့လို
သူခိုးကိုပဲ
ဘဏ္ဍစိုးခန့်အပ်တော်မူပါ။

terry(20.10.2011)10:00pm

သတိ…ကိုက်1500အတွင်းအန္တရာယ် ကုန်းဆင်းရှိသည်။ (terry) 

သတိ…ကိုက်1500အတွင်းအန္တရာယ် ကုန်းဆင်းရှိသည်။ (terry) 

သြော်….ခက်တယ်ကွယ်။
ပွဲလန့် မယ်မကြံရသေးဘူး
ဖျာခင်းမယ့်လူကတန်းစီနေတယ်။
ခင်ဗျားကိုယ်တိုင်မျက်နှာသစ်ပြီးမှ
ကျူပ်ကိုအိပ်ရာကနိုးပါ။

ခေါက်ရိုးကျိုးပုံစံအရဆိုရင်
ဒီနေရာမှာ…..
ကျူပ်ကဗီလိန်ပေါ့…။
ကိုယ့်ယုံကြည်ချက်ကိုယ်စု
ကျူပ်ကိုယ်ပိုင်လေထုနဲ့ တော့
အသက်မရှုချင်နဲ့ …………..။

ပလိုင်းထဲကဖားပဲ….ဥစ္စာ။
ရိုက်ချင်ရိုက် သတ်ချင်သတ်
အဲ့လောက်တော့….
မရက်စက်တတ်ပါဘူး။
ကိုယ့်အခြေအနေကိုယ်သိရင်
အိပ်ရာဝင်တိုင်း
နှစ်ခါနှစ်ခါဆုတောင်းပါ….။

အမောက်ထောင်ပြမှ
နဂါးမှန်းသိမှာလား…
မယုံမရှိနဲ့ ။
အိပ်မက်တွေ
ပိုင်နက်ကျူးလွန်တဲ့…..နေ့ …
အလင်းဆိုရင်တောင်
မလွတ်စေရဘူး…….။

တုတ်ကျလို့ နာတတ်ရင်တော့
တောင်းပန်ပါတယ်…….။
ကျူပ်တို့ က
1500ဖိုးလောက်နဲ့ တော့
လူမိုက်မလုပ်တတ်ဘူး………။

(terry)18.5.2011 1:30am

မျှော်တွေးမိသည် အနာဂတ် ဒီ မို က ရေ စီ (အညတရမောင်)

မျှော်တွေးမိသည်
အနာဂတ် ဒီ မို က ရေ စီ (အညတရမောင်)


စစ်မီးလျှံနဲ့ခဏခဏ၀င်ပူးနေတဲ့
ပဋိပက္ခနဲ့ပယောဂအကျိုးအမြတ်က
တစ်မတ်သားပါတဲ့ဒိုင်ရပ်တဲ့ကစားပွဲလိုမျိုး
( စစ်ရေးအမြင် ) အမြင်ရှိရမယ်တဲ့
နွမ်းပါးဆင်းရဲချို့တဲ့မူ
ခပ်လှမ်းလှမ်းမှာမြင်မစမ်းနဲ့
လွတ်လပ်မူရဲ့နောက်မှာ
မြေသိမ်းယာသိမ်း
အကန့်အသတ်အပိတ်အပင်
အတားအဆီးနဲ့ထမင်းတနှပ်လျောစားဖို့ဆိုတာ
ငွေနှစ်ထောင်နဲ့ရလောက်ပါရဲ့
သန်းခြောက်ဆယ်က
ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးခတ်နေဆဲမှာ
အဆီအနစ်အရင်းအမြစ်တွေ
စားပြီးပုံစံခွက်ထဲကစနစ်ကို
့အယုံသွင်းအကျဉ်းချခံခံနေရလို့
ဒီအချိန်မှာဒီမိုကရေစီဆိုတာ
ရင်နာစကောင်းနေပါသေးတယ်။

အညတရမောင်

အတိတ်တမ်းချင်း (အညတရမောင်)

အတိတ်တမ်းချင်း (အညတရမောင်)

မေ့နေတာလား
မေ့လိုက်မှာလားဆိုတာ...
ဘာမှမကွဲပြားဘူး

ရင်အရှိုက်ကိုထိမှန်စေတဲ့
မျှော်လင့်ခြင်းကနှလုံးသားကို
တမ်းတခြင်းနဲ့
တွေးမထားတဲ့ အလေ့ကျအလွမ်းတွေ
လေအ၀င့်မှာကြွေလွင့််တော့
အချိန်ခါမပာုတ်ပဲအညာမခိုင်တဲ့
ရော်ဝါရွက်လို လေနှင်ရာဝေးလွင့်လို့
ကံမကုန်ရင်...ပြန်ဆုံမယ်ဆိုတဲ့
ဝေဒနာတွေနောက်မှာအမာရွတ်
တစ်ခုကတစ်ယောက်ကို
တစ်ယောက်တွေ့ဆုံဖို့ဒီအလွမ်းတွေ
အသက်ဝင်လျှံကျစေရဲ့။

ပိာုအဝေးမှာ.....
တစိမ်းဆန်တဲ့ ညနေတွေ
လွမ်းသူကိုရင်နဲ့ဖတ်ဖို့
သင်္ကေတက နှလုံးသားနဲ့ရင်းပြီး
လွမ်းမောစရာအတိနဲ့ ငါမသိနိင်တဲ့အရာတွေ

