Friday, October 31, 2014

အချစ်စစ် poo lay

အချစ်ဆိုတာ ရယူခြင်းလား...?
ပိုင်ဆိုင်ချင်းလား...?မသိပေမယ့်
အချစ် ကိုလူတွေအမျိုးမျိုး
ဖွင့်ဆိုကြတယ်
မင်းကိုချစ်တဲ့အချစ်ကတော့
ပိုင်ဆိုင်ခြင်း,မက်မောခြင်းမရှိဘဲ
ချစ်နေမိတယ် ချစ်သူလေးရယ်
ရာသီတွေဘယ်လိုပြောင်းပြောင်း
ကိုယ့်အချစ်ကဘယ်တော့မှမပြောင်း
ထာဝရရှိနေဆဲပါအချစ်ဆုံးရယ်.

ဝိုင်းဝန်းအဖြေရှာပေးကြပါ✏ ထွန်းနောင်

"ဝိုင်းဝန်းအဖြေရှာပေးကြပါ"

မုတ်သုံကပဲအဝင်နောက်ကျတာလား?
မုန်တိုင်းကပဲနေရာမှားလာတာလား?

အိုင်အက်စ်အဖွဲ့ကိုနှိမ်နှင်းနေတဲ့
အမေရိကန်နှင့်အပေါင်းအပါတွေ့ရဲ့
နေ့တိုင်းကြဲချနေတဲ့
အဆမတန်ပြင်းထန်လှတဲ့
စက်လက်နက်တွေကထွက်တဲ့ဓာတ်ငွေ့တွေကြောင့်လား . . .?

ဒါမှမဟုတ်
စာပေတွေထဲကလို
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူတွေပဲ
မင်းကျင့်တရားနှင့် မညီညွတ်လို့လား . . .?

ဒါမှမဟုတ်
ငါတို့တိုင်းသူပြည်သားတွေကများ
အကျင့်စာရိတ္တတွေ ပျက်ပြားနေကြလို့လား. . .?

မေးခွန်းတွေကများပေမယ့်
သေချာတာတစ်ခုကတော့
ကျွန်တော်နေထိုင်ရာဖောင်းပြင်မြို့မှာ
ကျေးဇူးရှင်တောင်သူတွေလယ်သိမ်းချိန်ကျကာမှ
မိုးတွေအဆက်မပြတ်ရွာသွန်းနေတယ်ဗျာ . . . .။
ထွန်းနောင်(ဖောင်းပြင်)

လောကသစ္စာ ✏ ထွန်းနောင်

"လောကသစ္စာ"

ပတ်ဝန်းကျင်ကဘယ်လောက်ပဲဆူညံ
ကိုယ့်နားထဲမှာတော့
အဲဒီအသံတွေမကြားသလိုဘဲ....။

ဘေးနားကမပြောဘဲ
ကိုယ့်နားထဲမပြတ်မစဲကြားယောင်
နားထောင်နေချင်မိတာက
မင်းရဲ့စကားသံ....။

ဒါကို မညာဘဲ
ငါဝန်ခံလိုက်ပါတယ်
ဘာဖြစ်လို့လဲဆိုရင်
ကိုယ်ဟာလူသားတစ်ယောက်မို့ပါ....။

ထွန်းနောင်(ဖောင်းပြင်)

မင်္ဂလာရှိသောနံနက်ခင်း ✏ ထွန်းနောင်

"မင်္ဂလာရှိသောနံနက်ခင်း"

အစဉ်အလာမပျက်
မင်္ဂလာနံနက်ပါလို့
နှုတ်ဆက်လိုက်ပါတယ်. . .။

ဒါပေမယ့် သူငယ်ချင်း
စဉ်းစားခန်းတစ်ခုတော့
တို့တွေခင်းကြဖို့ လိုမယ်ထင်တယ်. . .။

မင်္ဂလာရှိသော ရက်တစ်ရက်ဖြစ်ဖို့
မင်္ဂလာနံနက်ခင်းတစ်ခုတည်းနဲ့တော့
လုံလောက်မယ်မထင်ဘူး. . .။

နံနက်မှ နေ့လည်
နေ့လည်မှ ညနေ
အဲဒီလို အဆင့်ဆင့်စီးဆင်း
နှစ်ဆယ့်လေးနာရီပတ်လုံး
မင်္ဂလာစကားတွေနဲ့ဖွဲ့ထုံး
မင်္ဂလာရှိတဲ့အပြုံးတွေ ဝေဆာ
အဲဒီလို ငါတို့ကိုယ်တိုင်သာယာနေပါမှ
"အစဉ်အလာမပျက်
မင်္ဂလာနံနက်ပါလို့"
နှုတ်ဆက်တဲ့စကား
အနွတ္ထအနေနဲ့
မှတ်သားထိုက်ပါတယ် သူငယ်ချင်း . . .။

ဝန်ခံချက်။ ။ဆရာမောင်စိန်ဝင်း
(ပုတီးကုန်း)၏ စကားလုံးအချို့ကို ယူသုံးထားပါသည်။
ထွန်းနောင်(ဖောင်းပြင်)

လေးနက်​မှု ✏ ​နေကာရံ

လေးနက်​မှု ✏ ​နေကာရံ

အချစ်​ဆိုတာ
တစ်​စုံတစ်​​ယောက်​ကိုချစ်​မိ​နေပြီလို့​သေချာမသိခင်​​တော့အရမ်း
လေးနက်​ပါတရ်
ချစ်​​နေတာ​သေချာသွားရင်
ပေါ့ပျက်​ပျက်​ဆန်​သွားတတ်​တရ်​ ခံစားမှုမဲ့သွားသလိုဘဲ
ဒါ​ပေမဲ့အဆုံးသတ်​လမ်းခွဲရ​တော့
လေး​လေးနက်​နက်​ခံစားရပြန်​တရ်
တကယ်​​တော့အချစ်​ဆိုတာဘာလဲ

ချစ်​သူ.......

စိမ်းရက်လေဦး ✏ နိုင် (ညောင်ဦး)

* စိမ်းရက်လေဦး *

လှည့်မကြည့်ပါနဲ့
အစ်ကိုပဲကြည့်နေပါရစေ
(မုန်း)မေ့လိုက်ပါတော့ကွယ်
အစ်ကိုပဲ ချစ်နေပါရစေ
ပြုံးရက်ဖြင့်သာ ထွက်သွားပါ
အစ်ကိုပဲ ငိုနေပါရစေ
ထားခဲ့လိုက်ပါ
ညီမပျော်ရင်
အစ်ကို့ရင်တွေ
ကွဲရဲရမှာပေါ့
အပြစ်မတင်ရက်ပေမဲ့
သြော်... ရင်ထဲမှာတော့
စိမ်းရက်လေဦး .....

နိုင် (ညောင်ဦး)

မျက်ရည်ကျတဲ့နေ့.... (အောင်အောင်)

(မျက်ရည်ကျတဲ့နေ့ )

ကဗျာဖွဲ့လည်းမပီ
စာချဲ့လည်းမမီတဲ့အရာ
အမေ မေတ္တာပါ

တဲစုပ်ထဲမှာပဲအိပ်
ဖဲထုပ်လိုမှောက်လိုက်လှန်လိုက်
လောကဓံက
ဘယ်လောက်ပဲပုတ်ပုတ်
မတုန်လှုပ်တာ
အမေပါ.....

အသိရှားရင်ရှားပါစေ
အမေသားရှိရင်ပိတီစားပြီး
အားရှိနေပါတယ် လို့
အမေပြောခဲ့တုန်းက
ကျနော်
မျက်ရည်ကျခဲ့ဖူးပါတယ်.....

( အောင်အောင် )

စိုင်းစိုင်း

စိုင်းစိုင်း

ချစ်ခြင်းမေတ္တာဆိုတာဟာ
နှလုံးသားတနေရာက
ပေါက်ဖွားလာတာပါ။
ရွှေအကြောင်းဖယောင်းသက်သေတဲ့
မင်းအပေါ်ချစ်ခဲ့တဲ့
ငါ့ ရဲ့မေတ္တာကို
ဘာနဲ့သက်သေပြရမှာလဲ

စိုင်းစိုင်း

ကမ္ဘာတည်သရွေ့.... စိုင်းစိုင်း

ကမ္ဘာတည်သရွေ့
တစ်နာရီမမေ့ဘူးလို့ဆိုလည်း
တကယ်တမ်းသတိရချင်မှရမှာပါ
ငါကတော့
အရိုးသားဆုံနဲ
အပွင့်လင်းဆုံးကိုပဲ
မြတ်နိုးတယ်



မေတ္တာစစ်ဆိုတဲ့လမ်းဟာ
ဘယ်တော့မှမဖြောင့်ဖြူးဘူးတဲ့
ဒါမှလည်း
ခိုင်မြဲတဲ့အချစ်ကမ္ဘာတခုကို
တည်ဆောက်နိုင်မှာပေါ့
စိုင်းစိုင်း

မိဘများသတိပြုစရာ ✏ ပျိုတို့​မောင်

မိဘများသတိပြုစရာ

မူစလင်​တို့သည်​ အမျိုးဘာသာ
ကွယ်​​ပျောက်​​အောင်​ ကြိုစားလျက်​ရှိရာ မိဘများ​ပေါ့စ၍
သားသမီးများကို မဆုံးမလျှင်
နောင်​နှစ်​​ပေါင်းတစ်​ရာတွင်
လူမျိုး​ရော ဘာသာ​ပါ
ကွယ်​​ပျောက်​နိုင်​သဖြင့်
မကွယ်​​ပျောက်​​အောင်
အောက်​ပါလုပ်​ငန်းစဉ်​ (၃)ရပ်​ကို
မဖြစ်​မ​နေ​ဆောင်​ရွက်​ပါ။

၁။မိမိတို့သားသမီးများကို က​လေးဘဝမှစ၍
ဗုဒ္ဓဘာသာယဉ်​​ကျေးမူအ​မွေ ​ပေးပါ။

၂။မူစလင်​တို့နှင့်​မဆက်​ဆံ​အောင်
ဆုံးမပါ။

၃။မူစလင်​တို့နှင်​မထိမ်းမြား​အောင်​ဆုံးပါ။

ပျိုတို့​မောင်

သွေးစကား

သွေးစကား

ပျိုနှမ-​ကောင်းခြင်းသုံးဖြာ
ပြည့်​စုံပါလှ မြတ်​ဗုဒ္ဓ၏
ဓမ္မစကား တန်းဖိုးထားပြီ
ခြားနားဘာသာ မတူကွာသူ
သင်​မယူနဲ့။

ပျိုနှမ-မိစ္ဆာရန်​စွယ်
အန္တရာယ်​ကို အနွယ်​​စောင့်​ကာ
ဝေး​ရှောင်​ပါ​လော့

ပျိုနှမ-ဗမာ့​သွေး​တွေ စီးဆင်း​နေတဲ့
ပျို​မေခန္ဓာ မိစ္ဆာလက်​​အောက်
မကျ​ရောက်​ဖို့ ​မြှောက်လုံး​,ချောက်​လုံး
မက်​လုံး​တွေသုံး သူတို့ထုံးကို
ရွံမုန်းခွာ​ရှောင်​ နားမ​ယောင်​နှင့်​။

၁+၁၀ - စွမ်းအား

၁+၁၀

တစ်,ယောက်ထဲပဲ
နှစ်,သက်မိတယ်
သုံး,သပ်ကြည့်တော့
လေး,လံနေတဲ့
ငါး,နှစ်တာခရီး
ခြောက်,ခြားခဲ့တယ်
ခွန်,အားမဲ့တဲ့
ရှစ်,ရှားပင်လို
ကိုး,ကွယ်ရာမဲ့လို့...
ဆယ်,ကမ္ဘာတိုင်ချစ်သွားမယ်

ဟ" (စွမ်းအား)

ဟ"

နှလုံးသားမှာအပြုံးနဲ့
အမုန်းမပွားစေဖို့
အချစ်ဆေးတွေ
တိုက်ကျွေးဖို့ရာ
မင်းပါးစပ်ကလေး
ဟ"လိုက်ပါ

သိစေချင်ရဲ့.....( မန္တလာမြေမှအစ်မတစ်ယောက်အတွက်ရင်တွင်းခံစားချက်လေး ) ကောင်ခန့်

သိစေချင်ရဲ့

အဝေးတမြေက ချစ်မမရေ.....
အခုဆိုရင် အစ်မတယောက်တော့
အဖော်တွေနဲ့ ပျော်နေပြီလား..
အဝေးကတွေး အဝေးကလွမ်း
အဝေးကတမ်းတနေတတ်တဲ့ မောင်လေးတစ်ယောက်ကတော့
စိုးရိမ်သောက ဗျာပါဒနှင့်
လာသမျှလူမေး သတိရစာတွေရေးလို့
ပေးပို့နေပေမယ့်
ပြန်စာမလာ ကျန်းမာပါကြောင်း သတင်းကောင်းမပါး အနေရယ်ကြာလို့
မေ့နေပြီလားအမရယ်…။
မေ့မရသူကတော့.....
ကဗျာတွေနဲ့ရူး စာတွေကူးလို့
အလွမ်းရသထူးတွေနဲ့
သတိရဘူးတယ်ဆိုတာ.....
အစ်မသိအောင်လို့ စာအုပ်လေးထဲမှာ ဖွင့်ထုတ်လို့ရေးထားတယ်
ဖတ်ကြည့်လိုက်ပါ အစ်မရယ်....

ကောင်ခန့်(ရွှေကျွန်းမြေ)မန္တလာမြေမှ
အစ်မတစ်ယောက်အတွက်
ရင်တွင်းခံစားချက်လေး

ကြင်သူတေး (လျှို့ဝှက်လွမ်း)

ကြင်သူတေး (လျှို့ဝှက်လွမ်း)

ဧကန်တစေ လွမ်းလို့နေ၍
ကဗျာတစ်ပုဒ် ရင်မှထုတ်ကာ
မင်းအတွက်းရေး အလွမ်းတေးကို
ကြင်နာသူလေး ဖတ်၍ပေးပါ......
ကြင်နာကဗျာ ရင်မှစာကို
အလွမ်းအဆွေး ဖွဲ့၍ရေးတာ
ကြင်နာသူက သိပါစ့ 
သူလေးသိခွင့် ရင်အဖွင့်ကို
ကြင်သူဖတ်ရ ကြင်နာတတ်မှ
ကြင်နာရင်ခွင် ပြန်ခိုဝင့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

သတိရ​ပေးပါ ✏ မိုးထက်​ ✏ ဖောင်းပြင်

သတိရ​ပေးပါ

လင်းအခါ ရုဏ်​လာလို့
ပေါ်ပြူတဲ့ သူရိန်​ကိုဘဲမြင်​မြင်
မှောင်​ကာလာ သူရိန်​ယွန်းလို့
လဝန်းကိုဘဲ မြင်​မြင်
ကု​ဋေကုဋာ
မဟုတ်​ခဲ့ရင်​​တောင်
တစ်​ကြိမ်​တစ်​ခါ​တော့
သတိရ​ပေးပါ

မိုးထက်​ ✏ ဖောင်းပြင်

ကြိုပြောပါရစေ....( နွေဦး )

ကြိုပြောပါရစေ....

မင်းခြေလှမ်းတွေက
နှလုံးသားကို
အနုနည်းနဲ့ခြွေယူဖို့
မာယာသင်္ကေတ
ညှင်သာစွာလှမ်းလာလေသလား
ငါနှစ်သက်တာ
လေပြေသတ်သတ်မို့
မုန်တိုင်းတွေတော့
ယူမလာပါနဲ့
တံခါးမဖွင့်ခင် ပြောလိုက်မယ်
ဒီရင်ထဲမှာ
မေတ္တာစစ်တို့သာ
ခိုအောင်းခွင့်ပြုတယ်
အနှစ်မပါ အချစ်ဗလာဖြင့်
ဝင်မလာပါနဲ့။
နွေဦး

ခြားနားခဲ့ပြီ... (နွေဦး)

ခြားနားခဲ့ပြီ...

ကိုယ်မြတ်နိုးတဲ့
မင်းလေးရဲ့
အကြည့်မျက်ဝန်း
ချွဲနွဲ့နွဲ့စကားပြောသံ
ပြုံးရယ်ပုံလေးတွေပဲ
မြင်နေရရင် ကျေနပ်ပါပြီ
ကျန်တာမမျှော်လင့်ပါဘူး
ဒီအခွင့်ရေးတွေနဲ့
ဝေးကွာစေတဲ့
ကံကြမ္မာတံတိုင်းကို
အပြစ်ဆိုချင်ပေမယ့်
ဘာမှထူးမလာနိုင်ဘူးလေ
နာကျင်စွာလွမ်းရလည်း
ချစ်နေရင်းပဲ
ရှင်သန်မယ်။

နွေဦး

သွားနှင်ဦးအမေ.... နွေဦး

သွားနှင်ဦးအမေ....

အမေ သားတို့အားလုံးဟာ
သင်္ခါရကမ္ဘာက
အနိစ္စသားကောင်တွေမို့
ဓားတောင်ကာရံလည်း
မလွန်ဆန်နိုင်တာသေခြင်းတရား
တားမရလို့ အမေခမျာ
သားတို့ကို
ထားသွားရရှာပြီနော်
သြော် အမေရယ်....
ကံကြုံတုန်းဆုံရ
ကံကုန်လို့ခွဲကြ
သဘာဝတွေမို့
သား တရားနဲ့ဖြေပါတယ်
မှားခဲ့တာရှိရင်
ဝန်ချတောင်ပန်ပါရစေအမေ။

နွေဦး

ရင်ဖွင့်ပါရစေအမေ..... (နွေဦး)

ရင်ဖွင့်ပါရစေအမေ.....

တမလွန်မှာ
အဆင်ပြေရဲ့လားအမေ
သားကတော့
အတ္တကြီးမား
နိုင်ရာစားလောကမှာ
အသက်ရှူကြပ်စွာ
လမ်းလျှောက်နေရတယ်။
မလိုက်နာသောစည်းကမ်း
မတိကျသောစနစ်တွေနဲ့
အုပ်ချုပ်သူအောက်မှာ
မကျေနပ်စွာ
ရှင်သန်နေရတယ်အမေ။
ထမ်းဆောင်ရမယ့်တာဝန်
မကျေပွန်သူတို့ကြား
စိတ်မသက်သာစွာ
ကျင်လည်နေရတယ်အမေ။

နွေဦး

သူ့ရှင်​[က ​လေး]

ကျွန်​​တော့်​ကို
အပြစ်​မြင်​​သော သူ့ကို
ကျွန်​​တော်​အပြစ်​မမြင်​လို...။

ကျွန်​​တော့်​ကို
မုန်း​သော သူ့ကို
ကျွန်​​တော်​ ပြန်​မမုန်းလို...။

ပန်းက နှစ်​ပွင့်
သူနှင့်​ ကျွန်​​တော်
မလွှဲသာ တစ်​ပွင့်​ဟာ
ကြွေရစတမ်းဆိုလျှင်
ဆံထက်​မှာပဲ
မင်းကို မြင်​လိုသူပါ​လေ..။

သူ့ရှင်​[က ​လေး]

Thursday, October 30, 2014

နွေ

နွေ

ပူလောင်ခြင်းတွေနဲ့ ပြည့်နက်နေတတ်ပေမဲ့
ပန်းသဇင်ဟာ နွေလောင်ရာပင်ယံထက်မှာ
ပွင့်လန်းနေတတ်ခြင်းက
ချစ်စရာလေး မဟုတ်လားနွေ

လေညင်းလေးတွေ သယ်ဆောင်လိုက်တိုင်း
အေးမြမြပန်းသဇင် ရနံ့လေးတွေဟာ
ရင်ထဲ'နှလုံးသားထဲထိ
စိမ့်ဝင်သွားတဲ့ အချိန်တိုင်းမှာ
ပူလောင်မှုတွေပျောက်ကွယ်ပြီး
သင်းပျံ့ပျံ့ပန်းသဇင်ရဲ့
ရနံ့လေးထဲမှာ ခဏတာ
မေ့မျောသွားခဲ့ရတယ်သိလား'''နွေ'

သြော်'''မိနွေလေးရယ်
မိုင်ထောင်ချီဝေးတဲ့ ဒို့နှစ်ယောက်ရဲ့
သံယောဇဉ်အမျှင်တန်းတွေက
ဘာကြောင့်....ဖြတ်လို့ မရတာလဲဟင်'

မိနွေရယ်'ရင်ကွဲလုမတတ်
လွမ်းခဲ့ရတဲ့'ကိုယ့်ရဲ့အဖြစ်ကို
နင်ကြည့်လှည့်ပါဦး'မိနွေ

ဖြူစင်'ရိုးသား'ပါတယ်ဆိုတဲ့ နွှေရဲ့နှုတ်ဖျားကဖွင့်ဟလာတဲ့
စကားလေးက နွေ'ရဲ့
မာယာပရိယာယ် လှည့်ကွက်ထဲက
'ထွက်မသွားရလေအောင်'
အပေါ်ယံနှောင်ကြိုး တစ်မျှင်နဲ့'
ရစ်ပတ်ထားတာလား....?

ကိုယ်နွေကိုသိပ်ချစ်ခဲ့ပါတယ်
နင်ရှိမှပြည့်စုံမှာမို့
ငါမျှော်လင့်ပါရစေတော့
နွေ လေးရယ်

ဝှက်ဖဲ ✏ မနော်ဟရီ

ပင်လယ်မှောက်တဲ့လှေ
သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။

ဘယ်လိုမှဆေးဖက် မ၀င်နိုင်တော့တဲ့
နွယ်မြက်သစ်ပင်တွေ တရွေ့ရွေ့
ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိ ညွှတ်ကွေးနေခဲ့။

နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ
အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်း လပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။

ဆုတောင်းတိုင်းရတတ်တဲ့
အရာတွေထဲမှာ ကတိသစ္စာမပါဘူး

လက်မှတ်တွေအပြည့်ထိုးထားတဲ့
စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ် ဒါဟာ.....
ကံကြမ္မာရဲ့အလိုတော်ပါ လို့
ဝန်ခံလိုက်ရရင်ကောင်းမလား...
ကိုယ့်ကိုယ်ကို မကြားတကြား
ရယ်မိတာများပြီ။

ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ...
ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။


မနော်ဟရီ မုခ မဂ္ဂဇင်း ၂၀၀၁/ ဒီဇင်ဘာ

လွင်ပြင် ✏ စည်သူငြိမ်း

လွင်ပြင်

ညှို့ချက်ကလှ လှလွန်းလှ
ကောင်းကင်က ငိုက်ကျလာပြီး နမ်းရ။
လေယာဉ်ပျံ၊ ငှက်၊
တိမ်တိုက်၊ လမင်း၊ သစ်ရွက်
ပက်လက်လှန်ကြည့်ရင်း
အပြည့်အ၀လွတ်လပ်ခြင်းနဲ့
တမြုံ့မြုံ့မြည်း
လေစိုင်တွေ ခရီးသွားကြ
ရင်ဘတ်ပေါ်မြက်နဲ့
သက်ရှိအချို့ကစော်ကားကြတာကိုပင် ရင်မနာတတ်သေး
နေရာဖဲ့ပေးတဲ့ ရိုးရိုးကြီးလေ။

စည်သူငြိမ်း
(မြားနတ်မောင်/၁၉၉၆)

ခေတ်ပေါ်ကဗျာသတင်း ✏ ကေမျိုးငြိမ်း

ခေတ်ပေါ်ကဗျာသတင်း

မသီးခင်ကြွေတဲ့ သရက်ပွင့်တစ်ချို့
မြေပြင်ပေါ်မှာ တဖြုတ်ဖြုတ်
ပန်းချီဆရာ......
ကဗျာဆရာ.....
ဆိုက်ကားဆရာ.....
ဆ-လိမ်နဲ့ ရာတဲ့ ဆရာ......
အမွေးခက်၊ အနေခက်၊ အသေခက်
ကျွန်တော်တို့လက်တွေ
ဖြတ်ပစ်လိုက်ရမှာလား ။ ။

ကေမျိုးငြိမ်း

အိမ် ✏ မိုးခင်ခင်

အိမ်

ညမှာ
ဘာမှမရှိတဲ့ ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။

အဲဒီလိုဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း
အလွမ်းတွေ ထိမ်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။

မိုးခင်ခင်(မဟာဝိဇ္ဖာ)
The Light မဂ္ဂဇင်း(လ၊ ခုနှစ် မမှတ်မိပါ

ရင်ဝေး. . . .သို့.....✏ အညတရမောင်

ရင်ဝေး. . . .သို့

ရင်ဝေး . . . .
နင်အတွက်အလင်း
တစ်စက်ဖြစ်ဖို့ပေးအပ်ရင်း
အမှောင်ထဲက
ဘာမှပြောင်းခွင့်မရတဲ့
ပြိုယိုင်လဲကျမူမှာ
လွမ်းခဲ့ရတယ်
ဒီလိုညတွေ နဲ့လေ။

ရင်ဝေး . . . .
နင်မတွယ်ပေမဲ့ နွယ်နေတဲ့
ကြိုးတစ်စက အကန့်သတ်ဆိုတဲ့
နယ်ထဲမှာ ငါမမြင်ခဲ့လို့
ဒဏ်ရာတွေက နက်လို့
ဒီိလိုဘဝတွေနဲ့။

တကယ်တော့လေ ရင်ဝေး . . .
ငါကသာ
ကျွံဝင်နေတဲ့နှောင်တွယ်မူနဲ့အိပ်မက်ပြီး
တွယ်ဖက်ခွင့်မရခဲ့သူ တစ်ယောက်လိုပါ
အခုတော့. . .
လွမ်းဆွတ်ကြွေကွဲစွာနဲ့ပေါ့

ကွဲနေတဲ့ ရင်ဘတ်ကို
ပြန်ဆက်ဖို့ အက်ကြောင်း
လိုက်နေတဲ့ မျှော်လင့်ချက်နဲ့
ိခေါက်ရိုးကျိုးနေတဲ့
ဘဝတွေအဖို့မင်းအတွက်
အလင်းတစ်စက်တော့
ဖြစ်ကောင်းပါရဲ့။

အခုတော့ . . ငါမှာ
ရင်နစ်လို့. . . .
ဆုံမှတ်မရှိတဲ့ ဘူတာမှာ
အလွမ်းရထားထွက်သွားတော့
ငါရင်ဘတ်ငါပြန်သိမ်းဖို့
ငါသောကနဲ့ ငါဘာမှပြန်
ရှာမရတော့ဘူးလေ။

အညတရမောင်

အမေ့မေတ္တာ ✏ နွေဦး

အမေ့မေတ္တာ

နားထှိုင်းနှစ်ဖက် သားအတွက်ဆို
တစ်ဖက်ကမ္ဘာ လှမ်းခေါ်ပါလည်း
မာတာအမိ ကြားနိုင်၏။

ယိုင်နဲ့ခန္ဓာ ကြုံလှီကာလေ
တုန်ရီနေလည်း မေတ္တာမြဲစွာ
ရတနာတွက် မာတာအမိ
ခွန်အားရှိတယ်။

တစ်လတစ်နပ် စားဖို့ခက်တဲ့
ဟင်းချက်အသား အမေစားချင် သားကိုမြင်တော့ စားချင်စိတ်အား ဖျောက်ပစ်ထားပြီး အသားကိုကျွေး ချည်ပေါင်လေးနဲ့ စားလိုက်တယ်။
ညကျန်ထမင်း နနွင်းဝါဝါ
ဆီပါရုံသာ ကြော်ကာကျွေးခဲ့
တို့ရဲ့အမေ သားတွေကျန်မှ
စားခဲ့ရရှာ တစ်ခါတစ်လေ
မကျန်ပေလို့ အမေမစားခဲ့ရှာဘူး။

နွေဦး

ဆောင်းရာသီအလွမ်း ✏ poo lay

ချမ်းအေးလွန်တဲ့ ဆောင်းရာသီမှာ
မင်းရဲ့နွေးထွေးမှုကို တမ်းတနေမိတယ်
နှင်းတွေတဖွဲဖွဲ ကျနေပေမယ့်
မင်းမရှိတဲ့ ဒီဆောင်းထဲမှာ
အလွမ်းတွေ ရင်မှာဝဲလို့
ကြေကွဲနေမိတယ်.....

ပြန်ခဲ့ပါကွယ်အချစ်ရယ်....
ကျန်ခဲ့သူကို ဝေဒနာပေးလို့...
အလွမ်းခြေရာလေးတွေနဲ့....
အလှမ်းဝေးစေဦးမှာလား...

ပြန်လာပါတော့နော်....
ဆောင်းရာသီထဲက
နှင်းဖွဲကိုမြတ်နိုးတတ်တဲ့
ဆောင်းသခင်ရယ်....

Poo lay

သားသား ချစ်တဲ့ တီတီစနိုးထံသို့......ရဲကိုကို(ပြူကန်)

သူငယ်ချင်းတဲ့....
ဒီစကားလေးတစ်ခွန်းက
ဒို့နှစ်ယောက်ကို စည်းခြားစေခဲ့တယ်
ခင်မင်မူ့ဆိုတဲ့ အဖြူရောင်စည်းကလေးကို
ငါတို့ဖြတ်ကျော်ဖို့ မစဉ်းစားသင့်ဘူးနော်
ဒါပေမဲ့.....သူငယ်ချင်းရယ်
နင်မသိနိုင်ပေမဲ့....
နင်မသိတဲ့ သားသားရင်ထဲက
ခံစားချက်တွေကို
ကဗျာတစ်ပုဒ်အဖြစ် အသွင်ပြောင်းရင်း
သားသားဆုတောင်းမိတယ်
အဝေးကတီတီတစ်ယောက်
တစ်နေ့မှာသားသားဆိုတဲ့
ဟောဒီကကျွန်တော်မိုးအောင်ကို
ပြန်ချစ်နိုင်ပါစေ....လို့...
ဆုတောင်းရင်း......

သားသား
ချစ်တဲ့ တီတီစနိုးlove

ရဲကိုကို(ပြူကန်)

မအတွက် ✏ ဘန်းလောင်သားလေး(ဖြူး)

မအတွက်

မောင်!
နှစ်လွှာတစ်ရွက်
စွယ်တော်ခက်လို
တစ်သက်မခွဲ
တူယှဉ်တွဲရင်း
ရင်ထဲမှေးစက်
ကမ္ဘာပျက်တောင်
တစ်ရက်လေးလဲ
တူမခွဲဘဲ နေချင်တယ်နော်....တဲ့

သြော်.....
ပြောဖူးတဲ့စကား
မောင်ပြန်ကြားရင်း
နားခါးရပြီနော်....

အခုတော့!
ကမ္ဘာမပျက်
ဘဝအက်ပြီး
ရှေ့ဆက်မျှော်မှန်း
ဘယ်ဆီလွမ်းလို့
ဘယ်ကမ်းမှလဲ မမြင်ပြီ.....

ဘန်းလောင်သားလေး(ဖြူး)

ကဗျာ ✏ ထွန်းနောင်(ဖောင်းပြင်)

" ကဗျာ "

သစ်ရွက်သည်
ချစ်တတ်လာသောအခါ
ပန်းပွင့် ဖြစ်သွားသည်. . .။

ကျွန်တော်သည်
ချစ်တတ်လာသောအခါ
ကဗျာ ဖြစ်လာပါသည်. . .။

ထွန်းနောင်(ဖောင်းပြင်)

Wednesday, October 29, 2014

ကျွမ်းလောင်ပါစေ....နွေဦး

ငါဟာ
ဆေးတစ်လိပ်ဆိုရင်
မင်းနှုတ်ခမ်းမှာပဲ
တမြေ့မြေ့ကျွမ်းလောင်ပါရစေ....
နှေးနှေး မြန်မြန်
ကြိုက်သလိုဖွာရှိုက်ပါ
မသောက်ဘဲညှိထား
လေ စားလို့တော့ မကုန်ပါရစေနဲ့။
အခိုးငွေ့တွေ့
လွင့်တက်ပျောက်ကွယ်သွားလည်း အာနိသင်က
မင်းထံကျန်ခဲ့မှာပါ။
ငါ့ဘဝ မင်းအာသာပြေလို့
ိခမ်းမှစွန့်ပစ် ခြေထောက်ဖြင့်နင်းချေ
ပြာကြွေရင်းကုန်
ငါသေမင်းနဲ့ဆုံရင်တောင်
ကိုယ်ထည်သာ နေဝင်မယ်
ပေးဆပ်ဖို့ နှလုံးသားက အာရုံဦးပါ။

နွေဦး

လောင် ကျွမ်းလိုက်ချင် ✏ နတ်ဆိုး

လောင် ကျွမ်းလိုက်ချင်
===============
အနမ်းတွေမ ခြွေဘဲ
အလွမ်းတွေဝေခဲ့ရတဲ့
ငါ့ရဲ့ ပန်းကမ္ဘာမြေ
စမ်းရေ တွေမစီးလေသမျှ
ပန်းတွေလည်း ကြွေ
ပုလဲတွေလည်း ခ
သဏ္ဌာန်လွဲ မင်းနဲ့ငါ
တစ်ဘဝစီရှင်သန်လာမှ
ပြဒါးနဲ့သံ အသွင်ကွဲ
ဖန်စီလမ်းမှာ
ပန်း အဖြစ်နဲ့ နွမ်း
စမ်း အဖြစ်နဲ့ ခမ်း
မီး အဖြစ်နဲ့သာကျွမ်းလိုက်ချင်
သြော်----မီးအဖြစ်နဲ့သာကျွမ်းလိုက်ချင်။ ။

နတ်ဆိုး
(ပန်းစွာမြေသားလေး)

အချစ်ဦး ✏ ဆုသက်အောင်

အချစ်ဦး

နှလုံးသားမှာ
တစ်ခါသာပွင့်ဖူး
အချစ်ဦးမို့
ရူးရူးမူးမူးကိုယ်ချစ်တယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

ညီမလေး...သို့.... မောင်တေဇ

ညီမလေး...သို့

ညီမမျက်နှာ
လ ပမာ
ဝင်းပါစေသား
ဝင်းစေသား....။
ညီမအိပ်ရာ
ပန်း ပမာ
ဖြစ်ပါစေသား
ဖြစ်စေသား....။
ညီမခန္ဓာ
ထုံနံ့သာ
မွှေးပါစေသား
မွှေးစေသား ဟု
တောင်းဆုပြုသည်
ဟစ်ကြွေးသိကာနေပါစေ....
ဝဋ်ကြွေးရှိကကျေပါစေ....။ ။

မောင်တေဇ(ယင်းမာပင်)

Tuesday, October 28, 2014

၂၁ရာစုကောင်မလေးတွေရဲ့ အချစ်

အချစ်ဆိုတာ
နူးညံ့စွာ ရင်ခုန် ထူးဆန်းစွာ ခံစား !
ဆန်းပြားတဲ့ အကြည့်လေးတွေနဲ့....
အမူအရာပျက်ယွင်း
လူတကာကိုရှက်ရင်း
တိုးတိုးလေး ရီလိုရီ
တိတ်တိတ်လေး ပြုံးလိုပြုံး
လက်ဖျားတွေ အေးစက်
အချိန်တိုင်းအတွေး ဂယက်မှာ..
သူကိုသာစွဲလန်းနေတာ
အဲဒါ အချစ်လားကွယ်
Acid နဲ့တွေ့ရင် နီပြီး
Baseနဲ့တွေ့ရင်ပြာတတ်​တဲ့
litmus စက္ကူလို
အချစ်နဲတွေရင်ချွဲပြီး
အသစ်နဲ့တွေ့ရင်တွဲတတ်တဲ့
၂၁ရာစုကောင်မလေးတွေရဲ့ 
ဓာတုဗေဒအချစ်မျိုးကို
ကြောက်ပါတယ်......

❦ ❦ ဦးဘုန်း❦

မြူဆွယ်သူ

မြူဆွယ်သူ

အလှမာန်ဝင့် ပြုံးဟန်တင့်နဲ့
ချစ်ပါဟဲ့လို့ မြူဆွယ်သူ
မဲ့ကာ ရွဲ့ကာ နွဲ့မာယာဖြင့်
ချစ်ပါလားလို့ မြူဆွယ်သူ
သူ့အလှမာန် သူ့မဲ့ဟန်က
ကိုယ့်နှလုံးဘဝင် မမုန်းချင်အောင်
အော်ရစ်နှောင်မြူဆွယ်သူလေးရယ်

ရင်ဝေး ၂

ရင်ဝေးရေ. . .
မင်းမျက်ဝန်းအကြည့်တစ်ချက်က
ငါနှလုံးသားကို နွေးထွေးမူ
ပေးနိုင်စွမ်းရှိတယ်ဆိုတာ
နင်မသိနိုင်ဘူး။

ရင်ဝေးရေ . .
မင်းရှိနေတယ်ဆိုတဲ့
ရင်ထဲကခံစားမူအချို့နဲ့ ထပ်တူမျှဖို့
ငါမှာ နောက်ထပ်ပေးအပ်စရာ
နှလုံးသားအပိုမရှိတော့
ငါရင်နစ်လို့ ဒီလိုညတွေနဲ့
ငါအိမ်မက်ရှည်ခဲ့တာကြာပြီ။

ဒီလိုနဲ့ပဲ ရင်ဝေးရေ. . .
ကမ္ဘာကြီး ကျဉ်းကျဉ်းလေးထဲက
ငါတို့ ဘဝတွေ
တစ်မိုးအောက်အတူနေပြီး
မဆုံနိုင်အောင်ဝေးနေလို့
နင်မရှိတဲ့ငါဘဝတွေက
လွင့်ပျယ်ကြွေလွင့် အလွမ်းဖြစ်ခဲ့ပြီ


ရင်ဝေး. . . .
နွေးထွေးတဲ့ စကားလုံးတွေနဲ့
ဝမ်းသာစရာကြားရတိုင်း
ငါနာကျင်နေတာမေ့ပြီး
နင်အဆင်ပြေတယ်ဆိုတဲ့အသိနဲ့
ငါပျော်တယ်။

ရင်ဝေး . . .
နီးခြင်းဝေးခြင်းထက်မင်းရင်ထဲက
ငါမြင်နေရတဲ့ဒဏ်ရာကို
မျှဝေ ခံစားပေးဖို့
ငါရင်ဘတ်မှာမင်းအတွက်
ငြိမ်သက်ခွင့်ရှိတယ်။

ဒါပါပဲရင်ဝေး. . . ငါလေမင်းကို
ဘာမှမတောင်းဆိုရက်ပါဘူး
နင်လိုအပ်တဲ့အခါမှာ
မင်းအတွက်ထပ်တူကြေကွဲဖို့
ငါနှလုံသားမှာခံစားဖို့ခွင့်ပြုပါ

ရင်ဝေး. . .

ရင်ဝေး. . .
ပေါင်းစပ်ခွင့်မရတဲ့
နှလုံးသားနှစ်ခုရဲ့အဝေးမှာ
ငြိမ်သက်မွန်းကျပ် စကားလုံးမဲ့
အထီးကျန်ခြင်းနဲ့အိမ်မက်တွေသာ
ရှိခဲ့တယ်။

ရင်ဝေး. . .
ကာရန်မညီတဲ့ ရင်ခုန်သံအသေမှာ
မျှော်လင့်ခြင်းတွေပုတ်သိုး
အလွမ်းတွေပျိုးလို့
အမြဲသတိရခြင်းသာရှိတယ။်

ရင်းဝေ . . ..
ငါအိမ်မက်တွေဘယ်လောက်ဆိုးဆိုး
နင်ပေးတဲ့ နာကျင်ခြင်းမှာ
ငါမြတ်နိုးမူတွေအတိရှိတယ်။

ဒါပါပဲ. . . .
ချစ်ခြင်းမုန်းခြင်းရဲ့အခြား
တဘက်မှာနင်ကို ငါယုံကြည်တာ
တစ်ခုထဲပါရင်ဝေး။

အထီးကျန် ✏ လှိုင်းထက်

အထီးကျန်

သူ့သံလေး
ကြားယောင်သေးတယ်
စမ်းရေကလေးစီးလိုကွယ်

သူ့မျက်နှာလေး
မြင်ယောင်သေးတယ်
စန္ဒာလမင်းလိုပါကွယ်

ခုတော့.....
စမ်းရေခမ်းခြောက်
လမင်းပျောက်ပြီ
တစ်ယောက်ထဲရယ်
အထီးကျန်

လှိုင်းထက်

ပြန်လာစေချင်သည်...

ပြန်လာစေချင်သည်...

ငါစိတ်ကူးတွေနဲ့
အိမ်ဆောက်ဖူးတယ်
မထူးပါဘူးလက်တွေ့ဆို
ငါလမ်းပျောက်ဖူးပြန်တယ်
မှားတယ်ဆိုတဲ့
ဒီလမ်း အမှတ်မရှိပါဘူး
ငါလျှောက်ဖူးပြန်တယ်
ဒဏ်ရာတွေနဲ့
အခုထိငါ့အသည်းက
နုနေတုန်းပဲမို့
အခွင့်သာ ရလျှင်
ပြန်လာခဲ့စေချင်သည်
ဟိုအရင်တခါက
ငါ့ရင်ခွင်ဆီ

ချစ်သူ...သိစေ...✏ ဆုသက်အောင်

ချစ်သူ...သိစေ

မိုးလင်းလို့မျက်လုံးတွေဖွင့်လိုက်တာနဲ့
ငါအရင်ဆုံးသတိရမိတာ
နင်တစ်ယောက်တည်းပါချစ်သူ
အဝေးကနင်တစ်ယောက်
ငါ့ကိုမေ့နေပြီလားလို့တွေးမိတိုင်း
ငါမျက်ရည်ဝဲတက်နေပြီ
နင့်အတွက်သီးသန့်ထားတဲ့ringtoneလေး
ငါမကြားရတာကြာနေပြီနော်
နင်မအားလို့ဖြစ်မှာပါဆိုတဲ့အတွေးရဲ့ နောက်ကွယ်မှာ ငါငိုချင်နေမိပြီ
နင်မယုံကြည်ခဲ့ပေမဲ့
ငါနင်တစ်ယောက်ကိုအရမ်းချစ်ခဲ့ပါတယ် ချစ်သူရယ်
ဆုသက်အောင်(ထိန်တော-မိုးညို)

မပြောင်းလဲသောကိုယ့်အချစ် (လျှို့ဝှက်လွမ်း)

မပြောင်းလဲသောကိုယ့်အချစ် (လျှို့ဝှက်လွမ်း)

ကိုယ်နဲ့ဝေးရာ၊သူပြေးပါလည်း
သူ့ကိုချစ်ထား၊အချစ်များသည်
မကွယ်မဖိတ်၊တိတ်တဆိတ်နဲ့
ရှေးကလိုပဲ၊ချစ်နေဆဲ့ 

တစ်ပါးရင်ခွင်၊သူခိုဝင်လည်း
မေတ္တာအစစ်၊ဒီအချစ်သည်
ပျောက်ကွယ်မသွား၊ခွင့်လွတ်တရားနဲ့
ရှေးကလိုပဲ၊ချစ်နေဆဲ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

Be Enjoy ထွန်းနောင်(ဖောင်းပြင်)

" Be Enjoy "

In my mind, I considered you are kind.
But, you are neglected on my mind.
So, I am cry.

In future, I will try
to my success of life and time.
So, you are enjoy.
Don't cry.
Be fine.
Be smile.