နောက်ဆုံးတော့.....
တိတ်ဆိတ်ငြိမ်သက်လို့ ကွာဝေးမူတွေကြား
မနက်ဖြန်များက တရွေ့ရွေ့တိုက်စားသွားခဲ့ပြီ။

စောင့်စားရင်းနောက်ကျခြင်းက
ရင်တစ်ခုလုံးကိုတမ်းတစိတ်နဲ့
လေနှင်ရာကြွေလွင့် အလွမ်းသင့်ကမ်းပါးနံဘေး
ရင်ဘတ်ပောာင်းလောင်းနဲ့
ငါရင်နစ်အောင်လွမ်းလို့ကျန်ခဲ့ဖူးခဲ့ပြီပေါ့ ။

အညတရမောင်

အတိတ်တမ်းချင်း (အညတရမောင်)

အတိတ်တမ်းချင်း (အညတရမောင်)

ပိာုအဝေးမှာ.....
တစိမ်းဆန်တဲ့ ညနေတွေ
လွမ်းသူကိုရင်နဲ့ဖတ်ဖို့
သင်္ကေတက နှလုံးသားနဲ့ရင်းပြီး
လွမ်းမောစရာအတိနဲ့ ငါမသိနိင်တဲ့အရာတွေ

နောက်ဆုံးတော့.....
တိတ်ဆိတ်ငြိမ်သက်လို့ ကွာဝေးမူတွေကြား
မနက်ဖြန်များက တရွေ့ရွေ့တိုက်စားသွားခဲ့ပြီ။

စောင့်စားရင်းနောက်ကျခြင်းက
ရင်တစ်ခုလုံးကိုတမ်းတစိတ်နဲ့
လေနှင်ရာကြွေလွင့် အလွမ်းသင့်ကမ်းပါးနံဘေး
ရင်ဘတ်ပောာင်းလောင်းနဲ့
ငါရင်နစ်အောင်လွမ်းလို့ကျန်ခဲ့ဖူးခဲ့ပြီပေါ့ ။

အညတရမောင်

နွေထဲကအမေညဉ်းထွားသံ---စိုင်းဟေမာန် (တောပျော်)

နွေထဲကအမေညဉ်းထွားသံ-

ပူပြင်းတဲ့နွေနေ့ခင်းမှာ
အားတင်းလို့အမေခံ ချွေးနှင့်ရင်းလိုရှာကြံ
ရ ဟန်ပေတဲ့ငွေထု အမေစုလို့အကြံပြု သားကိုရှင်ပြုလို့ လူထုရဲ့အလယ်
ဝင်ကြွားရှင်တကာမ ဖြစ်ရစေစမ်း-တဲ့ နွေထဲကအမေ ဟစ်ကြွေးလို့နေ
မမောပေဘူး အမေချစ်တဲ့သား
သာသနာအတွက် ကောင်းကျိုးထွက်ရင် အမေအတွက်........
အပျော်ရက်တွေချဉ်းဘဲ သားရယ်တဲ့
နွေထဲက အမေ ညဉ်းထွားသံလေး


စိုင်းဟေမာန် (တောပျော် )

မေမေ့တေးသံ

မေမေတေးသံ

ဟိုယခင်ငယ်စဉ်က
အူဝဲအူဝဲ ငိုသံမစဲတော့
ရင်ခွင်တံခါးကိုဖွင့်
တေးသံလွင့်ကာ ပီတိဖြာ၍
မေတ္တာလက်ကိုသုန်း
ကြင်နာစွာတင်ပါးကိုရိုက်
အိပ်ပါတော့လား မေမေသားဟု
ဆိုကာပြုံးရင်း မမှိတ်တဲ့မျက်စိအစုံနှင့် သားကိုကြည့် အားပြည့်နေခဲ့တဲ့ အမေ---သားအရွယ်ရောက်လာတော့ ကျောင်းထားနိုင်ရေး နေ့စဉ်တွေးကာ တောင်ယာစိုက်ခင်း အမြဲဆင်း၍ သီးနှံထွက်တိုးဖို့ရေး ချွေးစက်ပေးရင်း ဝါးခမောက်စုပ်နဲ့ အလုပ်ရှုပ်နေတဲ့ အမေ--ရသမျှငွေနဲ့ သားကိုကျောင်းထား
အဝတ်စားဆင် လှစေချင်
တတ်စေချင်ခဲ့တဲ့ အမေ---
အမေမှာတော့ တောင်ယာခင်းမှာ
ချွေးတွေထုတ် အင်္ကျီစုတ်နှင့်
တေးဆိုနေခဲ့တယ်
အမေ--ဆိုသောတေး
ကျောင်းတော်တက်သွား ငါ့ရဲ့သားသည် အဆင်ပြေဖို့ရေး ငါအသက်ပေးလို့ငွေရှာမည် ချွေးစက်မြေခ ကြွေကြသော်လည်း--- သားလေးအရေး တွေးလို့ ငါပျော်မိပါသည် တဲ့-- ဇရာထောင်းပေမဲ့ အသံကောင်း၍ မေတ္တာမဟောင်းမပြောင်းလေသောအမေရေ--အမေမေတ္တာတရားဟာ လွန်စွာကြီးမား၍ ပြန်လည်ပေးဆပ်သော်လည်းမကြေနိုင်
တုနိုင်းမဲ့ မေတ္တာဖြစ်သောကြောင့်