ထွန်းနောင်(ဖောင်းပြင်)

ရွာသို့တ​ခေါက် ​နေမျိုးသာကီ{မြို့မ}

ရွာသို့တ​ခေါက်

ရွှေဝါ​ရောင်​ စပါးခင်း
ရှင်​​နေမင်းတ​ဝင်းဝင်း
လေ​ပြေ​သွေးက ခပ်​ပြင်းပြင်းနဲ့
အလျဉ်းငါ့အားဘယ်​ သူ​ခေါ်မည်​နည်း။
ညိုရွှင်​ သင်္ကန်း၊ရွာလမ်းကြမ်းနဲ့
ရဟန်းပျို​မောင်​၊အ​တွေး​တောင်​​မြောက်
ပျင်း​ခြောက်​​ခြောက်​ကို
မိခင်​အပြုံးက၊အား​ဆေးတစ်​လက်
အား​ဆေးတစ်​ခွက်​။ ။
အလှူမှာကထိန်​၊လူ့ဂုဏ်​သိရ်​ပမာ
ဆိုလစ်​ရှာ၍၊​ကျေးရွာသူသား
လူအများတို့၊အားသွန်​ခွန်​စိုက်
ပြု​​နေရှာ၏။
ရွာ​ဆော်​အသံ၊အာကာရံဝယ်
နဘံလွှမ်း​အောင်​၊သူကျိုး​ဆောင်​လျှက်
လူ့​ဘောင်​​လောက ငြိမ်း​စေ​သော်​။ ။

နေမျိုးသာကီ{မြို့မ}

အချစ် နတ်ဆိုး (ပန်းစွာမြေသားလေး)

အချစ်

သောကတို့ပြည့်နှက်
တမ်းတရတဲ့နေ့ရက်တွေ
အိပ်ပျက်ည တွေနှင့်
ဖမ်းစားနှိပ်စက်
ရက်စက်တတ်တဲ့အရာကို
ဘယ်သူတွေကများ
အချစ်လို့
တင် စားခဲ့တာလဲကွယ်။ ။

နတ်ဆိုး
(ပန်းစွာမြေသားလေး)

Saturday, October 25, 2014

ပျံသန်းခွင့်...... (လွမ်းရိပ်ဝေ)ဒိုက်ဦး။

ပျံသန်းခွင့်......

မထင်မှတ်ထားတဲ့အချိန်မှာ
ဖြစ်ပေါ်လာတဲ့ပြကွက်ဆန်းတွေကြောင့်
ကိုယ့်နှလုံးသားမှာ.....
စူးနစ်နာကြင်အောင်ခံစားနေရပြီ.....
ရင်ခွင်တခုလုံးပွင့်ထွက်မတတ် ခံစားနေရတဲ့
ကိုယ့်ရဲ့ နှလုံးသားစကားတွေကို
မင်းသိဖို့အတွက် ကိုယ်ကြိုးစားခဲ့ဖူးပါတယ်
ချစ်နေပါလျှက်နဲ့......
ဖွင့်ဟခွင့်မရှိတဲ့ ကိုယ့်အဖြစ်က တောင်ပံတွေရှိနေပြီး စိက်ကြိုက်ပျံသန်းခွင့်မရှိတဲ့ ငှက်ရုပ်လေးလိုပါပဲ....
ဒီလိုနဲ့...... ခြောက်သွေ့တဲ့ကိုယ့်ရဲ့ခံစားချက်တွေကို မင်းသိဖို့အတွက် ကြိုးစားရင်း
မြေပြင်မှာခြေစုံရပ်လို့ ကောင်းကင်ကိုမော့ကြည့်ပြီး ပျံသန်းခွင့်ရမဲ့နေ့ကို ကိုယ်မျှော်လင့်နေတယ်ဆိုတာ.....ယုံပါ

အဆိပ့်သင့်ရင်ခွင်(လွမ်းရိပ်ဝေ)ဒိုက်ဦး။

ထာဝရတည်တံ့စေ... *ရွှေအိုင်မြေမှ*(မျိုးချစ်အင်္ဂါသား)

ထာဝရတည်တံ့စေ...

စိတ်ဓာက်ကယိမ်းယိုင်
သရုပ်ပျက်သန္တာန်တွေနဲ့
အသိရှိပေမယ့်....သတိမရှိလေတော့
ခေတ်နောက်ကျကျန်ခဲ့မယ်ဆိုတဲ့အတွေးနဲ့
အနောက်တိုင်းကိုမှအထင်ကြီးသတဲ့လေ
တစ်ချို့ကပြောကြသေး လူ့အခွင့်ရေးတဲ့
ငွေကြေးနဲ့ဘာသာလဲလှယ်မလို့လားမသိ
အဖမျက်နှာထောက်ထားလို့
မြှောက်စားခဲ့တာကို
ဖောက်ပြားတဲ့စိတ်တွေနဲ့
တစ်မျိုးလုံးကိုခွေးဇာတ်သွင်းချင်နေတာလား
ဝေဝါးတဲ့ဘာသာရေးအသိ
လူမျိုးထိရင်မခံဘူးဆိုတဲ့လူကရှား
ဒီကြားထဲ ခင်ဗျားလုပ်ရပ်အမှားတွေကြောင့်
ကမ္ဘာ့မြေပေါ်ကမြန်မာ....
နောင်တစ်ချိန်မှာ ဘယ်သွားရှာရမှာလဲ
ဒေါ်စုရေ,,,
ခင်ဗျားတို့ပြောပြောနေတဲ့
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးသုံးလုံးကြား
မငြိမ်းချမ်းနိုင်တဲ့ မြန်မာပြည်သူပြည်သားတွေအတွက်
ခင်ဗျားဘာလုပ်ပေးနိုင်မလဲဆိုတာမသိပေမဲ့
တစ်ခုပဲတောင်းဆိုပါရစေ....
မြန်မာနိုင်ငံမှာ ခင်ဗျားတို့ကြောင့်
ခေါင်းလောင်းသံဆည်းလဲသံတွေ
ထာဝရဆိတ်သုဉ်းပျောက်ကွယ်သွားအောင်
မလုပ်ပါနဲ့လို့.....

*ရွှေအိုင်မြေမှ*(မျိုးချစ်အင်္ဂါသား)

အထီးကျန် - လွမ်းဝေ ( ပဲခူး )

အထီးကျန်

ဘဝတစ်လျှောက်မပြီးခင်
နင်နောက်မှာနေခဲ့ပြီနော်.....
ငါ့ဆန္ဒပန်းကလေးတွေ
စိတ်ကူးဥယျာဉ်ကြီးထဲမှာ
အကြီးအကျယ်လန်းဆန်းလို့....
ဘဝတစ်စခန်းကို အတူဖြတ်သန်းဖို့.....
အချစ်ကမ်းလက်ကို
တသက်မက်ထည်းဆွဲခဲ့လည်း
မမြဲဘူးဆိုတဲ့ဓမ္မတာက
ထာဝရ ရိုက်ချိုးလိုက်ပြီ.....
ကံကြမ္မာက မိုးကြိုးသွားလို
တို့ဘဝကို ပစ်တိုးခဲ့တော့
အဖြစ်ဆိုးနဲ့ကြုံခဲ့ပြီပေါ့......
ဆုံခဲ့တဲ့တခဏတာအတွင်း
ယုံမှတ်ကာချစ်ခဲ့ပေမယ့်
ခရီးတစ်ဝက်မှာ ယတိဖြတ်ခဲ့တော့
ခရီးဆက်ခဲ့ရပြီပေါ့......
တစ်ယောက်တည်း........

လွမ်းဝေ ( ပဲခူး )

မခေါ်ရက်ဘူး ✏ လွမ်းဝေ( ပဲခူး )

မခေါ်ရက်ဘူး

သံစဉ်တွေမဲ့ငါ့ဘဝလမ်းတွေဆီ
မင်းလှမ်းမလာနဲ့တော့
ကမ်းမရှိသေးတဲ့အချိန်မှာ
ရည်ရွယ်ချက်တွေ မုန်တိုင်းသင့်နေပြီ....
နှုန်းထားမြင့်တဲ့ခရီးကြမ်းထဲ
လက်လှမ်းလို့မခေါ်ရက်ဘူး
အမြင့်ဆုံးတိမ်ပေါ်မှာ ပျော်နေတော့
သတိရလို့ဟစ်ခေါ်မိလည်း
ဟန်ဆောင်ကာအိပ်စက်တော့
ကြယ်စင်တွေဦးညွတ်နေတဲ့
တိမ်အထက်ဟာ မင်းရဲ့နေရာအမှန်ပါ
မေ့လို့မရလည်းအသဲကွဲပါစေ........
အချစ်ဆိုရှိခဲ့ဘူးလို့ နှစ်သိမ့်ရပါတယ်
တိတ်တဆိတ်ကြေကွဲနေတဲ့
အဆင်မပြေမှုထဲ အတွေးနဲ့တောင်
အရောက်မလာနဲ့တော့
ယူဇနာများစွာခြားနေတဲ့
အဆင့်အတန်းက ငါ့အတွက်
သင်ခန်းစာတစ်ခုပါ...
မထိုက်တန်လို့ ငိုရှိုက်ခြင်းတွေနဲ့
စွန့်ခဲ့တယ်
လွတ်လပ်စွာပျံသန်းသွားပါတော့.....
ဟိုးအဝေးက ကောင်းကင်ဆီကို......

လွမ်းဝေ( ပဲခူး )

ခြေရာမဲ့ အလွမ်း - လွမ်းဝေ( ပဲခူး )

ခြေရာမဲ့ အလွမ်း

မင်းရဲ့ဝတ်ရုံ ခြုံဖူးသူတိုင်း
ဝေဒနာပန်းပွင့်တက်ကြသလား
လဝန်းအိမ်
တိမ်နဲ့ပထဝီလက်တွဲညီဖို့
လွဲမှားကြိုးစားငါလူသားရဲ့
ဆန္ဒပန်းတစ်ပွင့်ကို
ဂုဏ်ဒြပ်တစ္ဆေတွေက
ခြွေဖျက်ခဲ့လေတော့
အပြစ်မဲ့ငါ့အသဲကမ္ဘာမှာ
ဒဏ်ရာအလွမ်းမီးတွေတောက်လို့
ဘဝခရီးတစ်ခေါက်မှာ
မျက်နှာကြီးသူတစ်ယောက်ကို
ရူးသွပ်ခေါင်းခေါက်ခဲ့တော့
ကြည်နူးခြင်းတွေပျောက်ဆုံးကာ
ခြေရာမဲ့အလွမ်းတွေနဲ့အတူ.....
အခုတော့လည်း ပြာကြခဲ့ရပြီ
ငါ့ရင်ဘတ်ထဲက အသည်း....

လွမ်းဝေ( ပဲခူး )

သစ်ပင်နှင့်တူတဲ့လူသားဖြစ်ချင်တယ် - မနွယ်(မိုးညို)

သစ်ပင်နှင့်တူတဲ့လူသားဖြစ်ချင်တယ်

ပိုင်ဆိုင်တဲ့နေရာလေးမှာ
သစ်ပင်စိုက်နေတယ်
ဒီအချိန်မှာပဲ
မိုးရွာနေတယ် လျှပ်စီးလက်နေတယ်
ကြောက်ရွံ့နေတယ်
မောပန်းနေတယ်
ဒါပေမဲ့ တစ်ချိန်ချိန်မှာ
ခိုလှုံခွင့်ရမယ်လို့ ယုံကြည်လျှက်
ကြိုးစားပြီးသစ်ပင်စိုက်နေတယ်
ဒီအရိပ်ကို မြင်ယောင်လျှက်ပေါ့
ဒီသစ်ပင်ဟာဖွံ့ဖြိုးလာမယ်
အေးရိပ်ကိုပေးစွမ်းလိမ့်မယ်လို့
ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး
သစ်ပင်ကိုပြုပြင်ရမှာက
လူသားတွေရဲ့တာဝန်
အသီးအပွင့်တွေနဲ့စိမ်းလန်းစိုပြည်ရမှာက
သစ်ပင်ရဲ့သမိုင်း
ဆုတောင်းလို့ရမယ်ဆိုရင်
အေးမြတဲ့အရိပ်ကိုပေးစွမ်းနိုင်ပါစေ....
ခိုလှုံခွင့်ရပါစေ....

မနွယ်(မိုးညို)

မတန် - သူ့ရှင်✏ ကလေး

ပန်းတို့ ပွင့်​လျှက်
မြတ်​နိုး ပန်​ဆင်​သူ မရှိလျှင်
ထို ပန်းပွင့်​ရခြင်းသည်
"မတန်​" ။

သစ်​ရိပ်​​ကောင်းလျှက်
နား​နေ ခိုလုံခွင့်​ မ​ပေးလျှင်
ထို ဖွံ့ဖြိုးရခြင်းသည်
"မတန်​" ။

ခရီး​ကောင်းလျှက်
မြတ်​နိုးသူ မပါခဲ့လျှင်​လဲ
ထို ခရီးသွားရခြင်းသည်
"မတန်​"
"မတန်​ "ဟုပင်​ ထင်​​ပေသည်​...။

သူ့ရှင်​[က ​လေး]

Thursday, October 23, 2014

ကိုယ်...ယုံကြည်နေချင်သေးတယ်

" ကိုယ်...ယုံကြည်နေချင်သေးတယ် "

* အချိန်တွေ နောက်ပြန်လှည့်လို့ရရင်
ကိုယ်..နောက်ပြန်လှည့်လိုက်ချင်ပါတယ်

* မိုင်ထောင်ချီ ဝေးတုန်းကတောင်
နွေးထွေးခင်မင်မှုတွေနဲ့
ထုံမွှမ်းခဲ့ကြသေးတာ
နီးနီးလေးရောက်ခါမှ
နာကျင်စရာတွေဖြစ်ခဲ့တော့
ကိုယ်တို့ကံကိုကဝေးကြရမယ့်
ဇာတာ ပါခဲ့သလားပဲနော်

* ရှေ့ဖြစ်ကို ကြိုသိခဲ့ရင်
ချိန်းဆိုမှုတွေ ဖြတ်ခဲ့ပါတယ်
မမြင်နိုင် မတွေ့နိုင်တဲ့
အွန်လိုင်းထဲမှာပဲ အရင်လို
တစ်ခါတစ်လေတွေ့
စကားတွေ ဖောင်ဖွဲ့ပြောရင်း
သတိရရင် ဖုန်းလေးဆက်နဲ့
ခင်မင်မှုကို နှစ်သက်ရှည်အောင်
ထိန်းထားခဲ့မိမှာပါ

* အဖြေရှာမရတဲ့
လျှိုဝှက်လွန်းတဲ့သူကို
ကိုယ်...ဋီကာတွေ ဖွင့်
ရှင်းချက်တွေ မရှာချင်တော့ဘူး
ပြောမယ် ရည်စူး
မေးမယ် ရည်ညွှန်းခဲ့တာတွေ
ကျန်ရစ်ခဲ့တယ် ဆိုတာလဲ အသိမပေးတော့ဘူး

* ပျောက်သောသူကိုလဲ
ရတဲ့အချိန် အွန်လိုင်းတက်
Google search နဲ့ မရှာချင်တော့ဘူး

* ဘာပဲဖြစ်ဖြစ်ပါ
မမြင်နိုင်တဲ့ အကြောင်းတရားကြောင့်
အထင်အမြင် လွဲမှုတွေ ကြုံစေခဲ့ပြီးမှတော့
သိခဲ့ဖူးတဲ့ အကြောင်းအရာတွေထဲက
သူ..ကိုယ့်ကို အမှန်တကယ်
ခင်ခဲ့ဖူးတယ် ဆိုတာလေးတစ်ခုတော့
ကိုယ်...အမြဲတမ်းယုံကြည်နေချင်သေးတယ်.....

MAYKO

ပန်းနှင့်ကြယ် -- မောင်စွမ်းရည်

ပန်းနှင့်ကြယ် -- မောင်စွမ်းရည်

-မိုးပေါ်ကကြယ် ၊ မြေ၀ယ်က ပန်း။
စုန်ဆန်ကာ ဘ၀ကူးလို့ရယ် ၊ မြူးလိုက်ချင်စမ်း ။

-မြေမှာက ပင်လယ် ၊ မိုးကျယ်က တိမ်များ။
အငွေ့အရည် ဘ၀ကူးလို့ရယ် ၊ မြူးလိုက်ချင်သား ။

-ပန်းလှေငယ်ဆင် ၊ ပင်လယ်မှာလှော်ကူး ။
ကြယ်နန်းမှာ တိမ်လွှာစီးမယ် ၊ ငြီးလိမ့်ထင်ဘူး ။

-ပန်းနှင့်ကြယ် ၊ ဘယ်ဟာနှင့်တော်လေငဲ့ ၊
ချစ်သူခင် ရွေးရန်ခက်လျှင်
ပန်းအလယ် ကြယ်စင်ဝှက်လို့ ၊ မောင်ဆက်မယ်ကွဲ့။

-ပန်းကိုတော့ ဆံမှာဆင်
ကြယ်စင်တော့ လည်မှာကုံး ။
ချစ်သူထံ ပန်းကြယ်ဖြစ်လို့ ၊ နေရစ်မယ်ဖုန်း ။

-ညဥ့်အခါ ပွင့်လွှာပိတ်လို့
ပန်းတိတ်ဆိတ် နေတတ်တယ် ။

-နေ့ခင်းဝယ်
ကြယ်တွေက ကွယ်သွား ။
ခါတစ်ရံ သူတို့နွမ်းလို့ ၊ ပန်းဖြေရော့လား ။

-နေ့မှာကား ကြယ် ၊ ညဥ့်လယ်၌ ပန်း။
ချစ်ဦးသူ ကိုယ့်ကိုမုန်းလျှင်လ
လူ့ခွင်ကို ဤနှယ်ရုန်းလို့ရယ်
ပုန်းဖို့ရွယ်မှန်း

-မောင်စွမ်းရည်

တိုက်ပွဲပျော် -- ဓနုဖြူကျော်ထွန်း (ခ) အီကြာကွေး

တိုက်ပွဲပျော် -- ဓနုဖြူကျော်ထွန်း (ခ) အီကြာကွေး

-ပုခက်ထဲက အူဝဲဟစ်ကာ
စစ်ကြေငြာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွှဲရင်း
လူလည်းတော်တော် ကြီးခဲ့ပေါ့။

-မိုက်လည်းမိုက်လို့ တိုက်လဲတိုက်ခဲ့
ရှုံးလိုက်တာလဲ အသင်္ချေ။
ရဲလည်းရဲလို့ နွှဲလည်းနွှဲခဲ့
နိုင်ပွဲတွေလဲ အနန္တ။

-ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်၊
တိုက်ပွဲဆိုတာ နာချင်နာမယ်၊
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။

-နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး။
အဟုန်မတန့်ရပ်ပါဘူး။

-ရှေ့ကဆီး၍
လမ်းခရီးထဲ သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား ဆူးတွေထားမလား။

-ယောက်ျားဟေ့နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။

-ကျော်ထွန်း(ဓနုဖြူ) (ခ) အီကြာကွေး

မင်းရဲကျော်စွာ --- မင်းသုဝဏ်

မင်းရဲကျော်စွာ --- မင်းသုဝဏ်

-လှံ ဓား ၀ိုးဝင်း ၊ စစ်မြေခင်းတွင်
ဆင် မြင်း ရံလျက် ထိုနေ့က ။
နေပြည်ရှိရာ ၊ မျှော်ရှုကာလျှင်
အနာသည်းလည်း ၊ ခံသည်းညည်းနှင့်
မညည်းမညူ ၊ ကိုယ်ကိုထူလျက်
ယာမူရွှေဓား ၊ ၀ဲရွှေလွှားနှင့်
အားပြုမှီတင်း ၊ နေသည့်ခိုက် ။

-ငါရှိပေလျက် ၊ ပြည်ကိုဝှက်၍
နန်းထက်မင်းမူ ၊ ငါ၏တူဟု
နိုင်သူမင်းက ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း
တိုင်းပြည်မဲ့သူ မဟုတ်ပါတဲ့။

-သမီးတော်နှင့် ဥကင်ဖွင့်၍
အသင့်မင်းမူ ၊ ငါ၏တူဟု
နိုင်သူမင်းက ၊ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ကျေးဇူးငဲ့လည်း
မယားမဲ့သူ မဟုတ်ပါတဲ့ ။

-သားတော်ရင်နှစ် ၊သားရင်းစစ်သို့
ထီးလှစ်မင်းမူ ၊ ငါ၏တူဟု
နိုင်သူမင်းက ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း
ဖခင်မဲ့သူ မဟုတ်ပါတဲ့ ။

-ငါ၏ထံမှောက် ၊ဆေးဝါးသောက်၍
ထမြောက်ခါမူ ၊ ပြန်လေတူဟု
နိုင်သူမင်းက ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း
သေခြင်းမဲ့သူ မဟုတ်ပါတဲ့

-လှံဓားကိုလှဲ ၊ စစ်မြေထဲ၌
မင်းရဲကျော်စွာ ၊ စေတီသာကို
ရာဇာဓိရာဇ် ၊ရေစက်ချလိုက်
အမျှယူလေ ၊ သုံးကြိမ်ဝေသည်
မြိုင်ခြေဒလ တောတန်းကြီး ။ ။

-မင်းသုဝဏ်

သစ်ရွက်နှင့် လေပွေ -- တင်မိုး

သစ်ရွက်နှင့် လေပွေ -- တင်မိုး

- သစ်ရွက်ကြွေသည်
လေပွေတိုက်သော်၊ ၀ဲလှည့်ပျော်လျက်
ပြာယော် တိမ်မိုး၊ သူခိုကိုး၏။

- လေပွေငြိမ်သော်
နွေသိင်္ဂီရွက်၊ မြေဆင်းသက်သည်
မြေမက်ရှာသည် ထင်ရ၏။

-တင်မိုး (လှေတစင်းနှင့် သီချင်းသည်)

Wednesday, October 22, 2014

ခဏလောက်ပြန်ခဲ့ပါကွာ....

တကယ်ဆို---
အချစ်ဆိုတာ.....အလွမ်းများစွာနဲ့
တန်ဆာဆင်ထားမှန်းသိရင်
လွမ်းဆွတ်ဖို့မကြိုးစားခဲ့ပါဘူး
လျှောက်မိတဲ့လမ်း
နမ်းမိတဲ့ပန်းတစ်ပွင့်အတွက်
ပေးဆပ်ခဲ့ရတာက
အလွမ်းတွေချည်းပါပဲ
နီးခြင်းဝေးခြင်းနိယာမ တရားထဲ
ကိုယ့်လိပ်ပြာကိုတိုင်တည်ပြီး
တိတ်တိတ်လေးကြေကွဲနေရတာလည်း
ကြာခဲ့ပါပြီ
ချစ်သူရေ.....
အနေဝေးပေမဲ့
နှလုံးသားအေးစက်မနေစေဖို့အတွက်
ရင်ခုန်သံတွေပြန်နွေးရတယ်ဆိုတာ
သိနေပါ့မလား....!
ခါးသီးတဲ့အချိန်တွေကို ကြိတ်မှိတ်
တိတ်တဆိတ်မျှော်လင့်ချက်တွေနဲ့
တို့နှစ်ဦးဆုံမှတ်အဖြစ်ထားခဲ့တဲ့ ကောင်းကင်ကို
မော့ကြည့်ခဲ့တာလည်း
အလွမ်းဆိုတာပိုကဲလာတယ်
ချစ်သူရေ....
အထီးကျန်မှုတွေနှင့်သာ
ရွက်လွင့်နေရတဲ့လူအတွက်
ချစ်တယ်ဆိုတဲ့စကားလေး
ပြောဖို့အရေး
ခဏလောက်တော့ပြန်ခဲ့ပါကွာ.....

လွမ်းချင်း ✏ နတ်ဆိုး

လွမ်းချင်း
=======
ငါ မင်းကို
သတိရတိုင်းသာ
ပိုးစုန်းကြူးတစ်ကောင်
ပေါက်ဖွားမယ်ဆိုရင်
ငါ့ ဘဝမှာ
ည ဆိုတာ
ရှိတော့မှာမဟုတ်ဘူး။ ။

နတ်ဆိုး
(ပန်းစွာမြေသားလေး)

ကျောင်းသားဘဝ. ထွန်းနောင်(ဖောင်းပြင်)

"ကျောင်းသားဘဝ"

# ကျောင်းသာဘဝစာမျက်နှာ
ပြန်ကာလှန်ကြည့် ငါတွေ့မိသည်
ဒိုင်ယာရီ၌ ရည်မှန်းချက်များ
ဆန္ဒမွန်များ....။

# သြော်. .ငယ်စဉ်ကျောင်းသားဘဝမှာ
အပူအပင်ဆိုတာလည်းမရှိခဲ့ပါ. . .။

ထွန်းနောင်(ဖောင်းပြင်)

နာကျင်ခြင်းလမ်းခဲ

နာကျင် ခြင်းလမ်းခွဲ

အမုန်းနဲ့ လမ်းခွဲမယ့်မင်းကို
အပြုံးနဲ့ နှုတ်ဆတ်ခဲ့ပါတယ်
အကြောင်းပြချက်ကိုသိချင်ပေမဲ့
အပေါင်းရခက်တဲ့
တို့နှစ်ယောက်လက်အစုံကို
ရက်ရာဇာမရွေးပဲ ခပ်နာနာပဲ
မင်းခွဲလိုက်ပါ
နောက်ဆုံးဆိုတဲ့ရာသီမှာ
ဆုံးရှုံးခြင်း သရဖူကိုရင်ဝယ်ပိုက်
ခေါင်းငိုက်စိုက်နေတဲ့ငါ့ကို
မင်းအကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်
လှည့်မကြည့်ပါနဲ့နော်
ယိုင်နဲ့နဲ့ နဲ့ မခိုင်ခန့်တဲ့ငါ့ရဲ့စိတ်တွေ
ရူးသွတ်ပြိုလဲကုန်မှာဆိုးလို့ပါ
လမ်းခွဲလိုက်တယ်ဆိုပေမဲ့
အသဲနှလုံးတစ်သိုက်ကတော့
အောင့်သက်သက်နဲ့
နေရတော့ခက်တာပေါ့

သီရိန္ဒ ဦးသော

Tuesday, October 21, 2014

ပျံသန်းခွင့် ✏ (လွမ်းရိပ်ဝေ)

ပျံသန်းခွင့်••••

မထင်မှတ်ထားတဲ့အချိန်မှာ
ဖြစ်ပေါ်လာတဲ့ ပြကွက်ဆန်းတွေကြောင့်
ကိုယ့်နှလုံးသားမှာ
စူးနစ်နာကြင်အောင် ခံစားနေရပြီ....
ရင်ခွင်တခုလုံး ပွင့်ထွက်မတတ်
ခံစားနေရတဲ့ ကိုယ့်ရဲ့
နှလုံးသားစကားတွေကို
မင်းသိဖို့အတွက်
ကိုယ်ကြိုးစားခဲ့ဖူးပါတယ်
ချစ်နေပါလျှက်နဲ့...
ဖွင့်ဟခွင့်မရှိတဲ့ကိုယ့်အဖြစ်က တောင်ပံတွေရှိနေပြီ
စိတ်ကြိုက်ပျံသန်းခွင့်မရှိတဲ့ ငှက်ရုပ်လေးလိုပါပဲ....
ဒီလိုနဲ့ ခြောက်သွေ့တဲ့ကိုယ့်ရဲ့ခံစားချက်တွေကို မင်းသိဖို့အတွက်ကြိုးစားရင်း
မြေပြင်မှာခြေစုံရပ်လို့ ကောင်းကင်ကိုမော့ကြည့်ပြီး ပျံသန်းခွင့်ရမဲ့နေ့ကို ကိုယ်မျှော်လင့်နေတယ်ဆိုတာ......ယုံပါ

အဆိပ့်သင့်ရင်ခွင်(လွမ်းရိပ်ဝေ)ဒိုက်ဦး။

ကမ်းတစ်ဖက်စီ...သို့ ✏ လွမ်းဝေ

ကမ်းတစ်ဖက်စီ...သို့

တကယ်ဆိုတို့ နှစ်ယောက်မဝေးသင့်ဘူး ကြမ္မာဆိုးရဲ့ ရက်စက်တဲ့ရိုက်ချက်က တို့တွဲလက်ကိုဖြုတ်ခဲ့တယ် မဆုံနိုင်ခြင်းရယ်ဘယ်လိုအငြိုးနဲ့ အလွမ်းတွေကိုခေါ်ခဲ့သလဲ ဒေါသတွေနဲ့ရေလှိုင်းလိုအတားအဆီးမဲ့ ဟစ်ပြောချင်တယ် အချစ်ဆိုတာဘယ်လိုအရာတွေနဲ့
ခြယ်မှုန်းထားသလဲ....
ပြန်စပ်လို့မရတဲ့
တို့နှစ်ယောက်ကမ်းတဖက်ဆီ တဖြည်းဖြည်းခွဲခွါခြင်းရေတွေပြည့်လို့ တို့နှစ်ယောက်ရဲ့ကမ်း
ဝေးသတဲ့ ဝေးရပြီ မုန်တိုင်းတွေနဲ့ဆူခက်တွေကို ခွန်အားမဲ့ဘဝအင်အားနဲ့ရင်ဆိုင်ရမယ့်
တစ်ယောက်တည်းအချိန်မှာ ကောင်းကင်က လ တစ်စင်းလို အလင်းတန်းတွေ ထွန်းညှိမယ်လို့ထင်ခဲ့တာ ထာဝရမဟုတ်တဲ့ ဆုံဆည်းမှုရလာဒ်နဲ့ ဒဏ်ရာတစ်ခုသာအဖတ်တင်လို့ နှလုံးသားမှာ ခဏသာမှေးစက် အလွမ်းများပေးခဲ့သူရယ် အမြဲသတိရနေပါ့မယ်

လွမ်းဝေ

လယ်စောင့်တဲ - မင်းသုဝဏ်

" လယ်စောင့်တဲ "

-လယ်စောင့်တဲ

-မိုးရေတက်ရေ တစ်ဖွေးဖွေး
ကွင်းကျယ်တဝေးဝေး။

-လယ်စောင့်တဲလေးခြေတံရှည်
မိုးကုပ်အောက်မှာနေ။

-ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနှင့်ပနံသင့်။

-မင်းသုဝဏ်

ချစ်သူ-သူငယ်ချင်း ✏ ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်သူ-သူငယ်ချင်း

သူငယ်ချင်းချစ်သူလေး
ငါနဲ့အဝေးမှာမင်းတစ်ယောက်
အဆင်ပြေရဲ့လား
ငါမသိတဲ့နောက်ကွယ်မှာ
မင်းသစ္စာတော့ရှိပေးပါနော်
အတူတက်ဖူးတဲ့ကျောင်းကြီးကိုမြင်တိုင်း
ငါနင့်ကိုလွမ်းတယ်
အတူလျှောက်ခဲ့ဖူးတဲ့လမ်းတွေရောက်တိုင်း
ငါနင့်ကိုသတိရတယ်
သူငယ်ချင်းသံယောဇဉ်နဲ့
အရမ်းချစ်ရတဲ့သူလေးမို့
နင်ပြန်လာမဲ့နေ့ရက်တွေကို
လက်ချိုးရေလို့
နင့်ရဲ့ချစ်သူသူငယ်ချင်းလေး
နင့်ကိုစောင့်နေတယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

လမ်းခွဲ Angel

"လမ်းခွဲ"

လွမ်းရဲလို့ လမ်းခွဲပြီးပြီပဲ
အရှုံးတွေရင်မှာပိုက်ပြီး
အဆုံးထိဆက်လျှောက်ရမှာပေါ့
ကံမကုန်လို့ ပြန်ဆုံရင်တောင်
ရင်မခုန်အောင်ကြိုးစားထားမယ် ok

Angel(TGi)

အဆိပ်သင့်ရင်ခွင် (လွမ်းရိပ်ဝေ)

ငါဟာ မိုးတစ်ခုဆိုပေမယ့်
မုန်တိုင်းနဲ့လာခဲ့တာမဟုတ်ပါဘူး.....
ဖွဲဖွဲဆိုပြီး ရွှဲရုံလောက်လေးပါ

လေပြေကိုအဖော်ခေါ်ခဲ့ပေမယ့်
ခပ်ပြင်းပြင်းမိုးမဟုတ်ရပါဘူး .....
ရနံ့အသစ်မို့ သက်တန့်တွေနဲ့အတူ
အေးတယ်ဆိုရုံလေးပါ

တကယ်ပါ.....
ညဥ့်နက်မယ့်အလွမ်း
ခမ်းခြောက်တဲ့နွေတစ်ခုရဲ့
အလွမ်းထုကာရန်
ခပ်ကြမ်းကြမ်းဟာလေ
မင်းကိုရှိုက်နမ်းနေတုန်း.....
အရာရာအားလုံးဟာ ပုံသြခဲ့ပါပြီ
မင်းထံကိုရွာသွန်းရုံလောက်သက်သက်
ရွာသွန်းခဲ့တာပါ ချစ်သူရယ်

မဝေးပေမယ့်
ပေါင်းစပ်ခွင့်မရှိတဲ့ဘဝမှာ
အနမ်းတရှိုက်နဲ့ ကျေနပ်နေခဲ့တာ
မင်းကို...... .............
.....................။

(လွမ်းရိပ်ဝေ)ဒိုက်ဦး။

သူငယ်ချင်းသို့..... ဆုသက်အောင်(ထိန်တော-မိုးညို)

သူငယ်ချင်းသို့.....

သူငယ်ချင်းတဲ့
ဒီစကားလေးတစ်ခွန်းက
နင်နဲ့ငါကြား စည်းခြားစေခဲ့တယ်
ခင်မင်မှုဆိုတဲ့ အဖြူရောင်စည်းလေးကို
ငါ့တိုဖြတ်ကျော်ဖို့ မကြိုးစားသင့်ဘူးနော်
ဒါပေမဲ့ သူငယ်ချင်းရယ်
နင်မသိနိုင်ပေမဲ့
နင်မသိတဲ့ငါ့ရင်ထဲကခံစားမှုတွေကို
ကဗျာတစ်ပုဒ်အဖြစ်
အသွင်ပြောင်းရင်း ငါဆုတောင်းမိတယ်
ငါ့ရဲ့အဝေးက နင်တစ်ယောက်
ငါနဲ့အဝေးမှာ ပျော်ရွှင်နိုင်ပါစေလို့

ဆုသက်အောင်(ထိန်တော-မိုးညို)

Monday, October 20, 2014

အလွမ်းများ...

" အလွမ်းများ "

တစ်ရက်ပြီး တစ်ရက်
ကုန်ဆုံးလာခဲ့တယ်
တစ်နေ့မှာ ၂၄ နာရီရှိတယ်ဆို
ငါ.. လွမ်းနေမိတာ တစ်နေ့လုံးပဲလား....

ငါ့.မျက်ဝန်းတွေဖွင့်
နေ့သစ်စတဲ့ အချိန်မှာ
နင့် ကမ္ဘာမှာ အမှောင်အတိနဲ့
တစ်ယောက် ကမ္ဘာ တစ်ဖက်ခြမ်းဆီကနေ
အလွမ်းလှိုင်း တံပိုးတွေက
ရိုက်ခတ်နေလေရဲ့....

ရှင်သန်ရာ နေရာခြင်း မတူမှတော့
အလွမ်းတွေပဲ မွေးမြူလာရတာ
သိပ်တော့ မဆန်းပါဘူး....

ရုန်းကန်နေရတာခြင်း တူပေမယ့်
အာရှတိုက် အတွင်းကငါ
ဥရောပတိုက် အတွင်းကနင်
ဘယ်လို ညှိညှိ မတူတာတွေ
သိပ်များနေမှတော့
ငါတို့ ကမ္ဘာတစ်ဖက်ခြမ်းဆီကနေ
လွမ်းနေကြရုံကလွဲလို့
ဘာများတတ်နိုင်ဦးမှာလဲလေ.....

MAYKO
(11:15)AM, (8.6.2014)

နှလုံးသားကခင်းတဲ့လမ်း ✏ Angel( TGi)

"နှလုံးသားကခင်းတဲ့လမ်း"

မင်းပျော်နိုင်မယ်ဆိုရင်
စွန့်ခွာသွားလိုက်ပါ
ပျော်ရွှင်စွာလမ်းခွဲနိုင်ဖို့
ငါ့နှလုံးသားနဲ့စတေးပြီး
လမ်းတစ်ခုဖန်တီးပေးမယ်
မပျော်နိုင်တော့တဲ့အခါ
အချိန်မရွေးပြန်လာပါ
နှလုံးသားကခင်းတဲ့လမ်းဝမှာ
မင်းကိုငါစောင့်မျှော်နေမယ်နော်

Angel( TGi)

ကြေငြာစာ ✏ Angel(TGi)

"ကြေငြာစာ"

ရင်မှာတွယ်တာ
သည်းမှာမြတ်နိုး
ချစ်ခဲ့ဖူးသည်
ဟိုအတိတ်ဆီသို့
ရင်နာနေပေမဲ့
ကျင်နာမိနေဆဲမို့
ဖြေရှင်းချက်စာတန်းလေး
ဖတ်ကြည့်ချင်လို့ပါ

Angel(TGi)

တန်ပြန် ✏ လင်္ကာချို (pyay )

တန်ပြန်

တကယ်မချစ်ပဲ ဒီရင်ထဲကို
သူပဲဝင်ရောက်လာခဲ့သည်
မထိုက်တန်ဘူးထင်လို့....
သစ္စာဆိုတာ မသုံးခဲ့ပါ
မလိုက်နာဘူးထင်လို့.....
ကတိဆိုတာ မတောင်းဘူး
ရူးကြောင်ကြောင်အတွေးနဲ့
အချစ်ကိုစော်ကား
နင်ထားခဲ့တဲ့နောက် ငါလဲနောက်တယောက်ပေါ့

လင်္ကာချို (pyay )

သူငယ်​ချင်း ✏ ချစ်​ခြင်းလင်္ကာ

သူငယ်​ချင်း

ငါတို့​တွေငယ်​စဉ်​​တောင်​​ကျေး
က​လေးဘ၀ထဲက
ပုခုံးကိုဖက်​လက်​ကိုယှက်​လို့
ချစ်​ခင်​ခဲ့ကြတယ်​​နော်
အ​ခြေအနေမ​ပေးလို့ငါတို့​တွေ
တစ်​နယ်​ဆီ​ဝေးသွားကြရင်​လဲ
ငယ်​ကချစ်​ခင်​ခဲ့ကြတဲ့
သံ​ယောဇဉ်​​တွေမပြယ်​ပဲ
ဆက်​လို့ချစ်​ခင်​သွားကြမယ်​​နော်​.......။

ချစ်​ခြင်းလင်္ကာ

Sunday, October 19, 2014

ဘယ်သူကိုမှ ကိုယ်မပြောပြဘူး

" ဘယ်သူကိုမှ ကိုယ်မပြောပြဘူး"

ဒါပာာ ဒုတိယအကြိမ်
အွန်လိုင်းက လိမ်ညာခံရမှုတစ်ခုဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူးး

ပြန်တွေးမိတိုင်း အဖြေရှာမရတဲ့
အကြောင်းတရားတွေပဲ
ကျန်ရစ်စေခဲ့ခြင်းပာာ
ဒုတိယအကြိမ်မြောက်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူး

သတိရလို့ Messages တွေပြန်ဖတ်မိတဲ့အကြိမ်တိုင်း
ငါတို့ တကယ်ခင်ခဲ့ကြတာကို
ဘာလို့ ဒီလိုလုပ်ခဲ့တာလဲလို့
မေးခွန်းအကြိမ်ကြိမ်ထုတ်ခဲ့မိတာလဲ
ဒုတိယအကြိမ်မြောက်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူး

အ၀ိုင်းလေး တစ်ပတ်လည်ဖို့
၎ ကျပ်ပေးကြည့်ရတာကိုတောင်
စိတ်မပျက်ဘဲ နေ့တိုင်းညတိုင်း
အွန်လိုင်းတက်ခဲ့ပြီးမှ
လိမ်ညာခံရခြင်းတစ်ခုကြောင့် အွန်လိုင်းတက်ဖို့
စိတ်အကြီးအကျယ်ပျက်မိတာ
ဒုတိယအကြိမ်မြောက်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူးး

လိုင်းပေါ်တက်တာနဲ့Chat Box မှာ
ဖြေရှင်းချက်တစ်ခုခုတွေ့မလားလို့
စောင့်ကြည့်မိတာလဲ
ဒုတိယအကြိမ်မြောက်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူးး

လိမ်ညာလှည့်စားခံခဲ့ရပေမယ့်
ကိုယ့် အကောင့်မှာ Unfriend မလုပ်ဘဲ
ခုထိထားရှိနေတာလဲ
ဒုတိယအကြိမ်မြောက်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူးး

ကိုယ့် Friend List စာရင်းမှာ
စဦးဆုံးခင်ခဲ့တဲ့ Top Ten နေရာထဲ
ခုထိရှိနေခြင်းကလဲ
ဒုတိယအကြိမ်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူးး

ဒုတိယအကြိမ်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူး

ဒုတိယအကြိမ်ဆိုတာ
ဘယ်သူကိုမှ ကိုယ်မပြောပြဘူးး

MAYKO

မျောလွင့်မိတဲ့ညတစ်ည

" မျောလွင့်မိတဲ့ညတစ်ည "

ည....
တိတ်ဆိတ်နေတယ်
တိုးတိတ်နေတယ်
စိုးထိတ်နေတယ်

တံစက်မြိတ်ကျရေသံ
တစက်စက်က
လွမ်းချင်းကိုတိုးပွားစေတယ်

ကိုယ် မျက်ခွံတွေ မပိတ်သေးဘူး
အတွေးယာဉ်ကြောမှာ မျောလွင့်ရင်း
အမည်ဖော်မရတဲ့
ဝေဒနာကိုတစိမ့်စိမ့်နဲ့ မြည်းနေမိတယ်

ဘာတွေလုပ်နေလဲ
ဘယ်ဆီရောက်နေလဲ
မတွေးဘူးဆိုပေမယ့်
ခေါင်းထဲကမောင်းထုတ်လို့မရအောင်
စိုးမိုးလွန်းနေတယ်

မိုး......
အငြိုးတကြီးနဲ့ပဲရွာချရအောင်
ဆုတောင်းရမလား
မိုးသံနားစွင့်နေတာတောင်
ကိုယ့်နားထဲ
အသံချိုချိုနဲ့ ခေါ်သံလေးတစ်ခုကို ကြားယောင်နေတုန်း

မမြင်ဘူးခဲ့တဲ့
(မြင်ခွင့်မရခဲ့တဲ့)
အပြုံးတစ်ပွင့်ကို
စိတ်မှန်းနဲ့ပဲမြင်ယောင်မိနေတုန်း

တစ်ခါကညည့်နက်နက်မှာ
တီးတိုးစကားဖောင်ဖွဲ့
ပြောခဲ့ဖူးတာက အတွေးထဲမှာ
ဝိုးတ၀ါးပါပဲ

လွမ်း....တမ်းတတနဲ့
မှန်းဆ ရမ်းရော်ရင်း ညတစ်ညကို
ရှည်လျားစွာ
ကိုယ်ဖြတ်သန်းနေမိတယ်.....

MAYKO

ဝဋ်လည်ခြင်း....

" ၀ဋ်လည်ခြင်း "

တနေ့တာရဲ့ အချိန်တိုင်းမှာ
အတွေးထဲ မင်းမူ
သတိရခြင်းတွေသာ
ကြီးစိုးနေခြင်းက
ဘာလို့တဲ့လဲ.....?

ကိုယ်....ပြောခဲ့တာ မှားပြီလားး!
တားမြစ်ခဲ့တာ လွန်ပြီလားးး!
ဝဋ်ဆိုတာ နောင်ဘ၀မကူးဘူး
ခုတောင် တန်ပြန်ခံစား သတိရနေတာ

ကိုယ်တိုင်တော့
ခပ်မာမာ အသည်းပိုင်ထားတယ် ထင်ခဲ့တာ
" သူများကိုညာလို့ရရင်ရမယ်
ကိုယ့်ကိုကိုယ်တော့ ညာလို့ မရဘူးး "
ဆိုတဲ့ စကားသံက တစ္ဆေတစ်ကောင်လို
ခြောက်လန့်နေဆဲပါ

ဝေးခဲ့ပြီ ဆိုပေမယ့်
အတူသွားဖူးခဲ့တဲ့နေရာတွေနဲ့
' ၈ ' နာရီ ဆို လာနေကျ ဖုန်းသံလေးတွေက
အမှတ်တရအဖြစ် ကျန်ရစ်ခဲ့တယ်

ဘုရားပေါ်ကို အတူရောက်ပြီးခါမှ
တစ်ယောက်တည်း တက်ဖူးခိုင်းခဲ့လို့
အတိတ်နမိတ် မကောင်းစွာနဲ့
အထီးကျန်စွာ ကိုယ်... တစ်ယောက်တည်း
ကျန်ရစ်ခဲ့စေသလားပဲ ....ကွယ်........

MAYKO

မောင်လေးငယ် (၂)

" မောင်လေးငယ် (၂) "

တစ်ယောက်တင်တဲ့ post
တစ်ယောက် Like မလုပ်
Comment တွေမပေးဖြစ်ကြတော့ပေမယ့်
မိုင်ထောင်ချီဝေးတဲ့ တနေရာစီကနေ
လှုပ်ရှာမှုလေးတွေကို
ဂရုတစိုက် မျက်တောင်မခတ်
ကြည့်နေပါတယ် မောင်လေးငယ်

'မေနွယ် ' ကို ရင်တွင်းပြတိုက်မှာထား
'ဧကရီ ' ကို တခမ်းတနားနဲ့
စီးရီးလိုက်ချစ်ပြခဲ့ပြီး
ခေတ်အမြင် ခေတ်အတွေးကို
သရုပ်ပေါ်လွင်အောင် ကဗျာရှည်တွေဖွဲ့နွဲ့
တခါတခါ ' မေမေ' ရေ.......လို့
ခရီးရှည်ထွက်သွားလေသူ မာတာမိခင်ကို
အော်...အော်... ခေါ်တတ်သေးတဲ့ မောင်လေးငယ်

အရင်လိုပဲ
ညတိုင်း သောက်နေတုန်းပဲလား
ခေါက်ဆွဲမစားဘဲနေတုန်းပဲလား
ဆေးလိပ်တွေ သောက်တုန်းပဲလား
ပိတ်ရက်တိုင်း ကော်ဖီတစ်ခွက်အမှီပြုလို့
အတွေးတွေ တသီတတန်းနဲ့
ရှေးပောာင်းနှောင်းဖြစ်တွေ
တွေးနေတုန်းပဲလားး ဆိုတာ
ဘာမှ သေချာစွာ မပြောနိုင်ပေမယ့်
ကဗျာတွေတော့ အရင်လိုရေးတုန်း
ရေးနေဆဲ ဆိုတာတော့
ပာုတ်တယ် မပာုတ်လား..... မောင်လေးငယ်.........

" HAPPY BIRTHDAY " ပါ မောင်လေးငယ်
( ကဗျာဆရာ လင်းထက် (ပန်းပျိုးလက်) မွေးနေ့ အမှတ်တရ)

MAYKO

မှန်ကြည့်သူ (နတ်သျှင်နောင်)

မှန်ကြည့်သူ (နတ်သျှင်နောင်)

-အိုစာမှုအသွင်
လိုတာပြုပြင်ရနိုင်၏ ။

-အကျည်းတန်သူ
ိဘီးမှန်ကူ၍ သနိုင်၏ ။-

-စိတ်ဓာတ်ယိမ်းယိုင်သွားတာကတော့
မိတ်ကပ်မလိမ်းနိုင်ပါတကား။ ။

-နတ်သျှင်နောင်

နှောင်တွယ်အားကိုး - မောင်လှမျိုး - (ချင်းချောင်းခြံ )

နှောင်တွယ်အားကိုး - မောင်လှမျိုး - (ချင်းချောင်းခြံ )

အချစ်တစ်ခု ခြေရာပြုသစ်
နုမျစ်အစဉ် သံယောဇဉ်ကို
သခင် .. မြင်တတ်ပါလေစ ။

-အနမ်းတစ်ခု လွမ်းမှု ဖြေသိမ့်
ရင်ထဲစိမ့်အေး ပန်းပွင့်လေးတွေ
သခင် .. မွှေးမြပါလေစ ။

-အလွမ်းတစ်ခု ကျမ်းပြုမသီ
ရင်ထဲစီတန်း လွမ်းမြဲ လွမ်းနေ
သခင်မှန်းဆ သိပါစ ။

-မခွဲမခွာ နေလိုပါချင်
သံယောဇဉ်ပြု ၊ နှစ်သိမ့်ဆုကို
သခင် .. စွန့်ကြဲလိုပါစ ။

-ချစ်နှောင်ရစ်ပတ် အချစ်ဓာတ်ပြင်း
ချစ်ခြင်း၏ မြား စူးဝင်ထားလည်း ၊
အားခဲမရ ခွေယိုင်ကျလို့
သခင်ကူမ ထူမှ ထမယ်
တမ်းတတဲ့ ... ညသိပါစ ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)

သူ့မှာတမ်း -- ( မင်းသုဝဏ် )

သူ့မှာတမ်း -- ( မင်းသုဝဏ် )

သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

.“ အမောင်ပြောက်ကျား၊ ချစ်သူ အားကို
ဘာများ မှာခဲ့လိုသနည်း။”
-“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။”

-“အမောင်ပြောက်ကျား၊ မိဘများကို
ဘာများ မှာခဲ့လိုသနည်း။”
-“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။”

-“အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။”
-“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”

-ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။

မင်းသုဝဏ်

နှလုံးသားကို ဖြုတ်​ခဲ့ပါ

တက္ကသိုလ်​ရဟန်းပျိုဓမ္မစာ​စောင်​မှ
ကဗျာဆရာမင်းအိမ်​ ၏ကဗျာဖြစ်​သည်

" နှလုံးသားကို ဖြုတ်​ခဲ့ပါ "

ငါ့​သွေးငါ့သားငါ့ကမ္ဘာမှာ
ကျက်​စားချင်​သလိုကျက်​စား
ငါမာန မထားဘူး....။
ငါ့အိမ်​ငါ့​မြေငါ့​ရေငါ့ဘာသာ
လာမပွားနဲ့
ယာထားတဲ့ ဒုတ်​​တွေ
မင်းအတွက်​ဖြစ်​ကုန်​မယ်​....။

မင်းဘာလဲ ငါဘာလဲ
လာမတိုင်းနဲ့
ငါ့တိုင်း ငါ့ပြည်​ ငါ့မြို့ ငါ့ရွာ
ငါ့​မြေ ငါ့​ရေ ငါ့ဘာသာ
ငါ့သာသနာ
ငါသာဘုရင်​ ငါသာအရှင်​သခင်​...။

ငါ့တိုင်းပြည်​ကို​နေ
ငါ့တိုင်းပြည်​က ဆန်​ကိုစား
ငါ့တိုင်းပြည်​က ​ရေကို​သောက်
မင်းဦး​နှောက်​မှ ရှိ​သေးလား...။
ငါ့လူမျိုးကို ​စော်​ကား
ငါ့ဘာသာကိုဖျက်
ငါ့သာသနာကို မင်းအရူးကွက်​​တွေ
လုပ်​​နေတာလား........။

တော်​​တော်​.................​တော်
မင်းတို့လုပ်​ရပ်​​တွေ ရပ်​တန်းက ရပ်
မှတ်​တမ်း​တွေမထားနဲ့​တော့
ခပ်​ကြမ်းကြမ်းသရုပ်​​ဆောင်​ဖို့
နှလုံးသားကို ခဏဖြုတ်
ဒီဇာတ်လမ်းရဲ့ သဏ္ဍာန်ရုပ်
ငါကိုယ်​တိုင်​ဘီလူးရုပ်​ လုပ်​မယ်​....။

ရွှေထ​နောင်းစိုးပိုင်​ မှမျှ​ဝေပါသည်

မိုး​တေးထပ် ....

" မိုး​တေးထပ်​ "

ဆန်းလဝါခေါင် တိမ်​မည်း​မှောင်တို့
သဲ​အောင်​မာန်​တင်း လျှပ်​ကွင်းထင်းလို့
ဖျပ်​လင်း​ကောင်းကင်​ အာကာပြင်​ထဲ
မိုးသဲစူးနစ်​ ရွာသည့်​မင်း ။

ဝါဆိုဝါခေါင်​ ​ရေ​ဖောင်​​ဖောင်​တဲ့
စာဆို​တေးသွား ဝဿန်​မိုးသား
ညို့အားပြိုင်​ပြိုင်​ သွန်းဖြိုးလှိုင်းထ
သ​သြေီးမှည့်​ကျ သည်းထန်​လှ ။

မိုးလရာသီ ​အေးမြကြည်​နူး
ခ​ညောင်းကူး​စေ မိုးသဲ​ရေတို့
တော​တောင်​​ရေ​မြေ စိုစိမ်း​ခွေခဲ့
တိမ်​လိပ်​​ဝေ​ဝေ ​ပွေ့ချီ​လေ၍
မိုးစက်​​လေမြူး ​သွေ့​သွေ့လူး၏ ။

ရေးသားသူ နှင်းမိုးအိမ်
(​ရွှေကန်​​တော်​)
ရွှေထ​နောင်းစိုးပိုင်​ မှ မျှဝေပါသည်

ချစ်သူ...သို့.... ဆုသက်(ထိန်တော-မိုးညို)

ချစ်သူ...သို့

သစ္စာဆိုတဲ့စကားလုံးလေးနဲ့
အချစ်ဆိုတဲ့ခံစားမှုတစ်ခု
နင့်နဲ့ငါ့ကြားမှာရှိနေပြီပဲလေ
စိတ်မချဘူးဆိုတဲ့စကား
မပြောကြေးနော်
ဘဝဆိုတဲ့လမ်းခရီးမှာ
ကိုယ်စီရည်မှန်းချက်တွေအတွက်
လျှောက်လှမ်းနေကြရင်း
နင့်နဲ့ငါ့ကြားဆက်သွယ်မှုက
ဖုန်းမြည်သံလေးတစ်ခုပဲလေ
လေလှိုင်းထဲကအသံလေးတွေကတစ်ဆင့်
တစ်ယောက်ကိုတစ်ယောက်အားပေးရင်း
အလွမ်းတွေကိုမြိုသိမ့်ရင်း ပန်းတိုင်ရောက်ဖို့
ကြိုးစားကြပါစို့နော်

ဆုသက်(ထိန်တော-မိုးညို)

ချစ်သူ...သိစေ.... ဆုသက်(ထိန်တော-မိုးညို)

ချစ်သူ...သိစေ

တစ်မြေတစ်ရွာ အနေဝေးနေပေမဲ့
ငါ့အချစ်တွေက အေးစက်မသွားပါဘူး ချစ်သူရယ်
အနေဝေးလေ ပိုချစ်လေမို့
အဝေးက မင်းတစ်ယောက်
ငါ့ကိုစိတ်ချထားပေးပါနော်
နင်တစ်ယောက်ကိုပဲ
အသည်းနင့်အောင်
ချစ်ခဲ့ဖူးသူပါဟာ

ဆုသက်(ထိန်တော-မိုးညို)

ကောသလမင်းကြီးအိမ်မက်(၂) (အရှင်အာလောက-ရေဝိုင်း)

ကောသလမင်းကြီးအိမ်မက်(၂)

"အချိန်မကျခင်ကရုက္ခတဲ့သစ်ပင်ငယ်
ဖူးငုံတံပွင့်ကာမှီ သီးကြသွယ်သွယ်
မိန်းမငယ် သူငယ်ယောင်္ကျား
ချစ်မေတ္တာပိုလျှံလို့ ရွယ်မတန်
သန္ဓေမြတ်ကိုစွဲကပ်လို့ဖွား"။

မြတ်စွာဘုရား တပည့်တော်သည်
နှစ်ခုမြောက်သောအိမ်မက်ကို
ဤသို့မြင်မက်ပါသည်ဘုရား။
အလွန်ငယ်ကုန်သောသစ်ပင် ချုံနွယ်တို့သည်မြေမှပေါက်ခါစ တစ်ထွာတစ်တောင်မျှရှိကုန်သေးသဖြင့် မသင့်မဖွယ်အရွယ်မကြီး အပွင့်အသီးတို့ဖြင့်ပွင့်ကြသီးကြသည်တို့က
ိုမြင်မက်ပါသည်ဘုရား။
ဤအိမ်မက်၏အကျိုးသည်လည်း
အသို့ဖြစ်ပါလတံ့နည်းဘုရား။

ဒကာတော်မင်းကြီး.....
ဤအိမ်မက်၏အကျိုးသည်လည်း
ငါဘုရား၏လက်ထက်၌လည်းကောင်း သင်မင်းကြီး၏လက်ထက်၌လည်း ကောင်းမဖြစ်လတံ့။ နောင်သောအခါလောကကြီး
ဆုတ်ယုတ်ကာလူတို့အသက်တို သောအခါကျရောက်မှဖြစ်လတံ့။
နောင်သောအခါသတ္တဝါတို့သည်
ပြင်းစွာတပ်မက်သော ရာဂရှိကုန်ကြ၍
အရွယ်သို့မရောက်ခင် အလွန်ငယ်ကုန်သော သူတို့သမီးတို့သည် အိမ်ယာတည်ထောင်ကာ ကိုယ်ဝန်ဆောင်ကြကုန်လျှက် သားဖွားခြင်းအမှု ပြုကုန်လတံ့။
တစ်ထွာတစ်တောင်မျှသောသစ်ပင်
ချုံနွယ်တို့သည်ပွင့်ကုန်သီးကုန် သကဲ့သို့ သူတို့သမီးငယ်တို့သည်
အိမ်ယာတည်ထောင်ခြင်း ကိုယ်ဝန်ဆောင်ခြင်း သားသမီးမွေးဖွားခြင်း တို့ကိုပြုကုန်လတံ့။
ဓမ္မသဘောဖြင့်သာမြင်နိုင်ကြပါစေ.....

(အရှင်အာလောက-ရေဝိုင်း)

လူ (နှင်းဆီဝိုင်)

'' လူ ''

ဒဏ်ရာတွေ နက်သလောက်
အတ္တတွေ မပျောက်ခဲ့ဘူး
သေရာပါ ဒဏ်ရာလောက်ကို
မာနကြောင့် မငိုဖြစ်ခဲ့ကြပြန်ဘူး
ဘဝတွေက
လက်တွေ့ဆန်သလောက်
တကယ်တမ်းတော့
ကြောက်တတ်ကြပြန်တယ်
ရှေ့ဆက်ဖို့အားမွေးသလိုနဲ့
တကယ်တမ်း
နောက်ပြန်လှည့်နေတတ်ကြတယ်
ဘာမှမတွယ်တာတတ်သလိုနဲ့ပဲ
ဘဝကိုပုံစံချထားတတ်ပြန်တယ်
မာနတွေတထောင်ထောင်နဲ့
ပကာသနတွေကြားလည်း
ပျော်နေတတ်ကြပြန်တယ်
မမြဲပါဘူး မမြဲပါဘူး
ပါးစပ်ကရွတ်လည်း
စိတ်ထဲမှာတော့
တပ်မက်နေမိကြတုန်းပဲ
သေခြင်းအတွက်
ကျောတခင်းစာမပြောနဲ့
ဘောကွင်းတကွင်းစာလောက်တောင်
သန့်ရှင်းစေသောစိတ်
လိုအပ်နေတာဘယ်သူမှ
ဘယ်သူကမှ ဘယ်သူကမှ
မသိကြသေးဘူး
ဒါကိုက လူပါပဲတဲ့လေ

(လူနှင့်လူများစကားပြောခြင်း )
နှင်းဆီဝိုင်

လွမ်းခွင့် (အညတရ)

ဝေးခဲ့ပြီးတွေးခဲ့သမျှ
ဆွေးရက်နဲ့ မင်းမရှိတော့
နေ့ရက်တွေ ကအသက်မဲ့လို့
နှင်းစက်နှင့်အတူ လွမ်းသူရင်ကို
ထိခတ်ဝေဝါး နှုတ်ဆက်သွားခဲ့ပြီ
ငါရယ်...ကဗျာရယ်....
ကမ္ဘာတစ်နေရာကသာ
အမှောင်ဘက်တခြမ်းမှာ
မင်းပေးသွားတဲ့
အိမ်မက်နဲ့ချိုမြ လို့လေ
တကယ်တော့
ကောင်မလေးရယ်
မြုမှုန့်တပွင့်စာလောက်တောင်
နမ်းရှိုက်ခွင့်မရတဲ့
ငါ့လိုကောင်က နင်ကိုလွမ်းဖို့ကလွဲလို့
ဘာတတ်နိင်မှာလဲလေ။
ို့

ညီမလေး...သို့..... မောင်တေဇ(ယင်းမာပင်)

ညီမလေး...သို့.....

လမင်းကဗျာ သူ့မျက်နှာနဲ့
ဥသြသံသာ သူ့သံစာကို
ပြန်ကာနှုတ်ဆက်
မနင်ရက်ဘူး
ပျော်ပါစေတော့ ညီမရယ် ။ ။

မောင်တေဇ(ယင်းမာပင်)

ငါ့အယူအဆ... မောင်တေဇ(ယင်းမာပင်)

ငါ့အယူအဆ

သံယောဇဉ်ဆိုတာ လေတိုးရင်ပြတ်တတ်တဲ့ ငွေပိုးမျှင်မှမဟုတ်ဘဲ
ခင်ဗျားတို့ပြောတဲ့ ဂုဏ်သိက္ခာဆိုတာကြီးကို ငါ့အတွက်တော့
ချုံထိပ်မှာချိတ်ထားလိုက်တယ် မိုက်တယ်ဘဲပြောပြော ဆိုးတယ်ဘဲဆိုဆို ငါမယုတ်မာဘူးဆိုတာ သူသိတယ်

မောင်တေဇ(ယင်းမာပင်)

Monday, October 13, 2014

ရောင်းရန် ✏ ပန်​သာ

ရောင်းရန်

လက်​ဆတ်တဲ့နုလုံးသား
ရောင်းရန်​ရှိသည်​ ။
ဈေးကြီး​ပေးတဲ့သူ မ​ရောင်းပါ ။
လေလံတင်​​ဈေး မ​ခေါ်ပါ ။
အသနားခံပြီး လာ​တောင်းလဲမ​ပေးနိုင်​ပါ။
လိုချင်​လျှင်​​၁၅၀၀နဲ့
နလုံးသားတစ်​စုံပါ
အလိုက်​​ပေးနိုင်​တဲ့သူကိုမှ ​ရောင်းပါမည်​ ။

ပန်​သာ

ချစ်​စိတ်​ကူး ✏ ပန်​သာ

ချစ်​စိတ်​ကူး

ချစ်​တတ်စအရွယ်
စိတ်​ကူးယဉ်​မိ​တော့
သူများ​တွေလို ချစ်​ချင်​တယ်
သူများ​တွေလို​ ပျော်​ချင်တယ်
ချွဲ့နွဲ့တဲ့စကား​လေး​တွေ​ပြောချင်​တယ်
စိတ်​ဆိုး စိတ်​​ကောက်​ချင်​တယ်
ဂရုစိုက်​မူ​လေး​တွေလိုချင်​တယ်
ဒါပေမဲ့....စိတ်​ကူး​လေးသာ။

ပန်​သာ

မတူညီတဲ့အချစ် ✏ ပန်သာ

မတူညီတဲ့အချစ်

မောင်​နဲ့မ
အသွင်​မတူတူများတယ်​​နော်
မောင်​,က ​ကော်​ဖီ​သောက်​ရင်
မ,က ဂျယ်​လီရှိပ်​​သောက်​တယ်
မောင်​,က အဖြူ​ရောင်​ဝတ်​လာရင်
မ,က အနက်​​ရောင်​ဝတ်​လာတယ်
မောင်​,က​ဆောင်းရာသီကိုကြိုက်​သလို
မ,က​ နွေရာသီကိုကြိုက်​တယ်
မောင်​,က​ လျောက်​လည်​ရတာကြိုက်​သလို
မ,က​ မောင့်​မျက်​နှာကိုထိုင်​ကြည့်​​နေရတာကြိုက်​တယ်
ဒါ​တွေဟာ ​မောင်​နဲ့မ
ပေါင်းဖက်​ဖို့မဖြစ်​နိုင်​တာမို့
တို့​တွေ​စော​စောစီးစီး
လမ်းခွဲကြပါစို့။

ပန်​သာ

မိသားစု ✏ လူခါး

မိသားစု
♨ ♨ ♨

ငါညီမ​လေးနှစ်​​ယောက်​က
နယ်စပ်​မြို့တမြို့ရဲ့ဟမ်းဆက်​ဆိုင်​မှာ
ကြို​ငွေယူထားချင်းခံရ....

ညီ​လေးက
သူစိုက်​ခင်းနဲ့သူ ပိုးကျလို့.....

ကြီးမှအိမ်​​ထောင်​ကျသွားတဲ့
အမကြီးက​တော့
မိခင်​ဘဝပီပြင်​ဖို့
မြန်​နှုန်းမြှင့်​​လေရဲ့......

ပါပြင်​​ပေါ်က
လွင့်​ပျယ်​​နေတဲ့သနပ်​ခါးနဲ့အ​မေ
ထိချက်​မမှန်​​တော့တဲ့
အ​ဖေဓားချက်​​တွေကို
ရေ​တွက်နေတဲ့အချိန်​.....

ငါက ပြည်​ပနိုင်​ငံတခုရဲ့
အလုံပိတ်​ခန်းထဲမှာ....။ ။

လူခါး

အိမ်​​ဖော် ✏ လူခါး

အိမ်​​ဖော်
♨ ♨ ♨

ဆေးချပစ်​လိုက်​တဲ့
ကြမ်းပြင်​ထက်​မှာ
မာန​တွေပါသွားတယ်
အမြင့်​ပျံဖို့ထက်
ချမနင်းခံရဖို့အ​ရေး
အ​ဖေအ​မေနဲ့
လယ်​ကွင်းစိမ်းစိမ်း​တွေကို
စ​တေးခဲ့သူပါ။
ကျောင်းမထားနိုင်​​သေးတဲ့ညီမ​လေးအပူက
ရင်​ဘတ်တည့်​တည့်​​လောင်​တဲ့မီးထက်​ပိုပူတယ်
ထွေးမြရယ်​ဘ၀ဆိုတာ
စာချုပ်ပေါ်က
လက်​မှတ်​​က​လေးတခုမျှပါပဲ။ ။

လူခါး

ကဗျာဆရာနာမည်နဲ့သစ်​ပင် ✏ ဆူးရဲ

ကဗျာဆရာနာမည်နဲ့သစ်​ပင်
♕ ♕ ♕ ♕ ♕ ♕ ♕ ♕
သူက
သူ့အရိပ်​​လောက်
ဘယ်​အခါမှမ​အေးဘူး
သူ့​ခေါင်း​ပေါ်​ဆောင်းထားတဲ့အိုဇုန်းဟာ
သူ့ရင်​ဘတ်​ကိုတိတ်​တိတ်​ဖွင့်​လို့
ခရမ်းလွန်​ဒုက္ခ​တွေတဖွဲဖွဲစိုက်​တယ်
စုပ်​ယူမှုများများ
ထုတ်​လွှတ်​မှုနည်းနည်း
အပူ​တွေခဲနေတဲ့စိတ်​က
မိုးလဲ​ရေထဲ​တောင်
တဖျတ်​ဖျတ်​​ကြွေတယ်
လောကဓံက
သူကို့ပစ်​မှတ်​ထားပြီး
က​လေးတ​ယောက်​လို
ဓား​ပေါက်​ကျင့်​တယ်
လောက​ထောင့်​ချိုးလမ်း​လေးထဲက
ထောင့်​မကျိုးတဲ့လူငယ်​တ​ယောက်
တစ်​​ထောင့်​တ​နေရာက
ကမ္ဘာကြီးအတွက်
အသားမာတက်​​ပေးချင်​ယုံသက်​သက်​ပါ
ဒဏ်​ချက်​​တွေကြားက နှလုံးသားမှာ
သစ္စာတရား​တွေသီးပွင့်​တယ်​ ။။

ဆူးရဲ

ရွှေအင်းလေး... @thar phaw

ရွှေအင်းလေး

မြူတွေအုံ့ဆိုင်း ရစ်ခွေသိုင်းလို့
ဆောင်းနှင်းဟေမာန်
ရောက်လုပြန်လည်း
အေးလှရာသီ တို့အင်းဆီကို
လာပါမိတ်ဆွေ ဖိတ်ခေါ်မည်
အင်းလေးဌာနေ မောရှမ်းပြည်.....
မြောက်လေမြူးမြူး ဟေမာန်ကူးလို့
ဝဲပျံဇင်ယော် ဝေဟင်ပေါ်အလှ
ကြည်နူးစရာပေ အင်းလေးကန်မြေ
တို့ဌာနေ.......

@thar phaw

ပျော်ပါစေ.... Rosy Wine

''ပျော်ပါစေ''

ငါ့လက်မှာလေ မပျော်တဲ့မင်း
ငါ အတင်းထွေးပိုက်မထားရက်ဘူး..ချစ်သူ
ငါ့အနားမင်းမရှိရင် မနေတတ်ပေမယ့်
သေမတတ်ငါ ခံစားနေရပါစေ
မင်းပျော်စေဖို့တွက်ဆိုငါအရာရာကိုစွန့်လွှတ်
မင်းတွက်ဆို ငါ့ချစ်တတ်ခြင်းတွေကို
မင်းပုံ နင်းသွားပါစေချစ်သူ
ငါပဲ ကြေကွဲနေပါရစေကွာ
ကျေနပ်ခြင်းနဲ့သာ
ငါပေးဆပ်နေပါရစေတော့ချစ်သူရေ
မင်းပျော်ပါစေ....လေ . . . .

Rosy Wine

(ငါ့အသဲကွဲလျက်ပါ) စိုင်းဟေမာန်

(ငါ့အသဲကွဲလျက်ပါ)

သူ့စကားသံကို
မကြားရသောညများသည်
အိပ်စက်ဖို့ အလွန်ခက်ခဲနေမိ
ဟိုလူးဒီလိမ့်နဲ့ အသိစိတ်ထဲမှာ
သောကတရားတွေ လွှမ်းမိုး၍
နှလုံးသားက သူ့ရဲ့အကြင်နာ
စကားသံကို တောင်းတနေမိ
ဒါပေမဲ့.....
တောင်းဆုမပြည့်တဲ့ဘဝနဲ့ရှေ့ဆက်
နာရီစက္ကန့်တန်တွေသာ
အချိန်ကို ပြုစားသွား
မနက်မိုးစင်စင် လင်းခဲ့ပေါ့
သောကနှင့်အလွမ်းကား မငြိမ်သက်သေး
ပို၍ပို၍ ကြီးထွားလာခဲ့
သောကညှိတဲ့စိတ်နဲ့
အလွမ်းတွေကို ပွေ့ဖက်ရင်း
ဟိုင်း...ဝေးလမ်းပေါ်မှာ
ငါ့တယောက်တည်း
လမ်းလျှောက်ထွက်ခဲ့တယ်
စိတ်တွေက မညိမ်သက်
ခြေလှမ်းတွေက နှေးကွေးလျက်
သူအကြောင်းကိုပဲ တွေးနေမိတယ်
ဒီလိုနဲ့....ငေးမိငေးရာ
ငေးကြည့်လိုက်မိသည်
မြင်ကွင်းတခုမှာ ချစ်သူနှစ်ဦး အရမ်းကြည်နူးနေတာ တွေ့လိုက်ရသည်
သိပ်အားကျတာပဲ
ဒါပေမဲ ငါ့ဘဝက တယောက်တည်း အထီးကျန် အလွမ်းဒဏ်သင့် အသဲကွဲလျက်ပါပဲ ချစ်သူ--


(ရင်တွင်းဖြစ်)စိုင်းဟေမာန်

လမ်းခွဲ ( နှင်းဆီဝိုင်)

''လမ်းခွဲ''

မင်းချမှတ်တဲ့ဒီလမ်း
မှန်မယ်ထင်လို့
ခပ်မှန်မှန်ပဲ
ငါ လျှောက်ဖြစ်တယ် ချစ်သူ
နာကျင်နေသော်လည်း
မင်းပျော်မယ်ထင်လို့ပါ
မျက်ရည်တချို့ကို
ငါ သိမ်းဆည်း
ကံတရားကြီးကိုလည်း
အပြစ်မဆိုပါဘူးကွယ်
အားနည်းနေတဲ့
ငါ့နှလုံးသားက
မင်းအတွက်မှ
မတောက်ပနိုင်ခဲ့တာ
ငါ . . . . . ရပါတယ်
ချစ်သူ ပြောပြဖို့တောင်
အားမရှိ မင်းအကြည့်တွေတောင်
ရိုးသွားပါပေါ့လားဟင်
မပြောရက်ဘူး!
မပြောတော့ဘူး!
ငါတိတ်တိတ်ကလေးပဲ
ကျန်ခဲ့ပါ့မယ်
ဝေးသွားခဲ့ချိန်မှာတော့
ချစ်သူ မင်းဂရုစိုက်နော်
ဘာအတွက်မှ မငိုမိပါစေနဲ့
ချစ်သူရယ်နော် . . . . .

နှင်းဆီဝိုင်

မြတ်ဆရာ.... အ.မ.က လက်ပံရေကျော် ကျောင်းသား/ကျောင်းသူဟောင်းများ

မြတ်ဆရာ

အပင်ငယ်သေး တည့်မတ်ပေးကာ
နောင်အခါဖြောင့်ရန် စိတ်ရည်သန်
ကလေးငယ်သေး နည်းလမ်းပေးကာ
လူကြီးကောင်းရန် စိတ်ရည်သန်
စာရိတ္တပြင် ဘဝတစ်ခွင်မှာ
ခေါင်းဆောင်ကောင်းရန် စိတ်ရည်သန်
စေတနာဆောင် မေတ္တာရောင်နှင့်
လွဲမိုက်ဆုံးမ ပမာပြကာ
တော်,တည့်,မှန်,စေ...
တပည့်တွေကို
ခြေကုန်သွန်လည်း သင်ခဲ့ပေ။
ဘဝနေဝင် မိုးချုပ်ခင်ထိ
စောင့်ကြည့် နာဆင်
ဆရာ့ရင်ကို အပြင်ရောက်မှမြင်တော့သည်။
ဇရာပျက်ယို ဆရာအိုအား
ငါတို့တတွေ မမေ့စေရန်
နှစ်စဉ်အမြဲ ကန်တော့ပွဲကို
ညီညာ ဖြဖြ ကျင်းပကြသည်
ပီတိ အပြုံး လှိုင်နိုင်စေ...
အပြစ်ရှိက ကျေပါစေ...။
ထိုထိုဂုဏ်အင် "ဆရာရှင်"ကို
အပြစ်အပေါင်း ရှိတန်ကောင်း၍
ဆယ်လီဦးခိုက် ပူဇော်ထိုက်မို့
အကန်တော့ခံပါ မြတ်ဆရာ။

အ.မ.က လက်ပံရေကျော်
ကျောင်းသား/ကျောင်းသူဟောင်းများ

နန်းမထိုက်ပေမဲ့...ပန်းမိုက်မဟုတ်ဘူး... သူ့ရှင်​[က ​လေး]

လှတဲ့ ပန်းကလေးက
တောမှာပွင့်​ရ​တော့
တော်​ဝင်​နန်း​တော့
မတက်​ရှာရဘူး...။

နန်းမထိုက်​တာ​တော့ မဟုတ်​ဘူး
ကံမ​ကောင်းဘူးလို့
ပြောရ​အောင်​ကလဲ
နန်းရိပ်​ နန်း​ငွေ့ တို့ မသင်းသဖြင့်
အေးမြခြင်းရသ ကို​တော့
ပန်းက ​လေး....ရ​နေ​သေးတယ်​​လေ..။

သူ့ရှင်​[က ​လေး]

လောကဟု ထင်​သည်​.. သူ့ရှင်​[က ​လေး]

လွမ်းတတ်​တဲ့
လောကကြီးထဲ ​နေ ရ ​တော့
တခါတရံ လွမ်းမိပြန်​​ရော...။

ဟားတိုက်​လို့ သူကရယ်​​တော့
ကိုယ်​ပါ​ရောပြီး
ရယ်​မိပြန်​သည်​...။

တခါတရံ
သူယူလာတဲ့ ပီတိပန်း​တွေ
ရှူ​မွှေးတိုင်း သင်းပျံ့သည်​မို့
မဝနိုင်​ပဲ ရှိသည်​....။

တခါတရံ
သူ​မွှေးတဲ့ ​သောကမီး​တွေ
ငြှိမ်း​သော်​လည်း
မငြိမ်းနိုင်​ပဲရှိသည်​...။

တခါတရံ
ကျွန်​​တော်​ ​ပျော်​​ပေမဲ့
သူက ငို​နေသည်​...။

တခါတရံ
ကျွန်​​တော်​ ငို​နေလဲ
သူက ​ပျော်​​နေသည်​..။

အင်း....ဒါသည်​ပင်
လောကဟု ထင်​သည်​..။

သူ့ရှင်​[က ​လေး]

ညီမလေးဖတ်ဖို့!၃! (လျှို့ဝှက်လွမ်း)

ညီမလေးဖတ်ဖို့!၃! (လျှို့ဝှက်လွမ်း)

ညီမလေးရယ်.....
ငယ်ငယ်လေးကတည်းက ဖြူစင်စွာမွေးဖွားလာခဲ့တဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာဟာ အခုအချိန်အထိတိုင်
အဖြူရောင်လေးရယ်ပါ မျိုသိပ်မှုတွေတင်းကျပ်လာမှ
ကိုယ်ဖွင့်ပြောတော့ ညီမလေးကလေ......
ဖြစ်သင့်ဖြစ်ထိုက်တာကို
ရင်မှာပိုက်ထားလိုက်ရပေမယ့်
အလိုအပ်ဆုံး ကွက်လပ်နေရာလေးမှာ
ကန့်သတ်နယ်မြေ ဆိုင်းဘုတ်ထောင်ပြီး
တစ်နေ့နေ့အတွက်....
ကိုယ်သိမ်းထားသွားမှာပါ......
မပြောင်းလဲသော ကိုယ့်မေတ္တာကို အဲဒီတစ်နေ့နေ့မှာ...ညီမလေးကို
ပြသခွင့်ရချင်ပါသေးတယ် ညီမလေးရယ်

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ယောကျာ်းတို့ရဲ့မာန..... သက်​တန့်​​ရောင်​စဉ်​(မိုးညို)

ယောကျာ်းတို့ရဲ့မာန

သြော်.....လွန်ခဲ့ပြီ
ဝေးသွားမှ ပြန်တွေးကာ
နှမြောတသသလွမ်းနေပါသော်လည်း
မတတ်သာ ယောင်္ကျားတို့ရဲ့မာန
သူ့မိန်းခလေးတို့ သဘာဝ
ရင်ထဲကပန်းတစ်ပွင့် သော့ခတို့လုံခြုံစွာထားပါတယ်​ချစ်​သူ

သက်​တန့်​​ရောင်​စဉ်​(မိုးညို)

ခွဲခွာချိန်​...တမ်းခြင်း.... သက်​တန့်​​ရောင်​စဉ်​(မိုးညို)

ခွဲခွာချိန်​...တမ်းခြင်း

မနှစ်​ကလဲဒီအချိန်​ပဲ...
ကိုနဲ့တို့ ခွဲခွာခဲ့ရတယ်
ဒီနှစ်​လဲဒီအချိန်​ပဲ
ခွဲခွာခဲ့ရပြန်​တယ်
နောက်​ဘယ်​​တော့မှ
ဒီအချိန်​မခွဲခွာပါရ​စေနဲ့လို့
ဆု​တောင်းပါတယ်​ ကိုရယ်

သက်​တန့်​​ရောင်​စဉ်​(မိုးညို)

ချစ်​သူ.... သက်​တန့်​​ရောင်​စဉ်​(မိုးညို)

ချစ်​သူ

မင်း​ကျေနပ်​​စေမဲ့
စကားလုံးလှလှ​လေး​တွေန
ဲ့ငါမနှစ်​သိမ့်တတ်​ဘူး
မင်း​ပျော်​ရွှင်​​စေမဲ့
ချစ်​စရာဟန်​ပန်​​လေး​တွေနဲ့
ငါမကျီစားတတ်​ဘူး
မင်းမြတ်​နိုး​စေမဲ့
ကြင်​နာယုယမှု​တွေနဲ့
ငါ မကြင်​နာတတ်​ခဲ့ဘူး
ချစ်​သူ​ရေ.....
ကြင်​ကြင်​နာနာ မနှစ်​သိမ့်​တတ်​ခဲ့​ပေမဲ့
တွယ်​တွယ်​တာတာ​တော့
ချစ်​တတ်​ခဲ့ပါတယ်​ ချစ်​သူရယ်

သက်​တန့်​​ရောင်​စဉ်​(မိုးညို)

Thursday, October 9, 2014

ရင်နာနာနဲ့... ( စိုင်းနော်ခမ်း )

ရင်နာနာနဲ့ တို့နှစ်ယောက်ဘဝ
နှစ်ခုထပ်တူပြုလို့ မရဘူးလို့
ချစ်သူ...နင်ပြောတုန်းကလည်း
ရင်နာနာနဲ့ ခေါင်းညိတ်ခဲ့ရတယ်။
လမ်းမှာတွေ့လည်း ပြုံး၍မပြ
မတွေ့သလို နှုတ်မဆို လှည့်မကြည့်လဲ
မချိရင်ကြောင့် ငါ့ကတော့
ရင်နာနာနဲ့ ကြည့်မိပြန်တယ် ။
နောင်တချိန်
အခြားတစ်ယောက်
အသစ်ပြောင်းလဲချစ်လည်း
ငါ့ကတော့ နင်ကို
ရင်နာနာနဲ့ ချစ်နေအုံးမှာပါ။
ချစ်သူ
တကယ်မဟုတ် ဟန်လုပ်ကာ မင်အပေါ်စိမ်းပေမယ့်
အဟုတ်အမှန်ကတော့
မင်းကို ချစ်တာ
အစစ်အမှန်ပါလေ.....။

ပြည်မြို့  စိုင်းနော်ခမ်း
(NiNi ) 7 *10*2014

ဝမ်းနည်းနေ့ရက် (@thar phaw)

ဝမ်းနည်းနေ့ရက်

ရက်စက်တဲ့ မုန်တိုင်းရယ်...
သဘာဝတရား လို့ဆိုရလေမလား..
ကပ်ဆိုးတစ်ခုလို့ ပြောရလေမလား...
သစ်ပင်တောတောင် လျော့ပါးသွားလို့ ဆိုရလေမလား...
မထင်မှတ်ပဲ ခဏလေးမှာ
တိုက်ခတ်ခဲ့တဲ့ လေလေးတစ်ချက်ကြောင့်
မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်... ငိုချင်လောက်အောင်ကြေကွဲခဲ့ရပေါ့...
သဘာဝတရား တွေကပြောင်းပြန်
ရာသီဥတုတွေကမှန် အတိတ်ကကံလို့ဆိုရလေမလား,,,
အရာအားလုံးဟာ ဖြစ်တတ်တဲ့သဘော အရာအားလုံးဟာ ပျက်တတ်တဲ့သဘောလို့ သတိတရား လက်ကိုင်ထားလို့ သံသရာခရီးကို အသိတရားရှိရှိထားကာ
ခရီးဆက်နိုင်ကြပါစေ.....

@thar phaw

မဟူရာအလွမ်း ( အဆိပ်သင့်လူသား )

မဟူရာအလွမ်း

ဝေး၍ လွမ်းရ
ဆွေး၍ တမ်းတ
တစ်စိမ့်စိမ့်ခံစား
ကိုယ့်နှလုံးသား
မေ့မရ နေ့များ
လူးလိမ့်ကြေကွဲ

အဆိပ်သင့်လူသား

သင်းကွဲကြယ်ဘဝ. ( အဆိပ်သင့်လူသား )

သင်းကွဲကြယ်ဘဝ

ဝေးကွာခဲ့ကြပြီ ဆိုပေမဲ့
ငါရှုရှိုက်နေတဲ့ လေထုထဲမှာ
မင်းရဲ့ရနံ့တွေ သင်းပျံ့နေဆဲပါ
တခဏတာ
တွေ့ဆုံခဲ့ကြတာဖြစ်ပေမဲ့
တစ်ဘဝစာလွမ်းဖို့လောက်တော့
ငါရယူနိုင် ခဲ့ပါတယ်
ကျေနပ်ပါတယ်လေ....
မဆုံးနိုင်လို့ ဝေးခဲ့တာလို့ပဲ
အသဲမှာ ကမ္ဗည်းတင်ထားပါမယ်
လွမ်းဖို့ဆုံခဲ့ကြတာ မဟုတ်ပေမဲ့
ဆုံလို့လွမ်းခဲ့ရတာကိုတော့
ငြင်းလို့မရနိုင် ပါဘူး
မိန်းက လေးရယ်
လေ တွေကို တိမ်ကစီး
အ ပျော်ကြီးပျော်နေတဲ့
အချိန် သံခေါင်းယံမှာ
ငါတစ်ယောက်ထဲ
သင်းကွဲကြယ်လေး
ဖြစ်နေပြီပေါ့ကွာ....

အဆိပ်သင့်လူသား

ငါနေတတ်သွားပြီ.... (အဆိပ်သင့်လူသား)

သတိရတာတွေ
အပ်ကြောင်းထပ်အောင်
ငါမရေးချင်တော့ဘူး

လွမ်းပါတယ်ဆိုတဲ့ဘာသာရပ်က
ချစ်သူတွေရဲ့ လက်သုံးစကားမို့
ငါ့အတွက်အသုံးမဝင်ဘူး

၁၅၀၀မေတ္တာတောမှာ
တောင်းဆိုမှုတွေကြား
အတုန့်နဲ့အပြန်
မညီညာတဲ့ ဆုံးရှုံးမှုတွေကြားမှာ
အချစ်ကြောင့် နာကျင်စရာတွေနဲ့
ငါနေတတ်သွားပြီ....ချစ်သူ

အဆိပ်သင့်လူသား...

အလှပြင်..... ထီးဖြူရှင်

အလှပြင်

စိတ်နေလှက လူ့ဘဝ
အလှခေါ်တယ် မလေးရယ်။
စိတ်နောက်ညစ်တွေ ရှုပ်ယှက်ပွေ
ရုပ်ရေဆိုးတယ် လှဘူးကွယ်။
ပြင်မှာလှသလောက် အတွင်းကောက်
ကြောက်ဖို့ကောင်းတယ် မလေးရယ်။
အတွင်းစိတ်တွေဖြူစင်နေ
ကြက်သရေ ဖြိုးကြွယ်လှပါတယ်။

ထီးဖြူရှင်

လွမ်းခဲ့ရသူ​ရေ.... သက်​တန့်​​ရောင်​စဉ်​(မိုးညို)

လွမ်းခဲ့ရသူ​ရေ....

မင်းထားရစ်​ခဲ့တဲ့လမ်းမှာ
ပျော်​ခဲ့ဘူးတဲ့လွမ်းဖွယ်​အတိတ်​ကို
ခဏခဏမြင်​​ရောင်​တတ်​လွန်းလို့
သတိရချိန်​​တွေအတွက်
တခဏတာသတိ​မေ့ချင်​တယ်
မင်း​ပေးခဲ့တဲ့အနမ်းပွင့်​များမှာ
ပျော်​ခဲ့ဖူးတဲ့ချစ်​စရာရယ်​သံများစွာက
ခဏခဏကျီစယ်​တတ်​လွန်းလို့
တို့အတွက်​ အထီးကျန်​စရာ...

သက်​တန့်​​ရောင်​စဉ်​(မိုးညို)

အချစ်​ဆုံးကိုသို့..... (သက်​တန့်​​ရောင်​စဉ်)

အချစ်​ဆုံးကိုသို့.....

ထာဝရချစ်​ခဲ့၍....
တစ်​ဘ၀စာ​ပေးဆပ်​ခဲ့မှန်းသိလို့
ရက်​ရက်​စက်​စက်​စွန့်​ခဲ့တာလား...?ကိုရယ်​ထာဝရရဲ့ ထာဝရမှာ ကိုတစ်​​ယောက်​ထဲ
ရှိခဲ့တာကိုသိတယ်​​နော်

ကို့...ရဲ့
သက်​တန့်​​ရောင်​စဉ်

ညီမလေးဖတ်ဖို့! ၂! (လျှို့ဝှက်လွမ်း)

ညီမလေးဖတ်ဖို့! ၂! (လျှို့ဝှက်လွမ်း)

နင်ပျော်ရွှင်ပါစေဆိုတဲ့ ဆန္ဒနဲ့ ကိုယ့်နှလုံးသားကို
မီးလောင်တိုက်သွင်းခဲ့တာပါ ညီမလေးရယ် အဲဒိမီးလောင်တိုက်ထဲက
ပြာကလေးတွေနဲ့တင်
နင်အခြားရင်ခွင်မှာ မပျော်ရွှင်လို့ပဲဖြစ်ဖြစ် အခြားအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ ပြန်လာတဲ့အချိန်မှာ ညီမလေးအတွက် အလုံခြုံဆုံးနဲ့အပျော်ရွှင်ဆုံးထားနိုင်မှာပါ
ညီမလေးရယ်

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ညီမလေးဖတ်ဖို့. (လျှို့ဝှက်လွမ်း)

ညီမလေးဖတ်ဖို့. (လျှို့ဝှက်လွမ်း)

ညီမလေးရယ့့် 
မျိုသိပ်ခဲ့ရတဲ့ရက်ပေါင်းများစွာကို
ကျော်လွန်ပြီမှ သူစိမ်းဆန်တဲ့စကားလုံတွေကြောင့် ကိုယ့်နှလုံးသားလေး ငိုကြွေးရပြန်ပြီ ကျိန်စာသင့်တဲ့အချစ်မျှားကို
သီးသန့်ပြုစုပြီး မျှားနတ်မောင်က ကိုယ့်ရဲ့အသဲကိုလန့်နိုးစေခဲ့တယ်ထင်ပေါ့ ချစ်တယ်လို့ဖွင့်ပြောပြီးမှ ညီမလေးရဲ့အစိမ်းသက်သက်
အမုန်းတစ်ခုကြောင့်
စိတ္တဇညအမှောင်ကို ကိုယ်မုန်းတီးရင်းနဲ့ မနက်ဖြန်တွေကိုကြောက်ရွံ့လာခဲ့တယ် သေမိန့်ကျပြီးတဲ့ကိုယ့်နှလုံးသားလည်း သူ့ကိုယ်သူလုပ်ကြံလို့ အရိုးဆွေးခဲ့ပေမယ့် ညီမလေးရဲ့ပုံရိပ်တွေ ကိုယ့်ရင်ဘက်ထဲမှာ ထင်နေဆဲပါဟာ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ကမ္ဘာရှုံးတဲ့သူ့အပြုံး (လျှို့ဝှက်လွမ်း)

ကမ္ဘာရှုံးတဲ့သူ့အပြုံး (လျှို့ဝှက်လွမ်း)

ပြန်လာခဲ့တာ
လွမ်းလို့ပါ
ချစ်သူမင်းက ဘယ်ဆီမှာ.....
အလွမ်းအဆွေး
ရင်ပိုက်ထွေး
ချစ်သူမင်းက လွမ်းပြေဆေး...
အလွမ်းမပြေ
ထပ်တိုးနေ
ချစ်သူမင်းက ကုလှည့်ဖြေ....
ချစ်သူအပြုံး
လက်မြှောက်ရှုံး
ကမ္ဘာမျက်လုံး မိုးထစ်ချုံး.....

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

Monday, October 6, 2014

ရင်ခွင် ♡ pho pyint

ရင်ခွင်

မပြည့်စုံတဲ့ ဘ၀က
ငါတို့နှစ်ယောက်ရဲ့
ကံကြမ္မာများလား
အတူတူပုန်းတန်း
ကစားနေရသလို
လောကဓံကလည်း
နှိပ်စက်နေကျတုန်းပဲ
အရာရာကို
အချစ်တွေနဲ့
ငါ့ဘ၀က လက်မခံနိုင်ခဲ့တာ
နင့်ကို မချစ်လိုမပာုတ်ဘူး

ဘ၀ကြမ်းတဲ့
ငါ့ဘ၀မှာ တစ်နေ့
နင်မချစ်ဘူးပြောမှာ
ငါကြောက်တာပါ
ချစ်သူရယ်....

အတူတူနေခွင့်
မပေးသေးတဲ့
ငါတို့နှစ်ယောက်ရဲ့
ကံက
နင့်ကို ငါ့ဘ၀ထဲ
ဖိတ်ခေါ်ခွင့်မပြုချင်ဘူး
နှစ်တွေများစွာ
ချစ်သူကို ချစ်လျှက်နဲ့
လွမ်းနေရတဲ့ဘ၀မှာ

ငါ့နှလုံးသားက
ခံနိုင်ရည်မရှိတော့တလိုပဲ ချစ်သူ....
ဒါပေမဲ့
နွေးထွေးလွန်းတဲ့
နင့်ရင်ခွင်မှာ
ငါခဏတာ မှေးစက်ခွင့်ရလို့
ငါမမေ့ပါဘူး...


pho pyint

အလွမ်း ✏ ပန်​သာ

အလွမ်း

မင်းကိုမြင်​တိုင်း
အတိတ်​ကဒဏ်​ရာ
စိတ္တဇဆန်​စွာ
နိုးထလာတယ်
မဖြစ်​နိုင်​​တော့မှန်း
သိလိုက်​ရတဲ့အချိန်​မှာ
ကိုယ်​ရဲ့ဘဝအလွမ်း​နေ့ည​တွေ
ရှည်​ကြာစွာနဲ့​နေရ​တော့မည်။

ပန်​သာ

မအိုတဲ့အချစ် ✏ ပန်​သာ

မအိုတဲ့အချစ်

ချစ်​သူ​ရေ....
အိုမင်းသွားလို့ မျက်​နှာ​ပေါ်မှာ
အ​ရေးအ​ကြောင်း​တွေ ထင်​လာမယ်
ဒါပေမဲ့....မင်းကိုချစ်​တဲ့
ငါ့နုလုံးသားက​တော့
အ​ရေးအ​ကြောင်း
အက်​​ကြောင်း​တွေမရှိပဲ
အသစ်​အတိုင်းနုပျို​နေဆဲပါကွာ။

ပန်​သာ

ရင်​ခွင်​ ✏ ပန်​သာ

ရင်​ခွင်

ချစ်​သူရယ်​....
နင်​ထားခဲ့တဲ့ ငါ့ရင်​ခွင်
အေးစက်​ခဲ့တာကြာပါပြီ
နင်​က​တော့ ရင်​ခွင်​သစ်​မှာ
အေးတယ်​လို့ထင်​​နေတဲ့အချိန်
ရင်​ခွင်​​ဟောင်းဖြစ်​တဲ့ ငါက​တော့
နင်​အလာ ​မျှော်​ကာ​စောင့်​ရင်း
လွမ်းရက်​​တွေရှည်​။

ပန်​သာ

ခွင့်​လွှတ်​ခြင်းမှစွန့်လွှတ်​ခြင်း ✏ ပန်​သာ

ခွင့်​လွှတ်​ခြင်းမှစွန့်လွှတ်​ခြင်း

ချစ်​သူကို အပြစ်​မယူလိုပဲ
ချစ်​သူတစ်​ယောက်​လို
ချစ်​ခဲ့ပေ​မဲ့ ချစ်​သူက​တော့
လစ်​လျူရှူကာ
ပစ်​ခွာ​ပြေး​လေ​တော့
ဆွေးေ​နတဲ့ဒီရင်​ခွင်
မင်းဝင်​ကာကြည့်​ပါ​တော့
မရှုမလှဒဏ်​ရာ​တွေနဲ့
လူ့ဘဝဒီကမ္ဘာထဲ
ရှင်​လျက်​နဲ့​သေသူတစ်​ယောက်​လို
အထီးကျန်​​နေပြီ
ကိုယ်​တစ်​​ယောက်​တည်း။

ပန်​သာ

မနိုးချင်​တဲ့အိမ်​မက် ✏ ပန်​သာ

မနိုးချင်​တဲ့အိမ်​မက်

ငါဟာမဖြစ်​နိုင်​တဲ့အိမ်​မက်​ကိုမှ
ဆက်​မက်​ချင်​ခဲ့တယ်
အိမ်​မက်​ကနိုးရင်
နေ့သစ်​​တွေ​ရောက်​လာမယ်​ဆိုတာ
သိပေ​မဲ့ မနိုးချင်​ဘူး

ပန်​သာ

အမေ.... ထီးဖြူရှင်

အမေ....

အမေဆိုတာ.....
အရာရာကို သာသာယာယာ
အခါခါလည်း ခွင့်လွတ်နိုင်တယ်

အမေဆိုတာ.....
အကြင်နာအပြုံး အညင်သာဆုံးနဲ့
အစဉ်သာနှလုံး လှသူလည်းဖြစ်တယ်

အမေဆိုတာ.....
အလင်္ကာတေး ရွှင်စရာပေးလို့
ရင်မှာနွေးထွေး နှစ်သိမ့်နိုင်သူလည်းဖြစ်တယ်

အမေဆိုတာ.....
သာယာငြိမ့်ညောင်း
ပျော့ပျော့ပျောင်းပျောင်းနဲ့
ဘဝကျောင်းရဲ့
ကျောင်းအုပ်ကြီးလည်းဖြစ်တယ်

ထီးဖြူရှင်

မျက်ရည်သံစဉ် ✏ ထီးဖြူရှင်

မျက်ရည်သံစဉ်

အချစ်ပင်အောက် ပန်းကြွေကောက်တော့
နွမ်းခြောက်ရနံ့ တောင်ပံဖြန့်ခင်း
တမ်းတခြင်းတွေ ခြေရင်းမှာ.....

ထီးဖြူရှင်

ကြင်သူရယ်.....✏ ထီးဖြူရှင်

ကြင်သူရယ်

မမြင်သာ အနေဝေးပေမဲ့
အစဉ်သာ ဒို့ရင်ထဲတော့
မောင်ဘယ်ခါ မမုန်းနိုင်လောက်သည်
သေမကွာ ကြင်နာချစ်စိတ်ရယ်နဲ့
မောင်ရင်မှာ ဝေဒနာအဆွေးကို
မရှိရာ ကမ်းလှမ်းလိုက်ချင်တယ်...

ထီးဖြူရှင်

သက်ဆုံးတိုင် ✏ ထီးဖြူရှင်

သက်ဆုံးတိုင်

ဒို့နှစ်ယောက်အချစ် မေတ္တာစစ်မို့ ဘယ်သူခွဲလည်း မခွဲတသက် တွဲ့လက်မြဲ့ခိုင် သက်ဆုံးတိုင်

ထီးဖြူရှင်

အတွေ့အကြုံထဲမှ အတွေးအမြင်များ ( ၂ ) ✏ အရှင်ဥတ္တရ - ပြည်

အတွေ့အကြုံထဲမှ အတွေးအမြင်များ ( ၂ )

မကောင်းသောအရာတစ်ခုကို မကောင်းမှန်းသိသည့်အတွက်
မိမိရဲ့စိတ်ကို အနိုင်ပိုင်း ထိန်းချုပ်ပြီး
လုံးဝမလုပ်ပဲ စွန့်လွှတ်နိုင်သော လူတစ်ယောက်ကို
"သတ္တိမရှိတဲ့ကောင်"ဟု အချို့က
နာမည်တပ်ချင်ကြသည်။

အမှန်တော့ ထိုသို့စွန့်လွှတ်နိုင်သောသူသည်
သတ္တိမရှိသောသူမဟုတ် l
အခြားသူတွေထက် ပို၍ သတ္တိရှိသောသူ ဖြစ်ပါ၏။

အဘယ့်ကြောင့်ဆိုသော် လူများစွာတို့
မကောင်းမှန်းသိသိကြီးနဲ့ မစွန့်လွှတ်နိုင်သော အရာတစ်ခုကို
ထိုသူက အဇ္ဈတ္တတိုက်ပွဲဟု ဆိုအပ်သော
မိမိစိတ်ကို အနိုင်တိုက်ကာ
သတ္တိရှိရှိဖြင့်
စွန့်လွှတ်ပြနိုင်သောကြောင့်ဖြစ်၏။

အရှင်ဥတ္တရ - ပြည်

ဒီမှာ....ချစ်သူ ✏ စိုင်းနော်ခမ်း

ဒီမှာ....ချစ်သူ

ငါ့လို မင်းအပေါ်နားလည်တဲ့
အချစ်မျိုး ကမ္ဘာမှာနင်ရှာကြည့်
တစ်နေ ဝင်တစ်မိုးချုပ်လို့ 
ထမင်းထုတ်သာသိုးသွားမယ်
ငါ့လို လူမျိုးတွေ့မှာမဟုတ်ပါဘူး
အခုတော့ နင့်ကြောင့်
နွေတစ်ရာအပူနှယ် ဝေဒနာတွေ ရင်မှာဗလောင်ဆူနေတာ
ကြင်နာသူမင်းအား သိလေမလား
အကြင်နာစစ်နဲ့ ရင်မှာချစ်တာမို့
နင့်ကို ငါလေ...သိပ်ချစ်လဲ
သိက္ခာတရားရင်ဝယ်ထားတဲ့ မိန်းကလေးတစ်ယောက်မို့ 
မာနမျက်ရည် ပင်လယ်ဝေလည်း
အံကို တင်းလျက်ကျိတ်ကာငိုမယ်
မင်းကိုတော့
ငါ့ဘက်ကစ၍ ပြန်မချစ်ရဲ့တော့ဘူး ။

ပြည်မြို့  စိုင်းနော်ခမ်း
( Ni Ni )
5* 10* 2014

ကယောင်ကတမ်း ချစ်အိပ်တန်း (လျှို့ဝှက်လွမ်း)

ကယောင်ကတမ်း ချစ်အိပ်တန်း (လျှို့ဝှက်လွမ်း)

အချစ်တစ်ခုကို
အပြောင်းအလဲပြုချင်ပေမယ့်
တစ်ရစ်ထပ် ထပ်တိုးတဲ့
သံယောဇဉ်ကြိုးတွေကြောင့်
ငါ့မှာ အရူးမီးဝိုင်းခဲ့ရပြီ
နင့်ကိုပျော်စေချင်တာ
ငါ့ရဲ့ဆန္ဒအမှန်ပါချစ်သူ
နင်ပျော်ဖို့အတွက်
ငါ့ရင်ကို ကုစားရင်းနဲ့ပဲ
နင့်ရဲ့တုန့်ပြန်တဲ့ မေတ္တာလှိုင်းဟာ
အခုအချိန်အထိတောင်
အိပ်မောကျနေတုန်းလားချစ်သူရယ်
တစ်ရေးလောက်နိုးထပြီး
အိပ်ချင်ပြေပဲဖြစ်ဖြစ်
ငါ့အချစ်ကို လက္ခံပေးပါဦးဟာ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

နင့်ကိုလွမ်းလို့ (လျှို့ဝှက်လွမ်း)

နင့်ကိုလွမ်းလို့ (လျှို့ဝှက်လွမ်း)

နင့်ကိုလွမ်းလို့
ငါမှန်းဆရင်း
စိတ္တဇညတွေမှာ
အိပ်ပျက်ပေါင်းလည်း များခဲ့ပြီ

နင့်ကိုလွမ်းလို့
ငါတမ်းတရင်း
မျက်ရည်အငြိုးကို
မိုးရေတွေလို ချိုးနေပြီ

နင့်ကိုလွမ်းလို့
ငါနွမ်းလျရင်း
လူအများကြားမှာ
အထီးကျန်အားငယ်နေရပြီ

နင့်ကိုလွမ်းလို့
့ .့ 
့ 
့ 
့ 
ငါရူးနေရပြီ

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

Saturday, October 4, 2014

အယုံအကြည် ✏ ထီးဖြူရှင်

တန်းခူးတစ်ရက် နှစ်ဦးစပ်မှာ
တွေ့ကြခင်ကြ ကြုံလာကြမို့
ကြုံသူကိုခေါ် ခင်သူကိုမေ့ နှစ်တွေသာဟောင်းခဲ့ ကျွန်တော်ရဲ့နှလုံးသားက
မပြောင်လဲ့ပါဘူးညီမလေးရယ်
ဝါသောပိတောက် အစိမ်းရောင်းပေါက် ဖြူသောစံပယ် အညိုသွယ်
ပိန်းရွက်ရေစို တမာချို
ကမ္ဘာပြိုမှမင်းကို မုန်းမယ် ။

ထီးဖြူရှင်

မင်းသိလား

မင်းသိလား
----- -------
ကံကြမ္မာက
တို့နှစ်ယောက်စလုံးအတွက်
ခေါက်ရိုးကြိုးနေအောင်
နှလုံးသားလေးက ဖန်တီးထားတာ

မဝေးချင်ပဲနဲ့ ဝေးနေရတာ
ငါတို့ နှစ်ယောက်ရဲ့ အချစ်က
တကယ်ပဲ ကံကြမ္မာက
ဖန်တီးထားခဲ့တာလား

ဖူးစားမရွေ့သေးခင်
ငါ့နှလုံးအိမ်မှာတူရိယာမျိုစုံနဲ့
အလွမ်းသံစဉ် ဖွင့်နေမိတာ
မင်းသိလား.....

နာကြင်စရာ ရသနဲ့
အလွမ်းတွေကို နှစ်သိမ့်နိုင်ဖို့
ငါဘယ်လို့များ ဖြေသိမ့်ပေးရမှာလဲ....
ငါလေ
ကောင်းကင်ယံက ကြယ်ကြွေတာတွေ့ရင်
ဆုတောင်းပြည့်ချင်သူပါပာာ
မင်းသိလား.....

ငါအလွမ်းပိုလို့ သံစဉ်ငိုတဲ့ အခါ
ငါနာလည်ထားတဲ့ ချစ်ခြင်းတွေက
တကယ်ပဲ လွမ်းစရာတွေနဲ့
ဝေဒနာများလားပာာ....
မင်းသိလား.....

ငါသိမ်ငယ်မှု့တွေနဲ့ အဲဒီညက
ငါ့ရဲ့ အိပ်ပျက်ခြင်းပေါ့
မင်းသိလား
မနက်ခင်း နေမြင့်လို့ အရူးရင့်ခဲ့တာ
ရသမပာုတ်သလို့
မျှော်ငေးမိသူ ငါ့အတွက်တော့
ဖူးစားနတ်ကို အကူအညီတောင်းလို့
ငါ့ရဲ့ ရူးသွပ်မှု့က နင်မှာနင်ပဲ
ဖြစ်လိုက်ချင်သူပါပာာ
မင်းသိလား

နင့်ရဲ့ ဖူးစားနတ်က
ပစ်လွတ်လိုက်တဲ့ မြှား
ငါ့နှလုံးသားကို
သွေးစိုရုံသာစူးနစ်ပေမဲ့
နင့်အကြည့်က
ငါ့အသဲကြွေအောင်ရူးမိခဲ့ပြီ
အဲဒါ မင်းသိလား

ရာဟုအသူရိန် @thar phaw

(ရာဟုအသူရိန်)

အရပ်တော်=၄၀၀၀ယူဇနာမြင့်သည်။
လက်နှစ်ဖက်ကြား=၁၁၂ယူဇနာကျယ်၏
ရင်သားအကျယ်=၆ယူဇနာ
ဦးခေါင်း=၉၀၀ယူဇနာ
နဖူး=၃၀၀ယူဇနာ
မျက်ခုံးနှစ်ခုကြား=၅၀ယူဇနာ
ပါးစပ်=၃၀၀ယူဇနာ
လက်ဖဝါးခြေဖဝါး=၂၀၀ယူဇနာ
လက်ဆစ်ခြေဆစ်=၅၀ယူဇနာ

နေဝန်းအကျယ်သည်=၅၀ယူဇနာသာရှိ၏
ထိုကြောင့်....
ရာဟုအသူရိန်သည်နေကိုမြိုနိုင်
ကွယ်ထားနိုင်သည်ဟုဆိုထားသည်။
(သဂါထာဝဂ္ဂသံယုတ်ပါဠိ သူရိယသုတ် စာမျက်နှာ=၁၅၈ ၁၅၉ မှကောက်နုတ်တင်ပြသည်။)

*@thar phaw*

အချစ်ကြီးလေသမျှ စိုင်းဟေမာန်

(အချစ်ကြီးလေသမျှ)

အချစ်မကြီးလေနှင့်သင်ကိုသာ
လောင်မြိုက်လိမ့်မယ်တဲ့
ပညာရှိစကားနားဝယ်မထားခဲ့
ငါ့စိတ်ငါ့ကိုယ် ငါ့နှလုံးသားနဲ့ငါ
ငါချစ်တာဘာဖြစ်လဲ
အတ္တကိုရှေ့တန်းတင်
သိမ်ငယ်တဲ့အတွေးနဲ့
အချစ်ရေးကို
ဦးစားပေးခဲ့မိတယ်
ဒါပေမဲ့ယခုတော့
အချစ်ရေးက နှစ်နှစ်ကာကာဆွေးဖို့
အလွမ်းတွေနှင့် ရောထွေးပြီး
ငါဆီကိုပြေးဝင်ကာ
စကားတခွန်းပြောသွားတယ်
မင်းကောင်မလေး....
တခြားသူနှင့် ပျော်နေပြီတဲ့
ငါအချစ်ကြီးခဲ့သမျှ ငါ့ကိုယ်သာ
ပြန်လည်လောင်မြိုက်
ငါ့ နှလုံးသားလဲ
အက်အက်ကွဲလို့
ခန္ဓာကိုယ်တခုလုံး
နာကျင်မူ့တွေနဲ့
အဆုံးသတ်နေခဲ့ရပေါ့
သူငယ်ချင်း တို့ရေ---

(ရင်တွင်းဖြစ်)စိုင်းဟေမာန်

ပြန်လာစေချင်သည်... Rosy Wine

ပြန်လာစေချင်သည်...

ငါစိတ်ကူးတွေနဲ့
အိမ်ဆောက်ဖူးတယ်
မထူးပါဘူးလက်တွေ့ဆို
ငါလမ်းပျောက်ဖူးပြန်တယ်
မှားတယ်ဆိုတဲ့
ဒီလမ်း အမှတ်မရှိပါဘူး
ငါလျှောက်ဖူးပြန်တယ်
ဒဏ်ရာတွေနဲ့
အခုထိငါ့အသည်းက
နုနေတုန်းပဲမို့
အခွင့်သာ ရလျှင်
ပြန်လာခဲ့စေချင်သည်
ဟိုအရင်တခါက
ငါ့ရင်ခွင်ဆီ

Rosy Wine

မ​ပြောင်းလဲပါဘူး N L W

မ​ပြောင်းလဲပါဘူး

ဘာလိုလိုနဲ့ ​အေးခဲစ​ဆောင်းလရာသီ
နှင်းစက်​​တွေ ​ဖွေးလွှလွှနဲ့
ကြိုလင့်​​နေပြီ​ပေါ့​နော်
ရာသီ​တွေအလီလီ​ ပြောင်းလဲခဲ့​ပေမဲ့
ဒို့နှစ်​​ယောက်​ရဲ့ ချစ်​ခြင်းတရား​တွေ
မ​ပြောင်းလဲခဲ့ဘူး​နော်
တစ်​ချိန်​က
နင်​​ပြောခဲ့ပါတယ်​​လေ....
တိမ်​ဝလ္လာခွင်​က လမင်းကြီး
မကွယ်​​ပျောက်​သ​ရွေ့
ဒို့နှစ်​​ယောက်​ရဲ့ ချစ်​ခြင်းတရားက
မ​ပြောင်းလဲပါဘူးလို့​လေ....
နင်​​ပြောစကား ငါ့'နားမှာပဲ့တင်​ထပ်​လျက်​ပါ
မ​ပြောင်းလဲတဲ့ ချစ်​ခြင်းနဲ့
မြင်​​နေကျ နင့်​အပြုံ​လေး
ထာဝရမြင်​ပါရ​စေ​တော့ ကွယ်


N L W

KO KO ✏ ပန်​သာ

"KO KO"

KOKOကိုစိတ်​မချသလို
အ​တွေးတစ​တောင်​မ​တွေးမိခဲ့ပါ။
Kokoအချစ်​ကို
သံသယဖြစ်​သလို
ခံစားချက်​မျိုးလဲမခံစားတတ်​ပါ။
Kokoအ​ကြောင်းတ​စေ့တ​စောင်းလဲ
မစုံစမ်းတက်​ပါ။
Kokoစကားကိုသာအကြွင်းမဲ့ယုံကြည်​မှာ
Kokoမအားလို့ဖုန်းမဆက်​ရင်​လဲ
အပြုံးမပျက်​ခဲ့ပါ။
အရာအားလုံးခွင့်​လွှတိနိုင်​တာ
kokoအချစ်​​တွေ​ကြောင့်​သာ။

ပန်​သာ

ထားရစ်​ခဲ့ပါ.... ပန်​သာ

ထားရစ်​ခဲ့ပါ....

မှန်​တစ်​ချပ်​လို
ရောင်​ပြန်​မဟပ်​တဲ့
မောင့်​အချစ်​​တွေက
အတုအ​ယောင်​​တွေလား
မေ့ဘက်​ကချစ်​နိုင်​သမျှ
ချစ်​ကာထား​ပေးပေ​မဲ့
နေနိုင်​ရက်​တဲ့​မောင့်​ကို
အပြစ်​လဲမဆိုချင်​​​တော့ပါဘူး
တိမ်​​တွေလို....
အ​ရောင်​​ပြောင်းချင်​တယ်​ဆိုရင်
မောင်​​ပျော်​ဖို့အ​ရေး
နားလည်​ကာခွင့်​လွှတ်​​ပေးမယ်
ပစ်​ခွာလို့​ပြေးပါ​တော့​မောင်​။

ပန်​သာ

ဖြေ​ဆေး ✏ ပန်​သာ

"​ဖြေ​ဆေး"

အသဲကွဲ​နေလား
အချစ်​ကိုအစာ​ကြေ​ဆေးလ
ိုမှတ်​လိုက်​ပါ
အမုန်း​တွေနဲ့​ရောပြီး​သောက်​ရင်
အလွမ်း​တွေ​ပျောက်​မှာပါ
အနမ်း​တွေ​ပျောက်
နောက်​တစ်​​ယောက်​ရရင်
ဒါလဲ​ကောင်းမှာပါ
သူငယ်​ချင်းရာ။

ပန်​သာ

သူ​လေး​ကြောင့်​ (ပန်​သာ)

"သူ​လေး​ကြောင့်​"

အိပ်​မရသည့်​ည
အ​တွေးများနဲ့ချာချာလည်
ဘာ​ကြောင့်​ရယ်​​တွေးကာကြည့်​​တော့မှ
သူ​လေး​ကြောင့်​ထင်​တယ်
သူ​လေးရဲ့အကြည့်​​လေးရင်​ဝထိ
ငြိ​ဆွေးခဲ့ရပြီ
သူ​လေးအပြုံး
ရင်​ထဲနှလုံးဗ​လောင်​ဆူခဲ့ရသည်
ဤ်​အချစ်​ရင်​နှင့်​ မဆန့်​​အောင်​ဖြစ်​​နေ​တော့
ဒီည​တော့အိပ်​လို့ရမယ်​မထင်​။

ကြိုးစားလျှက်​(ပန်​သာ)

အရက်​​ကျေးကျွန် ✏ ပန်​သာ

အရက်​​ကျေးကျွန်

ဘဝမှာခဏတာ ​တွေ့ခဲ့ရပင်​မဲ့
ရစရာမရှိ​အောင်​ ဖြစ်​ခဲ့ရတဲ့ငါ့ဘဝ
ချစ်​ခဲ့ကြတဲ့​နေ့ရက်​​တွေ
မင်းဘက်​က​တော့
ပြတ်​သားတဲ့စိတ်
ပြောထွက်​သည့်​ နုတ်ခမ်းပါးဖြင့်
ရက်​စက်​စွာ​ပြောခဲ့​တော့
ရင်​ထဲမှာဗ​လောင်​ဆူ​အောင်
ကျူကျူအ​တွေး​တွေနဲ့
ဆွေးတာကိုအရက်​နဲ့​ဖြေ​တော့
ကိုယ်​အခု​လေ.....
အရက်​ရဲ့​ကျေးကျွန်
ဖြစ်​​နေပြီကွာ။

ပန်​သာ

သို့သော်.....ချစ်နေမိသေး၏ (လျှို့ဝှက်လွမ်း)

သို့သော်.....ချစ်နေမိသေး၏ (လျှို့ဝှက်လွမ်း)

အလွမ်းပေါင်းများစွာနဲ့
အချစ်တစ်ခုဖန်ဆင်းခဲ့သော်လည်း
ံအစိမ်းသက်သက် စကားလုံးတွေကြောင့်
အဝေးကိုလွင့်ပါးခဲ့ရတယ်
အမုန်းမဟုတ်ခဲ့ပေမယ့်
အကြင်နာက သူ့မှာမရှိခဲ့ဘူး
အဲဒီလိုပဲ သူ့မှာငါ့အတွက်
အချစ်ဆိုတာမရှိဘူး

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ငယ်ချစ်ဦးသို့..... မောင်တေဇ (ယင်းမာပင်)

ငယ်ချစ်ဦးသို့.....

ကံမကုန်ရင် ပြန်ဆုံမှာဘဲလို့
မာန်ဟုန်တွေလည်း မတင်းချင်တော့။
ဘုံတစ်ကွေ့မှာ ဆုံတွေ့ပါရစေ....
ကြုံတွေ့ပါရစေလို့
တောင်းဆုတွေလည်းမခြွေလိုတော့
မင်းကျေနပ်တယ်မဟုတ်လား......။ ။

မောင်တေဇ (ယင်းမာပင်)

Friday, October 3, 2014

နင်ပျော်ဖို့. (လျှို့ဝှက်လွမ်း)

နင်ပျော်ဖို့. (လျှို့ဝှက်လွမ်း)

ငါ့ရဲ့ရင်ခွင်
နင်မရောက်ခင်ကတော့
မငိုတတ်တဲ့မျက်လုံး
မပြုံးတတ်တဲ့မျက်နှာနဲ့ပေါ့
အခုတော့ချစ်သူရယ့့် 
ငိုတတ်တဲ့မျက်လုံးကို
ပြုံးတတ်တဲ့မျက်နှာမှာ
ဟန်ဆောင်နေခဲ့တာ
နင့်ကိုသိပ်ချစ်လို့ပါဟာ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

သူ့အတွက်ထားရှိသော ရင်ဘက်တစ်နေရာ၏ ထပ်ဆင့်အလွမ်း persi(အရာတော်)ဟန်ယူရီမွန်သို့

သူ့အတွက်ထားရှိသောရင်ဘက်တစ်နေရာ၏
ထပ်ဆင့်အလွမ်း

ဘာမမဖြစ်ပါဘူးဆိုတဲ့
စကားနောက်မှာခံစားချက်
တွေရှိတယ်...တဲ့
ဟုတ်ပါတယ်
ခံစားချက်တပုံတပင်နဲ့ပါ

ရပါတယ်ဆိုတဲ့ အဖြေနောက်မှာ
ကြေကွဲမှုတွေရှိတယ် ဆိုပြန်ရော
ဟုတ်ပါတယ် ဝမ်းနည်းပူဆွေးမှုလဲ
ပါတာပေါ့

ပြုံးပြ နေတဲ့နှုတ်ခမ်းတစ်စုံရဲ့နောက်မှာ
မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတစ်စုံရှိတယ်ဆိုပဲ
ဟုတ်ပါတယ်
မျက် ရည်ဝဲယုံတင် မဟုတ်ပါဘူး
အဲ့ဒီမျက် ရည်လေးတွေတောင
်မြေပြင်သက်ဆင်းတတ်နေပြီ
ချစ်သူ

တကယ်တော့....
မျိုသိပ်မှုဆိုတာကို
ကိုယ်တိုင်နာကျင် ကောင်းနာကျင်လိမ့်မယ်
တစ်ဖက်လူလဲနာကျင်နေမယ်ဆိုတာရော
မသိခဲ့တာလား ချစ်သူရယ်.......

persi(အရာတော်)
ဟန်ယူရီမွန်သို့

သူ့အတွက်ထားရှိသော ရင်ဘက်တစ်နေရာ၏ ထပ်ဆင့်အလွမ်း persi(အရာတော်)ဟန်ယူရီမွန်သို့

သူ့အတွက်ထားရှိသောရင်ဘက်တစ်နေရာ၏
ထပ်ဆင့်အလွမ်း

ဘာမမဖြစ်ပါဘူးဆိုတဲ့
စကားနောက်မှာခံစားချက်
တွေရှိတယ်...တဲ့
ဟုတ်ပါတယ်
ခံစားချက်တပုံတပင်နဲ့ပါ

ရပါတယ်ဆိုတဲ့ အဖြေနောက်မှာ
ကြေကွဲမှုတွေရှိတယ် ဆိုပြန်ရော
ဟုတ်ပါတယ် ဝမ်းနည်းပူဆွေးမှုလဲ
ပါတာပေါ့

ပြုံးပြ နေတဲ့နှုတ်ခမ်းတစ်စုံရဲ့နောက်မှာ
မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတစ်စုံရှိတယ်ဆိုပဲ
ဟုတ်ပါတယ်
မျက် ရည်ဝဲယုံတင် မဟုတ်ပါဘူး
အဲ့ဒီမျက် ရည်လေးတွေတောင
်မြေပြင်သက်ဆင်းတတ်နေပြီ
ချစ်သူ

တကယ်တော့....
မျိုသိပ်မှုဆိုတာကို
ကိုယ်တိုင်နာကျင် ကောင်းနာကျင်လိမ့်မယ်
တစ်ဖက်လူလဲနာကျင်နေမယ်ဆိုတာရော
မသိခဲ့တာလား ချစ်သူရယ်.......

persi(အရာတော်)
ဟန်ယူရီမွန်သို့

sorry (ဆောင်းဦးနွေ-ထုံးဘို)

sorry

အမုန်းဖက်တဲ့
အပြုံးတွေနဲ့
ရင်ခွင်ထဲတိုးမဝင်နဲ့
အပြုံးပါတဲ့
ငါ့ရင်ခွင်က
အမုန်းပါရင်ဆောရီးတဲ့
sorryပဲကွယ်....

(ဆောင်းဦးနွေ-ထုံးဘို)

ထွက်သွားပေးပါ (ဆောင်းဦးနွေ-ထုံးဘို)

ထွက်သွားပေးပါ

တစ်ချိန်က...
ငါမခေါ်ပဲနင်လာခဲ့တာပါ
အခုလည်း...
ငါမနှင်ပဲနင်ပြန်ဖို့သင့်နေပါပြီ
နင်စဉ်းစားကြည့်နော်
နင်ဝင်လာခဲ့စဉ်ကတည်းက
ရင်ခွင်ဟာခြောက်သွေ့ခဲ့ရတယ်
ခုချိန်ထိဆိုပါတော့...။
နင်စဉ်းစားကြည့်နော်
နင်ဝင်လာခဲ့စဉ်ကတည်းက
ငါ့ပိုင်ဆိုင်မှုအားလုံးနင့်ကိုပေးခဲ့တာပါ
အချစ် အချိန် အလွမ်း အဆွေး
အကုန်လုံး အကုန်လုံးပါပဲ။
နင်စဉ်းစားကြည့်နော်
ဒါတောင် ငါ့ရင်ခွင်ကိုခြေစုံကန်ပြီး
ရင်ခွင်သစ်မှာပျော်ဖို့နင်ကြိုးစားခဲ့တယ်။
ဒါကြောင့် နင်ထွက်သွားပေးပါ
ငါနဲ့အဝေးဆုံးတစ်နေရာကို
နင်ထွက်သွားပေးပါ။

(ဆောင်းဦးနွေ-ထုံးဘို)

Thursday, October 2, 2014

အသဲကွဲရမှာလား (ဆောင်းဦးနွေ-ထုံးဘို)

အသဲကွဲရမှာလား

လမ်းခွဲကြမယ်တဲ့...
ရင်ထဲမှာရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်
သစ္စာမရှိတဲ့မိန်းမလို့ပြောရအောင်
ဘယ်မှာလဲ...
ငါတို့နှစ်ယောက်ရဲ့သစ္စာတွေ
နားလည်မှုတွေနဲ့
သံယောဇဉ်တွေဖြစ်ခဲ့ကြတာပါ
အချိန်တွေသာကုန်ခဲ့ရတယ်
မရင့်ကျက်ခဲ့ကြဘူးနော်
လွမ်းစရာကိုနာစရာနဲ့ဖြေရအောင်
နင်ဘာလုပ်လုပ် ငါကမှ
မနာကျည်းခဲ့တာ ငါဘာနဲ့ဖြေသိမ့်ရမှာလဲ
တကယ်ဆိုရင်...
နင့်ကိုလွမ်းတဲ့အခါ
ဘယ်လိုဖြေရမလဲဆိုတာတော့
နင်သင်ပေးခဲ့ဖို့ကောင်းပါတယ်
အခုတော့ လမ်းခွဲကြမယ်တဲ့။

(ဆောင်းဦးနွေ-ထုံးဘို)

ချစ်တတ်သူများသို့..... ထာဝရကောင်းကင် (လမင်း)

ချစ်တတ်သူများသို့
့်နှင်းဆီပန်းကိုဆူးများသဖြင်
မခူးဝံ့သောသူသည်
ထိုနှင်းဆီပန်း၏သင်းပျံ့သောရနံ့ကို
ဘယ်သောခါမှ
ရှူရှိုက်ခွင့်ရမည်မဟုတ်ပေ....
အချစ်ကိုတန်ဖိုးမထားသော
သူသည်တန်ဖိုးရှိသော
အချစ်ကို ဘယ်သောခါမှ
မရနိုင်ပေ....

ထာဝရကောင်းကင်
(လမင်း)
ခေတ္တ(သိမ်ကုန်း)ပြည်

Wednesday, October 1, 2014

ချစ်သူ (ဆောင်းဦးနွေ-ထုံးဘို)

ချစ်သူ

ပြီးဆုံးခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်
ငါအဖြေရှာဖော်ထုတ်နေတာ
မဟုတ်ဘူးချစ်သူ
အောင့်သက်သက်အနမ်းများ
အောင့်သက်သက်အလွမ်းများ
အောင့်သက်သက်အထိအတွေ့များ
ဒါတွေဒါတွေအတွက်
ငါ့နှလုံးသားက လျစ်လျူရှုနေလို့မရဘူးချစ်သူ
မင်းက နေတတ်လို့
ကျေနပ်နေပေမဲ့
ကျန်ခဲ့တဲ့ငါ့မှာတော့
မင်း...ချန်ခဲ့တဲ့ဝေဒနာတွေကြောင့်
ရင်ခွင်မှာဗလပွဖြစ်နေတာ
မင်းမှမသိတာ...။

(ဆောင်းဦးနွေ-ထုံးဘို)

ဓမ္မစာစု အရှင်ဥတ္တရ-ပြည်

တဏှာယ ဇာယတေ သောကောl
တဏှာယ ဇာယတေ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿl
နတ္ထိ သောကော ကုတော ဘယံ။
(ဓမ္မပဒ)

စိုးရိမ်သောက ဘေးဘယတို့
ချစ်ခြင်းတဏှာ ရင်းခံ၍သာ
မှန်စွာမသွေ ဖြစ်ပေါ်ပေ၏။

ချစ်ခြင်းတဏှာ ကင်းပါမူကား
စိုးရိမ်သောက ဘေးဘယတို့
ဖြစ်ခြင်းမည်သည် မရှိပြီတည့်။

အရှင်ဥတ္တရ-ပြည်

လေလွင့်သူရဲ့အလွမ်းဆန္ဒ persi(အရာတော်)

လေလွင့်သူရဲ့အလွမ်းဆန္ဒ

နင် အားငယ်နေတဲ့အချိန်
အနားမှာနှစ်သိမ့်ပေးချင်သူက.....ငါ
ဒါပေမဲ့......
နင်ပျော်ရွှင်ကြည်နူးနေချိန်
အဲ့ဒီပျော်ရွှင်မှု့တွေနဲ့
အတူရှိချင်မိတာ...ငါ
ဒါပေမဲ့.......
တစ်နေရာဆီဝေးနေတဲ့အချိန်
ပြန်လည်ဆုံတွေ့ချင်နေမိသူက.....ငါ
ဒါပေမဲ့.......
ဘာပဲဖြစ်ဖြစ်နင်မငိုပါနဲ့.....
နင် အမြဲတမ်းပျော်နေတာကိုပဲ
မြင် ချင်တဲ့သူ ပါဟာ.....

persi(အရာတော်)
ဟန်ယူရီမွန်သို့

ချစ်သူထံသို့. (လျှို့ဝှက်လွမ်း)

ချစ်သူထံသို့. (လျှို့ဝှက်လွမ်း)

လမဲ့တဲ့ ညအမှောင်
သီချင်းမဲ့တဲ့ ဂစ်တာ
ကာရန်မဲ့တဲ့ ကဗျာ
နင်မရှိတဲ့ ငါ
အားလုံးဟာ
သူတို့ရဲ့ပိုင်ရှင်တွေကို
မျှော်လင့်တောင့်တနေကြတယ်
နင်ထားခဲ့တဲ့ ငါဟာ
တစ်ခါတစ်ခါမှာ
လရောင်မဲ့တဲ့ ညအမှောင်လို
တစ်ခါတစ်ရံမှာ
သီချင်းမဲ့တဲ့ ဂစ်တာလို
တစ်ခါတစ်လေမှာတော့ဟာ
ကာရံမဲ့တဲ့ ကဗျာတစ်ပုဒ်လို
နင့်ကိုမျှော်လင့်နေမိတယ်
အရာအားလုံးပြည့်စုံသွားအောင်
ပြန်လာခဲ့ပါ
ဘဝရဲ့အိမ်လေးရယ်

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

စိမ်းရက်တယ် (လျှို့ဝှက်လွမ်း)

စိမ်းရက်တယ် (လျှို့ဝှက်လွမ်း)

မျှော်နေသူက ခေါ်ပါသော်လည်း
ပေါ်မလာသူက စိမ်းရက်တယ်
တမ်းတသူက မှန်းဆသော်လည်း
လွမ်းရသူက စိမ်းရက်တယ်
ချစ်ရသူက ပြစ်မရသော်လည်း
သိပ်လှသူက စိမ်းရက်တယ်
ရင်မှာမေတ္တာ သစ္စာထပ်တိုး
ချစ်ခွင့်ပျိုးလည်း
ပန်းပွင့်မျိုးက စိမ်းရက်တယ်

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)